သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ

ရှေးဟောင်းပစ္စည်းတွေက အဖိုးတန်သလိုမျိုး Electronic ပစ္စည်းတွေမှာလည်း တော်တော်ကြာပြီဖြစ်တဲ့ ပစ္စည်းတွေကလည်း စျေးကောင်းနေပါပြီ။

၁။ Original Apple iPod

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 1

သီချင်းတွေကိုနားထောင်တဲ့နေရာမှာ ခေတ်ကာလတစ်ခုကို ပြောင်းလဲပေးနိုင်တဲ့ Apple iPod ရှိနေသေးရင်တော့ သင် တန်ရာတန်ကြေးတစ်ခုအနေနဲ့ ရောင်းချနိုင်ပါပြီ။ iPhone ရဲ့ 3G မျိုးဆက် plastic wrap မခွာရသေးရင်လည်း စျေးကွက်ထဲမှာ ဒေါ်လာသောင်းနဲ့ချီတန်ကြေးရှိပြီး ရောင်းချနိုင်နေပါပြီ။ အခုဆို Original iPod ကို အသစ်အတိုင်းရှိနေသေးရင်တော့ ရွှေစျေးကဲ့သို့ သင်ရောင်းနိုင်ပါတယ်။ အဟောင်းအတိုင်း ရှိနေပြီး မပျက်စီးပဲရှိနေသေးရင်တောင် ဒေါ်လာ ထောင်နဲ့ချီရနိုင်ပါပြီ။

၂။ ​Nintendo Game Boy

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 2

ဗီရိုထဲမှာ သိမ်းထားတဲ့ Nintendo Game Boy ရှိနေသေးရင် အခုပေါက်စျေးက ဒေါ်လာ သုံးထောင်ထိ ရှိနေပါတယ်။ တစ်ခေတ်တစ်ခါက Gaming လောကမှာ အသဲကျော်ဖြစ်ခဲ့တဲ့ Game Boy ကလည်း တန်ရာတန်ကြေးတစ်ခု ရနေပါပြီ။

၃။ Sony Walkman TPS-L2

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 3

၁၉၈၀ ခုနှစ်တွေမှာ လူတွေရဲ့ သီချင်းနားထောင်မှုပုံစံကို ပြောင်းလဲပေးခဲ့တဲ့ Walkman ကတော့ အကောင်းအတိုင်းရှိနေသေးရင် ဒေါ်လာ ၂၅၀၀ တန်ကြေးရှိနေပြီ ဖြစ်ပါတယ်။

၄။ Vintage Rotary Phones

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 4

နံပါတ်လေးတွေကို လှည့်ပြီးဖွင့်ရတဲ့ဖုန်းကို အခုခေတ် အသက် ၂၅ နှင့် အထက် လူတွေကောင်းကောင်းမြင်ဖူးကြပါလိမ့်မယ်။ ဒီဖုန်းတွေကိုလည်း ဒေါ်လာ ၅၀၀ အထိအနည်းဆုံး စျေးခေါ်ပြီး ရောင်းချနိုင်ပါတယ်။

၅။ Original Polaroid Instant Cameras

၅။ Original Polaroid Camera

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 5

အခုရိုက် အခုဓါတ်ပုံထွက်တဲ့ Polaroid Camera တွေရှိနေသေးရင်တော့ ဒေါ်လာ ၂၀၀ အထိရောင်းချနိုင်ပါတယ်။

၆။ Atari 2600 Console

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 6

Gaming လောကမှာ အရမ်းရှေးကျတဲ့ Atari 2600 Console တွေ နဂိုအတိုင်းရှိနေသေးရင် ဒေါ်လာ ၂၀၀၀ အထိစျေးခေါ်ပြီး ရောင်းချနိုင်ပါတယ်။

၇။ Commodore 64 Home Computer

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 7

ကွန်ပျူတာတွေရဲ့ ဘိုးအေကြီးတွေဖြစ်တဲ့ Commodore 64 Home Computer တွေရှိနေသေးရင်တော့ ဒေါ်လာ ၇၀၀ အထိရောင်းချနိုင်ပါတယ်။

၈။ Sony Trinitron TV

သင့်အိမ်မှာ ဒီ Electronic ပစ္စည်းတွေရှိနေသေးရင် တန်ကြေးတော်တော်ရနိုင်နေပါပြီ 8

TV လောကမှာ အရမ်းမာပြီး ကောင်းမွန်တဲ့ Sony Trinitron TV တွေရှိနေသေးရင်တော့ ဒေါ်လာ ၅၀၀ လောက်အထိ စျေးခေါ်ပြီး ရောင်းနိုင်ပါတယ်။

သင့်အနေနဲ့ အခုပြောပြတဲ့ ပစ္စည်းတွေအပြင် အခြား Vintage ပစ္စည်းတွေကိုရောင်းချင်ရင် E-Bay လိုနေရာမျိုးမှာ ရောင်းသင့်ပါတယ်။ Local အရ ရောင်းမယ်ဆိုရင်တော့ Facebook Market Place လိုနေရာမျိုးမှာလည်း ရောင်းနိုင်ပါတယ်။ အဟောင်းစျေးနဲ့သွားရောင်းနေရင်တော့ အခုပြောပြတဲ့ စျေးမျိုးမရနိုင်ပဲ သံစျေးသာ ရရှိမှာပါ။

Exit mobile version