သင်က ဦးနှောက်နှင့် စဉ်းစားတာလား၊ နှလုံးသားနှင့် စဉ်းစားတာလားဆိုတာကို ဆယ်စက္ကန့်အတွင်းအဖြေရှာနိုင်မယ့် Test

လူတွေက အကြောင်းအရာတစ်ခုခု စဉ်းစားတဲ့အခါ (သို့) ဆုံးဖြတ်ချက်တစ်ခုခုချတဲ့အခါမှာ ဦးနှောက်နှင့် စဉ်းစားကြသလို နှလုံးသားနှင့်လည်း စဉ်းစားကြပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်နှင့်စဉ်းစားတဲ့နေရာမှာ အကြောင်းအရာတွေကို ဖြစ်သင့်မဖြစ်သင့် စဉ်းစားကြပြီး နှလုံးသားနှင့် စဉ်းစားတဲ့အခါမှာတော့ ခံစားချက်ကို အသားပေးပြီး စဉ်းစားကြတတ်ပါတယ်။ သင်က ဘယ်လိုလူမျိုးလဲဆိုတာတော့ ဒီပုံလေးကို ကြည့်ပြီးအဖြေရှာကြည့်ရအောင်။

ဒီဓါတ်ပုံလေးမှာ လူနှစ်ယောက်မျက်နှာချင်းဆိုင်နေတဲ့ပုံနှင့် ပန်းသီးတစ်လုံးကို ကိုက်ထားတဲ့ပုံနှစ်ခု ပါဝင်ပါတယ်။

သင်က ဦးနှောက်နှင့် စဉ်းစားတာလား၊ နှလုံးသားနှင့် စဉ်းစားတာလားဆိုတာကို ဆယ်စက္ကန့်အတွင်းအဖြေရှာနိုင်မယ့် Test 1

လူနှစ်ယောက်မျက်နှာချင်းဆိုင်နေတဲ့ပုံကို အရင်တွေ့ရင် သင်က အချက်ကျကျစဉ်းစားတတ်တဲ့လူလို့ ကောက်ချက်ချနိုင်ပါတယ်။

သင်က ကိုယ်ကျင့်တရားနှင့် တန်ဖိုးကို အလေးထားတဲ့လူတစ်ယောက်ဖြစ်ပြီး သူများပြောတဲ့အကြောင်းအရာနှင့် ခံစားချက်နောက်ကို မလိုက်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ သင်ဆုံးဖြတ်ချက် ချတဲ့အခါမှာလည်း ခံစားချက်နောက်ကို လုံး၀မလိုက်ပဲ အချက်ချချ အဖြေကိုသာ ဆုံးဖြတ်ချက်ချတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။

ပန်းသီးကို စမြင်တဲ့လူက စိတ်ခံစားချက်ကို အလေးပေးတဲ့လူဖြစ်ပါတယ်။

လူတွေနှင့် ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အဆင်ပြေတဲ့လူတွေဖြစ်ပြီး အခြားလူတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးတဲ့လူမျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အရိပ်အကဲ သိတတ်တဲ့လူမျိုးလို့လည်း ယူဆနိုင်ပါတယ်။ စကားပြော ဆွေးနွေးကြတဲ့အခါမှာလည်း အခြားလူတွေရဲ့ ထင်မြင်ယူဆချက်ကို ငြင်းခုံတာမျိုးမရှိပဲ နားထောင်တတ်တဲ့လူမျိုး ဖြစ်ပါတယ်။ ကိုယ့်ထင်မြင်ယူဆချက်ကို ရှေ့တန်းမတင်ပဲ အခြားလူတွေအကျိုးကို ကြည့်တတ်သူတစ်ယောက်ဖြစ်ပါတယ်။​

ဘယ်အရာက ပိုကောင်းလဲ။ ဦးနောက်ကို အသုံးပြုသူလား၊ နှလုံးသားကို အလေးပေးတဲ့လူမျိုးလား​?

လက်တွေ့လောကမှာ နှစ်ခုလုံးကို သင့်တင့်မျှတအောင် အသုံးပြုတတ်ဖို့လိုအပ်ပါတယ်။ တစ်ခုတည်းမှာ အရမ်းကောင်းနေရင်တော့​ ကျန်တဲ့တစ်နေရာမှာ လစ်ဟင်းမှုတွေ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အကြောင်းအရာတွေကို သုံးသပ်တတ်ဖို့ လိုအပ်သလို ကိုယ်ချင်းစာစိတ်လည်းရှိဖို့ အရေးကြီးပါတယ်။ နှစ်ခုလုံးကို သင့်တင့်မျှတရင်တော့ သင့်အတွက် အကျိုးများနိုင်မှာ ဖြစ်ပါတယ်။ Test ကတော့ အပျော်သဘောနှင့် ဖန်တီးထားတာဖြစ်ပြီး အနီးစပ်ဆုံး အဖြေကိုတွေ့နိုင်အောင် ဖန်တီးထားတာကြောင့်​ အချို့အကြောင်းအရာတွေက အဖြေအတိအကျတော့ မဖြစ်နိုင်ပါဘူး။

Exit mobile version