သင့်အိမ်ကို လျှပ်စစ်မီးပါပေးနိုင်တဲ့အပြင် မိုင်ပေါင်း​ ၁၃၀ ထိသွားနိုင်တဲ့ ဒေါ်လာတစ်သောင်းတန် Honda ရဲ့ N-Van e

ထွက်သမျှ မီနီအီလက်ထရစ်ကားတွေထဲမှာ အကောင်းဆုံးလို့တောင်ပြောလို့ရတဲ့ N-Van e ကို Honda က မိတ်ဆက်လိုက်ပါတယ်။ ကားရဲ့ ကိုယ်ထည်ပုံစံက မြန်မာပြည်မှာမြင်တွေ့ရတဲ့ Hi-Jet ပုံစံမျိုးဖြစ်ပြီး ဘေးဆွဲတံခါးနဲ့လာမှာ ဖြစ်ပါတယ်။ Honda မှာ လောင်စာဆီကိုအသုံးပြုရတဲ့ N-Van အမျိုးအစားက ရှိပြီးသားဖြစ်ပေမယ့် အခုအခါမှာတော့​ အနောက်မှာ e တစ်လုံးပိုပြီး တစ်ကားလုံးလျှပ်စစ်စွမ်းအင်ကို အသုံးပြုမယ့် ကားအမျိုးအစားဖြစ်ပါတယ်။ ကားရဲ့ Bumper ကို Recycled သတ္တုတွေကို ပြန်လည်အသုံးပြုထားပါတယ်။

သင့်အိမ်ကို လျှပ်စစ်မီးပါပေးနိုင်တဲ့အပြင် မိုင်ပေါင်း​ ၁၃၀ ထိသွားနိုင်တဲ့ ဒေါ်လာတစ်သောင်းတန် Honda ရဲ့ N-Van e 1

ကားရဲ့အောက်ပိုင်းမှာတော့ ဘက်ထရီတွေကို ထည့်သွင်းထားပါတယ်။ အင်ဂျင်ခန်းမရှိတဲ့အတွက် ကားကနေရာပိုကျယ်သွားပြီး လူရော၊ ပစ္စည်းရော အများကြီးဝင်ဆန့်ပါတယ်။ ပစ္စည်းများများ တင်ချင်တဲ့အခါ ထိုင်ခုံတွေကို ခေါက်လို့ရပြီး လူနှစ်ယောက်ကောင်းကောင်း အိပ်စက်လို့ရတဲ့အထိ ကျယ်ဝန်းပါတယ်။

သင့်အိမ်ကို လျှပ်စစ်မီးပါပေးနိုင်တဲ့အပြင် မိုင်ပေါင်း​ ၁၃၀ ထိသွားနိုင်တဲ့ ဒေါ်လာတစ်သောင်းတန် Honda ရဲ့ N-Van e 2

သမရိုးကျကားတွေမှာပါတဲ့ ကားအတွင်းပိုင်းက အလယ်မှာပါတဲ့ ဝင်ရိုးတန်းအတွက် နေရာလည်းမရှိတာကြောင့် လွတ်လွတ်လပ်လပ် ထိုင်နိုင်ပြီး ပစ္စည်းတွေလည်း အများကြီးဝင်ဆန့်ပါတယ်။

သင့်အိမ်ကို လျှပ်စစ်မီးပါပေးနိုင်တဲ့အပြင် မိုင်ပေါင်း​ ၁၃၀ ထိသွားနိုင်တဲ့ ဒေါ်လာတစ်သောင်းတန် Honda ရဲ့ N-Van e 3

ECON mode ဖွင့်ပြီးမောင်းရင်တော့ မိုင်ပေါင်း၁၃၀ ကျော်ထက် ပိုသွားနိုင်တယ်လို့လည်း Honda က ပြောကြားခဲ့ပါတယ်။ N-Van e က တစ်နေရာမှတစ်နေရာကို ပို့ဆောင်ပေးနိုင်တဲ့ကားတစ်စီးထက် ပိုပါတယ်။ အကြောင်းရင်းကတော့ 1500W ရှိတဲ့လျှပ်စစ် စွမ်းအင်ကိုလည်း ထုတ်လွှတ်ပေးနိုင်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အသုံးပြုနိုင်ပါသေးတယ်။ ဥပမာ မီးပူတိုင်တာ၊ ထမင်းချက်တာ နှင့် အခြား အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို သုံးနိုင်ပါတယ်။

သင့်အိမ်ကို လျှပ်စစ်မီးပါပေးနိုင်တဲ့အပြင် မိုင်ပေါင်း​ ၁၃၀ ထိသွားနိုင်တဲ့ ဒေါ်လာတစ်သောင်းတန် Honda ရဲ့ N-Van e 4

အိမ်မှာလျှပ်စစ်မီးမရှိလို့ အရေးတကြီးလိုအပ်တဲ့အခါမျိုးမှာ N-Van E က တစ်ဆင့် လျှပ်စစ်စွမ်းအင်ကို ယူသုံးနိုင်ပါတယ်။ မနှစ်က Honda က N-Van E ကိုမိတ်ဆက်တုန်းက ဒေါ်လာ ၇၀၀၀ ကျမယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ Honda က ဂျပန်နိုင်ငံမှာ ပြည်တွင်းအသုံးပြုလို့ရအောင် စမ်းသပ်မှုတွေပြုလုပ်ပြီး တစ်ကမ္ဘာလုံးအသုံးပြုနိုင်အောင် လာမယ့်ဆောင်းဦးမှာ ဖြန့်ချီမယ်လို့ ပြောကြားခဲ့ပါတယ်။

သင့်အိမ်ကို လျှပ်စစ်မီးပါပေးနိုင်တဲ့အပြင် မိုင်ပေါင်း​ ၁၃၀ ထိသွားနိုင်တဲ့ ဒေါ်လာတစ်သောင်းတန် Honda ရဲ့ N-Van e 5
Exit mobile version