အမေရိကန်နိုင်ငံတစ်လွှား အကောင်းဆုံးနှင့် အမြန်ဆုံး အင်တာနက် Providers များ

အင်တာနက်ခေတ်မှာ အမြန်ဆုံး speed နှင့် အကောင်းဆုံး အင်တာနက်ရရှိဖို့က အရေးကြီးပါတယ်။ Cryptocurrency, Stock အရောင်းအဝယ်သမားများ၊ Streamers များအတွက် တစ်စက္ကန့်အစ အရေးကြီးပါတယ်။ အင်တာနက် အမြန်နှုန်းညိမ်နေပြီး လိုင်းကောင်းနေဖို့ အင်မတန်အရေးကြီးလှပါတယ်။ သာမန်အင်တာနက်အသုံးပြုသူတွေအနေနှင့် အခုပြောပြမယ့် အင်တာနက် speed နှင့် service တွေကို လိုအပ်ချင်မှ လိုအပ်ပါမယ်။ ပထမဆုံးနှင့် အကောင်းဆုံး အင်တာနက် provider ကတော့

၁။ Google Fiber

အမေရိကန်နိုင်ငံတစ်လွှား အကောင်းဆုံးနှင့် အမြန်ဆုံး အင်တာနက် Providers များ 1

Google က အင်တာနက် provider အနေနှင့်လည်း လုပ်ဆောင်ပါတယ်။ Speed အနေနှင့် 1000 Mbps – 8000 Mbps အထိ အသုံးပြုနိုင်ပါတယ်။​ လစဉ်ကြေးအနေနှင့်တစ်လကို $70 – $150 အထိစျေးနှုန်းတွေရှိပါတယ်။ သို့ပေမယ့် အမေရိကန်နိုင်ငံက ပြည်နယ် ၁၈ခုသာ အသုံးပြုနိုင်ပါသေးတယ်။

၂။ AT & T

အမေရိကန်နိုင်ငံတစ်လွှား အကောင်းဆုံးနှင့် အမြန်ဆုံး အင်တာနက် Providers များ 2

ဒီနာမည်ကတော့ လူတိုင်းမစိမ်းတဲ့နာမည်တစ်ခုဖြစ်ပြီး iPhone, Samsaung တို့လို flagship phones တွေနှင့် တွဲပြီး ကြောငြာတက်ပါတယ်။ သူ့မှာ Sim card တွေကို ရောင်းချတဲ့အပြင် fiber internet ကိုလည်း ဝယ်ယူနိုင်ပါတယ်။ Rating တွေအရ 5 out of 5 ရရှိထားတဲ့ company လည်းဖြစ်ပါတယ်။ Speed အနေနှင့် 10Mbps – 5000 Mbps အထိ အသုံးပြုနိုင်ပါတယ်။ ပြည်နယ် ၂၂ခုမှာ အသုံးပြုနိုင်ပြီး package မျိုးစုံ၊ service မျိုးစုံကို ရွေးချယ်နိုင်ပါတယ်။ မြို့မကျတဲ့နေရာတွေမှာလည်း 5G service တွေကို အသုံးပြုနိုင်ပါတယ်။ တစ်လစာ စျေးနှုန်းတွေကတော့ $55 – $250 အထိရှိပါတယ်။

၃။ Optimum

အမေရိကန်နိုင်ငံတစ်လွှား အကောင်းဆုံးနှင့် အမြန်ဆုံး အင်တာနက် Providers များ 3

Rating အနေနှင့် 4.8 out of 5 ရှိပါတယ်။ Speed အနေနှင့် 300 Mbps -8000 Mbps အထိရှိပြီး ပြည်နယ်ပေါင်း ၂၁ ခုမှာ အသုံးပြုနိုင်ပါတယ်။ တစ်လစာနှုန်းထားကတော့ $70 – $350 အထိရှိပါတယ်။

၄။ Frontier

အမေရိကန်နိုင်ငံတစ်လွှား အကောင်းဆုံးနှင့် အမြန်ဆုံး အင်တာနက် Providers များ 4

ဒီ Provider ကတော့ လူတိုင်းတက်နိုင်တဲ့ နှုန်းထားဖြစ်ပြီး speed လည်း ကောင်းမွန်တာကြောင့် လူကြိုက်များပါတယ်။ Rating အနေနှင့် 4.2 out of 5 ရှိပါတယ်။ ပြည်နယ်ပေါင်း ၂၉ ခုမှာ အသုံးပြုနိုင်ပြီး တစ်လမှ $40 – $155 အတွင်းသာ ကျရှိပါတယ်။ Speed အားဖြင့် 2000 Mbps အထိ အသုံးပြုနိုင်တာကြောင့်လည်း အဆင်ပြေပါတယ်။

၅။ EarthLink

အမေရိကန်နိုင်ငံတစ်လွှား အကောင်းဆုံးနှင့် အမြန်ဆုံး အင်တာနက် Providers များ 5

Earthlink က satellite internet အမျိုးအစားဖြစ်ပါတယ်။ သာမန်အားဖြင့် satellite internet တွေက cable internet တွေထက် လိုင်းမကောင်းတာမျိုးရှိပေမယ့် Earthlink ကတော့ speed ကို 5Gb speed ထိပေးထားပါတယ်။ စျေးနှုန်းကိုလည်း ၁၂လပြည့်မှ charges ကို ဖြတ်တာဖြစ်ပြီး တစ်လမှ $50 – $90 အထိသာ ကျပါတယ်။ သင်က vlogger တစ်ယောက် (သို့) ခရီးသွားနေရတဲ့လူမျိုးဆိုရင်တော့ ဒီ satellite အင်တာနက်က သင့်အတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ ပြည်နယ်ပေါင်း ၄၈ခုမှာ အသုံးပြုနိုင်ပါတယ်။ Elon Musk ရဲ့ Starlink internet ကတော့ တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်ပါတယ်။ စျေးနှုန်းလည်း အနည်းငယ် ပိုနိုင်ပါတယ်။

Exit mobile version