သင့်မျက်စိကို ခွန်အားပြည့်နေအောင် ဘယ်လိုဂရုစိုက်ကြမလဲ

ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တဲ့ မျက်စိကို ဂရုစိုက်ဖို့အများကြီးလိုအပ်ပါတယ်။​ ကွန်ပျူတာတွေ၊ ဖုန်းတွေပေါလာတဲ့ခေတ်မှာ မျက်လုံးကျန်းမာရေးကိုလည်း အခြေခံသိထားဖို့ အရေးကြီးပါတယ်။ အခုပြောပြမယ့် နေ့စဉ်အခြေခံတွေကို လုပ်နိုင်ရင်တော့ သင့်မျက်လုံးကျန်းမာရေးက ကောင်းမွန်လာပါလိမ့်မယ်။​

နေကာမျက်မှန်ဝတ်ပါ

UV light တွေကို ကာကွယ်နိုင်တဲ့အပြင် သင့်မျက်လုံးကို နေရောင်တိုက်ရိုက်ထိတွေ့မှုနည်းတာကြောင့် ရေရှည်မှာ သင့်အမြင်အာရုံအတွက် များစွာအထောက်အကူဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ နေအပူရှိန်ကလည်း မြင့်တက်လာတာကြောင့် အပြင်သွားတိုင်း နေကာမျက်မှန်ဆောင်ထားသင့်ပါတယ်။

သင့်မျက်စိကို ခွန်အားပြည့်နေအောင် ဘယ်လိုဂရုစိုက်ကြမလဲ 1

ဖုန်း၊ကွန်ပျူတာမျက်နှာပြင်ကြည့်တာလျှော့ပါ

ဖုန်းကို မိနစ် နှစ်ဆယ်ထက်ပိုတာနဲ့ အပြင်ကိုကြည့်တာမျိုးလုပ်ပေးပါ။ မျက်နှာပြင်ကို ကြာကြာစိုက်ကြည့်တာက သင့်မျက်လုံးအတွက်များစွာ ဒုက္ခရောက်စေနိုင်ပါတယ်။ အမြင်အာရုံ ဝေဝါးစေပြီး မလိုအပ်တဲ့ ရောဂါလည်း ရနိုင်ပါတယ်။ အလားတူ စာအုပ်ကိုကြာကြာဖတ်တာမျိုးကိုလည်း ရှောင်ပါ။

ကိုယ်လက် လှုပ်ရှားတာလုပ်ပေးပါ

ကိုယ်လက် လှုပ်ရှားမှုလုပ်တာက မျက်လုံးရဲ့ ဖီးစီးမှုတွေကို လျှော့ချပေးနိုင်ပြီး သွေးလေလည်ပတ်မှု ကောင်းမွန်စေပါတယ်။ မျက်လုံးလေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ပေးပါ။ မျက်လုံးကို စက်ဝိုင်းပုံ ကြည့်တာမျိုး၊ လေးထောင့်ကြည့်တာမျိုး၊ အနီးနဲ့ အဝေးကို စက္ကန့်နှစ်ဆယ်လောက် တစ်လှည့်စီ ကြည့်တာမျိုး လုပ်ပေးပါ။

ဆေးလိပ်လျှော့သောက်ပါ

ဆေးလိပ်မဖြတ်နိုင်ရင်တော့ လျှော့သောက်ပါ။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက် လုံး၀မကောင်းပြီး သွေးကြောတွေကိုလည်း ပိတ်ဆို့နိုင်တာကြောင့် မျက်လုံးအတွက်လည်း​ ဒုက္ခများစွာရောက်နိုင်ပါတယ်။

သင့်မျက်စိကို ခွန်အားပြည့်နေအောင် ဘယ်လိုဂရုစိုက်ကြမလဲ 2

အစားအသောက်ကို မျှတအောင် သုံးဆောင်ပါ

အစားအသောက်စားတဲ့အခါ Vitamin A, C နှင့် E ကြွယ်၀တဲ့အစားအသောက်တွေ စားပါ။

Vitamin Aကြွယ်၀တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ cheese နှင့် သရက်သီးလိုမျိုးအသီးတွေ စားသုံးပါ။ Vitamin C ကြွယ်၀တဲ့ အသီးအနှံတွေဖြစ်တဲ့ စပျစ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး နှင့် ခရမ်းချဉ်သီးတွေကို စားသုံးပါ။ Vitamin E ဓါတ်ပါဝင်တဲ့ ထောပတ်သီး၊ မြေပဲ နှင့် အခြားအစေ့တွေပါဝင်တဲ့ အစားအသောက်တွေလည်း မျှတအောင် သုံးဆောင်ပါ။ Omega 3 ပါဝင်တဲ့ ငါးနှင့်အခြားအစားအသောက်တွေကိုလည်း မျှတအောင် သုံးဆောင်ပါ။ ဒါဆိုရင်တော့ မျက်စိနှင့် ပတ်သတ်တဲ့ရောဂါဖြစ်ဖို့ နည်းသွားနိုင်ပါတယ်။

လက်ကို မကြာခဏ ဆေးပေးပါ

လက်မဆေးခဲ့ရင်တော့ မျက်လုံးပွတ်မိတဲ့အခါ ရောဂါပိုးမွှားတွေဝင်နိုင်တာကြောင့် လက်ကို မကြာခဏဆေးပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးကိုလည်း မလိုအပ်ပဲ ပွတ်သတ်တာမျိုးကိုလည်း​ ရှောင်ပါ။

Exit mobile version