အရေးပေါ်သွေးသွင်းဖို့ လိုအပ်လာသည့်အခါ

သင်က သင့်ရဲ့သွေးအမျိုးအစားကိုသိပြီး လှူနိုင်တဲ့သွေးအမျိုးအစားတွေကိုသိရင် အသက်တွေအများကြီး ကယ်နိုင်ပါတယ်။ အရေးပေါ်သွေးလိုတဲ့အခါမှာ ကိုယ်တိုင်ဖြစ်စေ၊ အခြားလူတစ်ယောက်ကို ကူညီတဲ့အခါမှာဖြစ်စေ၊ တည့်တဲ့သွေးအမျိုးအစားတွေကို သိရုံနဲ့အချိန်မီ အသက်တွေကို ကယ်တင်နိုင်ပါတယ်။

များသောအားဖြင့်လူတွေမှာရှိကြတဲ့ သွေးအမျိုးအစားလေးမျိုးရှိပါတယ်။ A, B, AB နှင့် O သွေးဆိုပြီးဖြစ်ကြပါတယ်။ လူတစ်ယောက်ရဲ့သွေးအမျိုးအစားက မိဘ၊ ဖိုးဖွားတွေမှာရှိတဲ့ သွေးအမျိုးအစားတွေနဲ့ တူကြပါတယ်။ ဖော်ပြထားတဲ့ပုံလေးကိုကြည့်ပြီး ဘယ်သွေးအမျိုးအစားက ဘယ်သွေးကိုပေးနိုင်လဲဆိုတာ ကြည့်နိုင်ပါတယ်။

သွေးအမျိုးအစား မြေပုံ

သင့်မှာ AB+ သွေးအမျိုးအစားရှိရင်တော့ သင်က ကံကောင်းတဲ့လူပါ။ ဘယ်သွေးမျိုးကိုမဆို သင်လက်ခံနိုင်ပြီး အားလုံးနဲ့တည့်ပါတယ်။ သင့်မှာ O- သွေးရှိရင်တော့ O- သွေးကိုပဲ သင်လက်ခံနိုင်မှာဖြစ်ပြီး အခြားသွေးသွင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် O- သွေးလိုအပ်မှုက အမြဲမြင့်နေပြီး အရေးပေါ်အချိန်မှာလည်း ရှာရ ခက်ခဲပါတယ်။ ဖြစ်နိုင်ရင်တော့ O-သွေးပိုင်ရှင်တွေအနေနဲ့ အရေးပေါ်လိုအပ်ရင် သုံးဖို့အတွက် သွေးဘဏ်တွေမှာ O- သွေးကို ထားစေချင်ပါတယ်။

သွေးသွင်းသည့်အခါ သိထားရမည့်အရာများ

အရေးပေါ်အခြေအနေကြောင့် သွေးသွင်းသည့်အခါ ဖော်ပြပါအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။ သွေးမှာ အဓိက သွေးဖြူဥနှင့် သွေးနီးဥဆိုပြီး နှစ်မျိုးရှိပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်ကိုသယ်ဆောင်ပေးပြီး မလိုအပ်တဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ သွေးဖြူဥကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ Plasma ဆိုတာကတော့ သွေးအရည်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သွေးသွင်းတဲ့အခါမှာ အဓိက သွေးနီဥတွေက ဝင်ရောက်နေရာယူသွားကြပါတယ်။ ယနေ့ခေတ်မှာတော့ သွေးအတုတွေကို သိပ္ပံပညာရှင်တွေက ဖန်တီးပြီးသွေးအစားထိုးလုပ်ဖို့ ကြိုးစားနေပေမယ့် အောင်မြင်မှုတော့မရှိသေးပါဘူး။

နောက်တစ်ခုအရေးကြီးဆုံးအချက်က သွေးမသွင်းမီ သွေးအမျိုးအစား တည့်မတည့်နှင့် ရောဂါပိုးရှိမရှိကို စမ်းသပ်ဖို့အရေးကြီးဆုံးပါပဲ။ ဆရာဝန်နှင့် သူနာပြုအားလုံးက ဒီအချက်တွေကို စမ်းသပ်ပြီးမှ လူနာကို သွေးသွင်းတာကြောင့် စိုးရိမ်စရာတော့မရှိနိုင်ပါဘူး။ သို့ပေမယ့် သင့်သွေးအမျိုးအစားနဲ့ လိုက်ဖက်တဲ့ သွေးတွေကို သိထားရင်တော့ သင်ကိုယ်တိုင်လည်း ယုံကြည်မှုရှိနိုင်ပါတယ်။

Exit mobile version