အလုပ်အင်တာဗျူးတွေမှာ လုပ်သက်အတွေ့အကြုံကို လိမ်ညာထားမှုရှိမရှိ သိအောင်မေးနိုင်တဲ့​ Elon Musk

လူတော်တော်များများက အလုပ်လျှောက်တဲ့အခါမှာ CV မှာ ထည့်ရေးထားတဲ့အကြောင်းအရာနှင့် အပြင်က အတွေ့အကြုံတွေကွာနေတာမျိုးကို တွေ့ရတက်ပါတယ်။ အချို့အလုပ်ရှင်တွေက အလုပ်ခန့်အပ်ပြီးမှ ကွာဟနေတာမျိုးကို တွေ့ရပါတယ်။ ကမ္ဘာပေါ်က အချမ်းသာဆုံးစာရင်းထဲမှာပါဝင်တဲ့ Elon Musk ကတော့ အလုပ်နှင့်ပတ်သက်ရင် လောဘကြီးတဲ့လူဖြစ်ပြီး အလုပ်အင်တာဗျူးမှာ မေးခွန်းမေးတာနှင့် တစ်ပြိုင်နက် ထိုသူရဲ့ လုပ်သက်အတွေ့အကြုံကို တန်းသိတာမျိုးပါ။

အလုပ်အင်တာဗျူးတွေမှာ လုပ်သက်အတွေ့အကြုံကို လိမ်ညာထားမှုရှိမရှိ သိအောင်မေးနိုင်တဲ့​ Elon Musk 1

Elon Musk ရဲ့ company ကြီးတွေဖြစ်တဲ့ Tesla, SpaceX နှင့် X လိုမျိုး company ကြီးတွေမှာ အလုပ်လျှောက်တဲ့အခါ တစ်ကယ်အရည်အချင်းရှိမှ ရနိုင်ပါတယ်။ Elon Musk က အလုပ်လာလျှောက်တဲ့လူရဲ့ ကျောင်း၊ လုပ်ငန်းအတွေ့အကြုံထက် သူ့ရဲ့ တစ်ကယ်ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံကို အလေးပေးစဉ်းစားတက်တဲ့ လူမျိုးဖြစ်ပါတယ်။ Elon Musk ပြောကြားချက်အရ သူက မေးခွန်းတစ်ခုပဲ မေးတက်ပါတယ်။ ထိုမေးခွန်းကတော့ “ဘယ်လောက်ကြီးကြီးမားမား ပြသနာကို ရင်ဆိုင်ခဲ့ရလဲ၊ ပြီးတော့ ဘယ်လိုဖြေရှင်းလိုက်လဲ” ဆိုတာပဲဖြစ်ပါတယ်။

ဒီမေးခွန်းက လူတစ်ယောက်တစ်ကယ် အလုပ်လုပ်မလုပ်ခဲ့တယ်ဆိုတာကို ပြောပြနိုင်ပါတယ်။ အလုပ်တစ်ကယ်လုပ်ခဲ့တဲ့လူတစ်ယောက်က ပြသနာတစ်ခုကြီးကြီးမားမားဆိုတာတော့ အမြဲရှိစမြဲပါပဲ။ ဒီပြသနာကို သူဖြေရှင်းခဲ့တဲ့ နည်းလမ်းကို နားထောင်လိုက်ခြင်းအားဖြင့် သူ့ရဲ့ အရည်အချင်း၊ လုပ်သက်အတွေ့အကြုံကို ခန့်မှန်းပြောပြနိုင်ပါတယ်။ ဒီမေးခွန်းအတွက် အဖြေကို စဉ်းစားနေတာမျိုး (သို့မဟုတ်) မမှတ်မိတာမျိုးဆိုရင်တော့ ဒီလူက လိမ်ညာနေတယ်ဆိုတာ ပေါ်လွင်နေပါပြီ။

Exit mobile version