အလုပ်ခွင်က လူတိုင်း လက်စွဲကိုင်ထားရမည့် A.I Tools များ

သင်က လုပ်ငန်းခွင်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေရင် A.I Tools တွေနဲ့ စိမ်းကားနေလို့မရပါဘူး။ အနည်းဆုံး အလုပ်လျှောက်တဲ့အခါ chat GPT တောင် သင်အသုံးမပြုဘူးဆိုရင်တော့ သင်ကခေတ်အရမ်းနောက်ကျတဲ့ လူသားတစ်ယောက်ဖြစ်သွားပါပြီ။ အခုဖော်ပြမယ့် Open AI tools တွေကို သင့်လုပ်ငန်းခွင်မှာ အသုံးပြုပြီး နောက်တစ်ဆင့် တက်လှမ်းလိုက်ပါ။

အလုပ်ခွင်က လူတိုင်း လက်စွဲကိုင်ထားရမည့် A.I Tools များ 1

၁။ Adzuna

အလုပ် interview သွားမဖြေခင် သင့်ကိုမေးနိုင်တဲ့မေးခွန်းတွေကို AI ရဲ့အကူအညီနဲ့ သင်ပြင်ဆင်လေ့လာနိုင်ပါတယ်။ AI က အလုပ်ခွင်တွေမှာ အမေးများလေ့ရှိတဲ့ မေးခွန််းတွေကို စုစည်းပြီး သင့်ကိုမေးခွန်းတွေမေးမှာ ဖြစ်ပါတယ်။ သင် အလုပ်လျှောက်မယ့် နယ်ပယ်ရဲ့ အကြောင်းအရာတွေကို အင်တာဗျူးမှာ တစ်ကယ်မေးမြန်းသလိုမျိုး မေးမှာဖြစ်တာကြောင့် သင်အများကြီး ပြင်ဆင်နိုင်ပါတယ်။

အလုပ်ခွင်က လူတိုင်း လက်စွဲကိုင်ထားရမည့် A.I Tools များ 2

၂။ Cover Letter Copilot

ဒီ tool က တော်တော်လေးအဆင်ပြေပြီး အသုံးပြုဖို့အတွက် resume တစ်စောင်ပဲလိုအပ်ပါတယ်။ သင့် resume ကို upload တင်လိုက်ရုံနဲ့ AI က သင့်လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး cover letter တစ်စောင်ရေးပေးပါလိမ့်မယ်။ အရမ်းကိုလွယ်ကူပြီး အရေးအသားလည်း ချောမွေ့တာကြောင့် cover letter ရေးမယ့်လူတွေအတွက် မရှိမဖြစ် လက်စွဲသုံးရမယ့် tool တစ်ခုလည်း ဖြစ်ပါတယ်။

အလုပ်ခွင်က လူတိုင်း လက်စွဲကိုင်ထားရမည့် A.I Tools များ 3

၃။ Google ရဲ့ bard

အရာအားလုံးရဲ့အချက်အလက်တွေကို အကုန်နီးပါးသိနိုင်တဲ့ Google က ထုတ်တဲ့ AI tool ဖြစ်ပါတယ်။ နာမည်ကတော့ bard လို့အမည်ရပြီး chat gpt နဲ့ အသုံးပြုပုံ တော်တော်လေးတူပါတယ်။ အဓိကအားဖြင့် လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့ သင့်လုပ်ငန်းနဲ့ ဆက်စပ်မှုရှိနရင် သုံးဖို့အင်မတန် အသုံးဝင်တဲ့ AI tool ဖြစ်ပါတယ်။ ဥပမာ သင်က အလုပ်လျှောက်မယ့် company အကြောင်းကို ရှာချင်ရင် bard ကိုမေးမြန်းနိုင်ပါတယ်။ google မှာစာဖတ်ပြီး ရှာရတာထက် သင့်ကိုလူတစ်ယောက် ပြောပြသလိုမျိုး အနီးစပ်ဆုံးအဖြေပေးတာကြောင့် မှန်ကန်ပြီး မြန်ဆန်တယ်လို့ ယူဆနိုင်ပါတယ်။

အလုပ်ခွင်က လူတိုင်း လက်စွဲကိုင်ထားရမည့် A.I Tools များ 4

၄။ Rezi

အလုပ်ထွက်ဖို့ စာစီရေးသားမှာ တွေဝေနေရင် ဒီ Tool လေးကသင့်ကို မိနစ်ပိုင်းအတွင်း ကူညီပါလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်ဖို့ စာရေးရမှာ အခက်တွေ့နေရင် သင့်ကို အရမ်းလှတဲ့အဖြေပေါင်းထောင်နဲ့ချီ ရေးသားပေးနိုင်ပါတယ်။ စကားလုံးလေးတွေလည်း လှတာကြောင့် သင်မျက်နှာပျက်ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် resume အသစ်ရေးသားတာမျိုးနဲ့ အခြား template တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

အလုပ်ခွင်က လူတိုင်း လက်စွဲကိုင်ထားရမည့် A.I Tools များ 5

၅။ မရှိမဖြစ် chat GPT

Chat GPT ကို လူတိုင်းနီးပါးအသုံးပြုတာကြောင့် အဖြေအချို့တွေက တူနေနိုင်ပါတယ်။ ဥပမာ သင် Job Description ကို chat GPT နဲ့အသုံးပြုပြီးရေးသားထားရင် အခြားလူတစ်ယောက်ကလည်း Chat GPT ကိုအသုံးပြုထားရင်တော့ သင့်အဖြေနဲ့ လုံး၀ကို တူနေနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ လူတစ်ယောက် တစ်ကယ်ရေးသားထားသလိုမျိုး နောက်ထပ် tool တစ်ခုနဲ့ တွဲသုံးရင်တော့ သင်က နှာတစ်ဖျားသာသွားနိုင်ပါတယ်။ နာမည်ကတော့ undetectable ai ဖြစ်ပါတယ်။

Exit mobile version