လူသားတွေရဲ့ အနာဂတ်နှင့် တိုးတက်လာသော Clean Energy

Clean Energy ဆိုတာက သဘာ၀စွမ်းအားအရင်းအမြစ်ကတစ်ဆင့် လျှပ်စစ်ဓါတ်အားတွေကို ရယူခြင်းကိုဆိုလိုပါတယ်။ ဥပမာ နေမှတစ်ဆင့် ဆိုလာပြားတွေက လျှပ်စစ်စွမ်းအင်အဖြစ်အသုံးပြုခြင်းဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်မှာ ပို့ဆောင်ဆက်သွယ်ရေးအားလုံးကို Clean Energy ပဲ အသုံးပြုမယ်လို့ International Energy Agency က မျှော်မှန်းထားပါတယ်။

လူသားတွေရဲ့ အနာဂတ်နှင့် တိုးတက်လာသော Clean Energy 1

International Energy Agency (IEA) ကို ၁၉၇၀ ခုနှစ်မှာ စက်သုံးဆီတွေပြတ်လတ်ပြီး စီးပွားရေးတွေထိုးကျတဲ့အချိန်မှာ တည်ထောင်ခဲ့ပါတယ်။ လူတွေကို သဘာ၀စွမ်းအင်ကတစ်ဆင့် စွမ်းအားတွေကို များများအသုံးပြုနိုင်အောင် ရည်ရွယ်ချက်နှင့်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုတွေ​ ဖောက်ပြန်လာတာကြောင့် လူသားတွေအနေနှင့် လောင်စာဆီအပေါ်မှီခိုပြီး စွမ်းအင်အသုံးပြုုခြင်းကို Clean Energy နှင့်အစားထိုးအသုံးပြုသင့်ပါတယ်။ IEA ရဲ့ မှတ်တမ်းအရ Clean Energy ကို လူသားတွေအသုံးပြုလာတာ သိသိသာသာတိုးတက်လာတာကို တွေ့ရပါတယ်။ အစိုးရတွေအနေနှင့်လည်း နိုင်ငံရဲ့ သုံးပုံနှစ်ပုံ လျှပ်စစ်စွမ်းအင်ကို Clean Energy နှင့်အစားထိုးဖို့ ကြံရွယ်နေကြပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း Tesla လို လျှပ်စစ်ကားတွေနှင့် အခြားလျှပ်စစ်ကားတွေကို တွေ့လာတာပိုများလာပါတယ်။ ၂၀၂၀ ခုနှစ်မှာ EV ကား ၂၅စီးမှာ တစ်စီးသာရောင်းရပြီး အခုဆိုရင်တော့ EV ကား ငါးစီးမှာ တစ်စီးနှုန်းရောင်းလာရပြီး Company တွေအနေနှင့်လည်း ကားတွေပိုထုတ်လုပ်နေပါတယ်။ နိုင်ငံရဲ့ Policy တွေကိုချမှတ်တဲ့ Policy makers တွေကလည်း ကမ္ဘာကြီးပူနွေးလာမှု၊ ရေကြီးမှုနှင့် Heatwaves တွေကိုလျှော့ချဖို့ နိုင်ငံတွေအားလုံးသဘောတူညီမှု ပြုလုပ်ထားပြီး ကတိကဝတ်ခံယူထားပါတယ်။

လူသားတွေရဲ့ အနာဂတ်နှင့် တိုးတက်လာသော Clean Energy 2

အခုချိန်ထိတော့ ကမ္ဘာကြီးရဲ့ စွမ်းအင်အများစုက ကျောက်မီးသွေးအပေါ်မှီခိုနေရပြီး ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့ နိုင်ငံကြီးတွေက ဦးဆောင်ပြီး ကြိုးပမ်းနေကြပါတယ်။ အပူချိန်အနေနှင့် တစ်ဒသမလောက်သာ လျော့ကျသွားပေမယ့် အနာဂတ်မှာတော့ Clean Energy ကို တစ်ကမ္ဘာလုံးအနေနှင့် သုံးစွဲသွားကြမယ်လို့ မျှော်လင့်ထားပါတယ်။ သို့ပေမယ့် မမြင်ရတဲ့ စစ်ပွဲတွေကြောင့် လူသားတွေရဲ့ အနာဂတ်ကလည်း မျှော်မှန်းရခက်နေပါတယ်။

Exit mobile version