လူသားတွေအတွက် လေထုညစ်ညမ်းမှုက အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များ သတိပေး

လွန်ခဲ့သောနှစ်ပေါင်း ၁၄သန်းကျော်က လေထုနှင့် ယခုလူသားတွေရှုရှိုက်နေသောလေထုက လုံး၀ကို ကွဲပြားသွားပါပြီ။ လူသားတွေရဲ့ နေထိုင်မှုပုံစံဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လေထုကို ညစ်ညမ်းအောင်ပြုလုပ်နေမှုတွေက ပိုပြီးများပြားလာတာကိုတွေ့ရပါတယ်။

လူသားတွေအတွက် လေထုညစ်ညမ်းမှုက အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များ သတိပေး 1

သိပ္ပံနည်းကျ သုတေသနချက်များအရ လွန်ခဲ့သောနှစ်ပေါင်း၁၄သန်းကျော်က လေထုထဲမှာ ပါဝင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က စုစုပေါင်း ၄၂၀ ပါဝင်ပါတယ်။ သိပ္ပံအခေါ်အဝေါ်အရ 420 parts per million (ppm) လို့ခေါ်ပါတယ်။ ထိုအချိန်က Greenland မှာ ရေခဲတွေတောင်မရှိသေးပါဘူး။ လူသားတွေက သစ်တောထဲမှ လယ်မြေတွေမှာ စတင်ပြီး နေထိုင်ဖို့ လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ သက္ကရာဇ် ၁၇၀၀ နောက်ပိုင်းမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် 280 ppm ဖြစ်လာခဲ့ပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာကြီးကို လေထုညစ်ညမ်းမှုတိုးလာအောင် လူသားတွေလုပ်လာတဲ့အပြင် ကမ္ဘာကြီးကလည်း အရင်အချိန်တွေထက် 1.2 Degree Celsius အပူချိန်မြင့်တက်လာတာပါ။ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု မြင့်တက်နေမယ်ဆိုရင်တော့ သက္ကရာဇ် ၂၁၀၀မှာတော့ လေထုထဲမှာ 600ppm နှင့် 800 ppm ဖြစ်လာနိုင်ပါတယ်။ ဒီလိုအနေအထားကို လွန်ခဲ့တဲ့နှစ်ပေါင်း သန်းသုံးဆယ်ကျော်က ကမ္ဘာကြီးမှာ မြင်တွေ့နိုင်ပါတယ်။ ထိုအချိန်က အန္တာတိကတိုက်က ရေခဲတွေလည်းမရှိသေးတဲ့အပြင် အင်းဆက်အကောင်ကြီးတွေရှိနေတဲ့ အချိန်လည်းဖြစ်ပါတယ်။

လူသားတွေအတွက် လေထုညစ်ညမ်းမှုက အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များ သတိပေး 2

သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ ကမ္ဘာကြီးမှာ အပူဆုံးအချိန်ဖြစ်ပေါ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းကျော်လောက်က ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုအချိန်က လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် 1600 ppm ရှိခဲ့ပါတယ်။ အပူချိန်အနေနဲ့က အခုချိန်ထက် 12’Celcius ပိုပူပါတယ်။ သေချာတာတစ်ခုကတော့ ဒီအပူချိန်အတိုင်းရှိနေရင်တော့ လူသားတွေအသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့အပူချိန်က ဆက်မြင့်တက်နေအုံးမယ်ဆိုရင်တော့ လူသားတွေရဲ့ သက်တမ်းက ပိုတိုတောင်းလာနိုင်ပါတယ်။ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကမ္ဘာပေါ်ရှိလူသားအားလုံးနှင့် သက်ဆိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် မတိုးလာအောင်လည်း ထိန်းသိမ်းနေထိုင်ရမှာက လူသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

Exit mobile version