အလစ်သုတ်ခြင်း၊ ကိုယ်တိုင်ငွေရှင်းစနစ်နှင့် AI ရဲ့ ကန့်သတ်ချက်

အမေရိကန်နိုင်ငံမှာတော့ စတိုးဆိုင်တွေမှာ အလစ်သုတ်တဲ့နှုန်းက ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာပါတယ်။ နည်းပညာတွေတိုးတက်ပေမယ့် မသမာတဲ့လူတွေနှင့် ဒုစရိုက်သမားတွေကြောင့် စတိုးဆိုင်တွေမှာ ပစ္စည်းတန်ဖိုးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ စစ်တမ်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဘီလီယံနှင့်ချီ ဆုံးရှုံးမှုတွေ ရှိပါတယ်။ လေ့လာသုံးသပ်သူတွေအရ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့​ စီးပွားရေးကျဆင်းလာမှု၊ အလုပ်အကိုင်ရှားပါးလာမှုလို့ သုံးသပ်ကြပါတယ်။

အလစ်သုတ်ခြင်း၊ ကိုယ်တိုင်ငွေရှင်းစနစ်နှင့် AI ရဲ့ ကန့်သတ်ချက် 1

Amazon Store က စပြီး checkout system ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ စျေးဝယ်ယူသူတွေက ပစ္စည်းကို ငွေပေးချေတဲ့အခါ ငွေလက်ခံတဲ့သူမရှိပဲ ကိုယ်တိုင်ကိုယ်ကျ ပစ္စည်းတွေကို scan ဖတ်ပြီး ငွေပေးချေရတာဖြစ်ပါတယ်။ ထိုစနစ်ကိုတော့ self-checkout လို့ခေါ်ကြပါတယ်။ ထိုစနစ်က Covid ကာလမှာတော့ လူအများအတွက် တော်တော်လေး ထိရောက်ပြီး အဆင်ပြေခဲ့ပါတယ်။ သို့ပေမယ့် ယနေ့အချိန်မှာတော့ Self-checkout system က အလစ်သုတ်မှုကို လျော့နည်းသွားစေမယ်လို့ လူအများ ထင်ထားကြပေမယ့် တစ်ကယ့်စစ်တမ်းမှာတော့ အလစ်သုတ်မှုနှုန်းထားက မြင့်တက်လာပါတယ်။ အထူးသဖြင့် ၂၀၁၉ နှင့် ၂၀၂၃ ခုနှစ်ကြားမှာ အမေရိကန်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ New York, Los Angeles, Dellas နှင့် အခြားမြို့ကြီးတွေမှာ အလစ်သုတ်မှုနှုန်း မြင့်တက်လာခဲ့ပါတယ်။ AI cameras တွေက sensors တွေကို အသေချိတ်ထားပြီး အလစ်သုတ်မှုအများစုကို သိနိုင်ပေမယ့် တစ်ကယ့် အလစ်သုတ်မှုတွေကို ဖမ်းဆီးနိုင်စွမ်းမရှိသေးပါဘူး။ လူ ဝန်ထမ်းတွေနှင့် AI ပေါင်းပြီး လုပ်ငန်းခွင်မှာ အသုံးပြုဖို့ အများကြီးလိုပါသေးတယ်။ Self-checkout system က ဝန်ထမ်းစရိတ်သက်သာပေမယ့် ဆုံးရှုံးမှုတန်ဖိုးကတော့ ပိုကြီးမားပါတယ်။ သို့ပေမယ့် စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံမျိုးမှာတော့ ဒီလိုစနစ်က ထိရောက်မှုရှိနိုင်ပါတယ်။

အလစ်သုတ်ခြင်း၊ ကိုယ်တိုင်ငွေရှင်းစနစ်နှင့် AI ရဲ့ ကန့်သတ်ချက် 2

Dollar General store ကတော့ AI self-checkout နေရာမှာ လူတွေကို ပြန်အစားထိုးလိုက်ပါတယ်။ အကြောင်းရင်းကတော့ အလစ်သုတ်မှုတွေ မြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။ ဝယ်မယ့် ပစ္စည်းအခုရေ ဆယ်ခု ကိုတော့ self-checkout system ပြန်လည်အသုံးပြုလို့ ရနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Retailers တွေအနေနှင့် အခြား industry တွေမှာ AI တွေကို အပြိုင်အဆိုင်အသုံးပြုနေကြပေမယ့် လူတွေနှင့် ထိတွေ့ဆက်ဆံတဲ့နေရာမှာ လူသားတွေကိုသာ အသုံးပြုသင့်တယ်ဆိုတဲ့ သင်ခန်းစာတော့ ရရှိသွားခဲ့ပါတယ်။

Exit mobile version