သင်ဘယ်လို လူမျိုးလဲဆိုတာ ဒီပုံလေးကို ကြည့်ရုံနဲ့ အဖြေရှာကြည့် ရအောင်။

ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာကြီးရဲ့ နေရာဒေသပေါင်းစုံမှာ နေထိုင်မှုပုံစံပေါင်းစုံနဲ့ ရှင်သန်နေထိုင်ကြပါတယ်။ ကိုယ်ကိုယ်တိုင် ဘယ်လိုလူမျိုးလဲဆိုတာ အဖြေရှာချင်ရင်တော့ ဒီပုံလေးကို ကြည့်ပြီး အနီးစပ်ဆုံး အဖြေတစ်ခုတော့ သင်ကိုယ်တိုင် ရှာဖွေလိုက်ပါ။ သင်ကိုယ်တိုင် ဘယ်လို လူမျိုးလဲဆိုတာ သိချင်ရင်တော့ စာကို ပြီးတဲ့အထိ ဖတ်ဖို့လိုပါလိမ့်မယ်။ ပထမဆုံး ဒီပုံလေးကို အရင်ကြည့်လိုက်ပါ။

ဝေလငါး

ဝေလငါးကို ပထမဆုံးမြင်ရတဲ့လူတွေဟာ ကိုယ့်အနီးနားမှာရှိတဲ့ အရာတွေကို မျက်စိလျင်လျင်နဲ့ ခဏတာမြင်တွေ့နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဘ၀မှာ ပုံရိပ်ကြီးကြီးတွေကို ပုံဖော်နိုင်ပြီး အိုင်ဒီယာအသစ်တွေနဲ့ အကြံဉာဏ်ကောင်းတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ စကားတစ်ခုမပြောခင် အလုပ်တစ်ခုကို မလုပ်ခင်မှာ အချိန်ပေးသေချာ စဉ်းစားကြသူတွေ ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုခုကို လေ့လာတဲ့အခါမှာလည်း သိနိုင်သလောက် အများကြီးလေ့လာကြတဲ့ လူတွေဖြစ်ပါတယ်။

တိမ်

တိမ်တိုက်တွေကို ပထမဆုံး သတိထားမိတဲ့လူတွေဟာ သူများနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ပေးနိုင်ကြတဲ့ လူတွေဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ညွှန်း ရေးတဲ့နေရာမှာ အင်မတန်ထူးချွန်ကြတဲ့ လူတွေဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အရာအားလုံးရဲ့ အလှတရားကို ခံစားနိုင်ကြတဲ့လူတွေ ဖြစ်ပါတယ်။ ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ နည်းပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက မြင်တတ်သူတွေ ဖြစ်ပါတယ်။ လူအများနဲ့ ဆွေးနွေးတိုင်ပင်ကြတဲ့အခါမှာလည်း ကိုယ့်အကြံဉာဏ်ထက် အခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အလေးပေး နားထောင်ကြသူတွေ ဖြစ်ပါတယ်။

လေယာာဉ်အင်ဂျင်

လေယာဉ်အင်ဂျင်ကို ပထမဆုံး သတိထားမိတဲ့လူတွေကတော့ လက်တွေ့ကျတဲ့လူတွေလို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ရေကန်တစ်ကန်ကို မြင်ရုံနဲ့ ရေကန်လို့မမြင်ပဲ ရေကန်ဖြစ်တည်မှုကို အရင်လေ့လာကြတဲ့လူတွေဖြစ်ပါတယ်။ ရေတွေဘယ်လိုရောက်ရှိပြီး ရေကန်ဖြစ်လာရတဲ့ အကြောင်းကို အရင်ဆုံး စဉ်းစားကြတဲ့လူမျိုး ဖြစ်ပါတယ်။ သီအိုရီတွေနဲ့ အခြားလူပြောတာထက် ကိုယ်တိုင်အဖြေရှာကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်း အချိန်တိုအတွင်း ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချပေးနိုင်ကြပါတယ်။ သူတို့ရဲ့ တွေးခေါ်စဉ်းစားမှုပုံစံတွေကြောင့် အခက်အခဲ ပြသနာပေါင်းစုံကို ထိရောက်တဲ့နည်းနဲ့ ကိုယ်တွယ်နိုင်ကြပါတယ်။

ယင်ကောင်

ယင်ကောင်ကို သင်ပထမဦးဆုံး သတိထားမိတယ်ဆိုရင်တော့ သင်ဟာအရာအားလုံးကို အသေးစိတ် လိုက်ကြည့်တတ်တဲ့လူလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီအမူအကျင့်က ကောင်းလွန်းပြီး လူအများနဲ့ အလုပ်လုပ်တဲ့နေရာတွေမှာတော့ အနည်းငယ် အခက်အခဲတွေ့နိုင်ပါတယ်။ သူတို့တွေက သူများအပေါ်မှီခိုအားထားကြသူတွေ မဟုတ်ပဲ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေနဲ့ နေထိုင်ကြသူတွေဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းမျိုးရထားရင်တော့ သင်မှားမယ့် အရာတွေလုပ်ဖို့ သင်မမြင်ခဲ့ရင်တောင် သူတို့က ကောင်းကောင်းသတိပေးနိုင်တဲ့ လူမျိုးတွေဖြစ်ပါတယ်။

လေယာဉ်ပြတင်းပေါက်

လေယာဉ်ပြတင်းပေါက်ကို ပထမဆုံးမြင်တဲ့လူတွေကတော့ အနားမှာရှိတဲ့ အရာအားလုံးကို မျက်ချည်မပြတ် မလွတ်တမ်းမှတ်မိနိုင်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ အရိပ်အမွက် ပြောပြရုံနဲ့ ပြောချင်တဲ့အရာကို ပုံဖော်နိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။ သူတို့က အကြောင်းအရာတစ်ခုကို အဖြေရှာတဲ့အခါမှာလည်း လျင်မြန်ဖြတ်လတ်သူတွေ ဖြစ်ပါတယ်။

မှတ်ချက် ။ အထက်က ဖော်ပြတဲ့ အကြောင်းအရာတွေအားလုံးက သိပ္ပံနည်းကျတိုင်းထွာထားတဲ့ အဖြေမျိုး မဟုတ်ပဲ စိတ်အပန်းပြေ ရသဖြစ်အောင် အနီးစပ်ဆုံး ပုံဖော်ပေးထားတဲ့ အဖြေတွေ ဖြစ်ပါတယ်။ စာဖတ်သူအားလုံး မင်္ဂလာရှိသော နေ့သစ်လေးတစ်နေ့ ပိုင်ဆိုင်ရပါစေ။

Exit mobile version