ဥရောပနိုင်ငံတွေမှာ iPhone တွေအတွက် Sideloading ကို အသုံးပြုဖို့အတွက် Apple မှ အဆင်သင့်ဖြစ်ပြီဟုဆို

Android Phones တွေမှာ Apps တွေကို အသုံးပြုဖို့အတွက် Playstore ကအပြင် အခြားပြင်ပမှ app တွေကို အလွယ်တကူ install လုပ်နိုင်ပါတယ်။ iPhone ကတော့ စတင်ထွက်ရှိတည်းက App တွေကို official Appstore ကသာ download လုပ်ယူနိုင်ပြီး အသုံးပြုရတာကြောင့် ပြင်ပမှ App တွေကို အလွယ်တကူ install လုပ်လို့မရခဲ့ပါဘူး။ ဒီနှစ်ထဲမှာတော့ ဥရောပနိုင်ငံတွေကစပြီး ဒီ feature ကို အလွယ်တကူ အသုံးပြုလို့ရတော့မယ်လို့ ဆိုပါတယ်။ ဒီ feature ကိုတော့ sideloading လို့ ခေါ်ပါတယ်။

ယခု Bloomberg သတင်းအရ sideloading ကို version နှစ်မျိုးနဲ့ လာမှာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေအတွက် EU version နှင့် အခြားနိုင်ငံတွေအတွက် version ဆိုပြီး နှစ်မျိုးလာမှာ ဖြစ်ပါတယ်။ Third Party apps တွေအတွက် Apple က app အတွင်း ဝယ်ယူနိုင်တဲ့ feature တွေကိုလည်း ခွင့်ပြုမယ်လို့ဆိုပါတယ်။ Apple ရဲ့ softare ဆိုင်ရာ တွဲဖက်အတွင်းရေးမှုး Craig Federighi က March 7 ရက်မတိုင်ခင် sideloading ကို EU အဖွဲ့နှင့် ညှိနှိုင်းပြီး အဖြေပေးရမှာဖြစ်တာကြောင့် sideloading app ကို ခွင့်ပြုဖို့ကြိုးစားနေတာဖြစ်ပါတယ်။ သိပ်မကြာတော့တဲ့ အချိန်ကာလမှာတော့ developers တွေနှင့် အသုံးပြုသူတွေအတွက် များစွာအထောက်အကူဖြစ်မယ်လို့လည်း အားလုံးက မျှော်လင့်နေကြပါတယ်။ Sideloading ကို ပထမဦးဆုံးခွင့်ပြုခဲ့တဲ့ ​Apple အနေနှင့်ရော Developers တွေအတွက်ရော အခုအဖြစ်အပျက်ကတော့ ကြီးမားတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေမှာ iPhone တွေအတွက် Sideloading ကို အသုံးပြုဖို့အတွက် Apple မှ အဆင်သင့်ဖြစ်ပြီဟုဆို 1

ဂျပန်နိုင်ငံကလည်း EU ကဲ့သို့ sideloading app ကို ခွင့်ပြုဖို့ Apple ကိုတောင်းဆိုနေပါတယ်။ အခြားနိုင်ငံကြီးတွေကလည်း sideloading ကို တောင်းဆိုနေကြပါတယ်။ လက်ရှိမှာတော့ EU နိုင်ငံတွေအတွက်ပဲ sideloading feature ကို မြင်ရမှာဖြစ်ပြီး အခြားနိုင်ငံတွေမှာတော့ iPhone အတွက် sideloading ကို မြင်ရဖို့ကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Exit mobile version