အမေရိကနိုင်ငံက မှတ်တမ်းများအရ အန္တရာယ်အရှိဆုံး မြို့များ

အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ တိုးတက်သ၍ လူနေမှုအဆင့်အတန်းမြင့်တဲ့နိုင်ငံတစ်နိုင်ငံ အဖြစ်လည်း ထင်ရှားပါတယ်။ ထို့အပြင် ရာဇဝတ်မှုများတဲ့နေရာမှာလည်း နာမည်ကြီးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စာဖတ်သူတွေထဲက အမေရိကန်နိုင်ငံကို သွားဖို့ရှိခဲ့ရင် အခုပြောပြမယ့် မြို့တွေကိုမသွားခင် စဉ်းစားသင့်ပါတယ်။ နေထိုင်မှု အိမ်ငှားစရိတ်တွေကလည်း အခြားမြို့တွေထက်စာရင် သက်သာပေမယ့် ရာဇဝတ်မှုတွေများတာကြောင့် သေချာစဉ်းစားသင့်ပါတယ်။

New York မြို့က လူနေထူထပ်ပေမယ့်​ ရာဇဝတ်မှုများတဲ့မြို့ထဲက စာရင်းထဲမှာ ထိပ်ဆုံးမပါဝင်ပါဘူး။ နံပါတ် ၁ နာမည်ကြီး ရာဇဝတ်မှုများတဲ့မြို့ကတော့ Bessemer မြို့ဖြစ်ပြီး Alabama ပြည်နယ်ထဲမှာ တည်ရှိပါတယ်။ စစ်တမ်းများအရ လူအယောက်တစ်ထောင် နေထိုင်တဲ့အထဲမှာ အယောက်သုံးဆယ်ကျော်က ရာဇဝတ်မှုကျူးလွန်ကြပြီး မူးယစ်ဆေးဝါး၊ မုဒိန်းမှုနှင့် လူသတ်မှုတွေကျူးလွန်ကြပါတယ်။ Bessemer မြို့မှာဆိုရင် ဆူးချွန်လက်နက်တွေနှင့် တိုက်ခိုက်တာမျိုးတွေ၊ မော်တော်ယာဉ်ခိုးယူမှုတွေအများဆုံးဖြစ်တတ်ပါတယ်။ အရင်တုန်းက Monroe, Louisiana ပြည်နယ်က ရာဇဝတ်မှုအများဆုံးဖြစ်ပေမယ့် အခုချိန်မှာတော့ Bessemer မြို့က နံပါတ်တစ်နေရာကို ယူသွားပါပြီ။

Alabama ပြည်နယ်မှာရှိတဲ့ Bessemer မြို့မှ မှုခင်းတစ်ခုကို တွေ့ရစဉ်

ဒုတိယ ရာဇဝတ်မှုအများဆုံးမြို့တွေကတော့ အမေရိကန်တောင်ပိုင်းမှာရှိတဲ့ မြို့တွေဖြစ်ပါတယ်။ FBI မှတ်တမ်းများအရ အမေရိကန်နိုင်ငံမှာ လူသတ်မှုအများဆုံးဖြစ်တဲ့ မြို့တွေအဖြစ်လည်း ထင်ရှားပါတယ်။ တတိယ ရာဇဝတ်မှုအများဆုံးဖြစ်တဲ့မြို့တွေကတော့ Memphis, Tennessee နှင့် Saginaw မြို့တို့ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ လူအယောက်တစ်ထောင်မှာ ၂၅ယောက်က ရာဇဝတ်သားတွေဖြစ်ကြပါတယ်။ ထိုအထဲမှာ Detroit မြို့လည်းပါဝင်ပြီး အယောက်တစ်ထောင်မှာ ၂၃ယောက်က ရာဇဝတ်မှုကျူးလွန်ကျတဲ့လူတွေ ဖြစ်ပါတယ်။

ပစ်ခတ်မှုတစ်ခုတွင် ဆယ်ကျော်သက်လူငယ်တစ်ယောက် သေဆုံးသွားသည်ကို ရဲများနှင့်အတူ တွေ့ရစဉ်

Alabama မှာရှိတဲ့ Birmingham မြို့ကတော့ နံပါတ်အနေနှင့်ဆို ရာဇဝတ်မှုအများဆုံးမြို့ထဲမှာ ခြောက်ခုမြောက်စာရင်းမှာ ပါဝင်ပါတယ်။ အခြားမြို့တွေဖြစ်တဲ့ Pine Bluff, Little Rock, Alexandria နှင့် Ohio တို့ကလည်း စာရင်းတွေထဲမှာ နံပါတ်စဉ်အလိုက် ပါဝင်နေတာတွေ့ရပါတယ်။

အခုပြောပြတဲ့အမြို့တွေက Standard အရ ရာဇဝတ်မှုတွေ့ ၂၀၂၁ခုနှစ်ထက်စာရင် မြင့်တက်လာတာကို တွေ့ရပါတယ်။ အကယ်၍ ဒီရာဇဝတ်မှုနှုန်းအတိုင်း ဆက်သွားနေရင်တော့ အမေရိကန် ၁၇၉ယောက်မှာ တစ်ယောက်က လူသတ်မှုကြောင့် အသက်ဆုံးရှုံးနိုင်တယ်လို့ ရဲတွေက သုံးသပ်ကြပါတယ်။ ဒီစာရင်းတွေထဲမှာ New York က မပါဝင်ပဲ အခြားမြို့တွေက ရာဇဝတ်မှုမြင့်မားလာတာကိုလည်း တွေ့ရပါတယ်။

Exit mobile version