လူတွေနဲ့ စကားပြောဆိုဆက်ဆံတဲ့အခါ သိထားသင့်သည့် Body Language

လူတစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုကြတဲ့အခါ အသံထွက်ပြီး ပြောဆိုရတာအပြင် ကိုယ်အမူအရာနဲ့လည်း ဆက်သွယ်ပြောဆိုကြပါတယ်။ အထူးသဖြင့် လူကြီးလူကောင်းတွေနှင့် ဖောက်သည်တွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ခန္ဓာကိုယ်အမူအရာက အရေးကြီးပါတယ်။ Body Language လို့လည်း လူအများသိထားကြပါတယ်။ Body Language တွေရဲ့ အရေးကြီးပုံတွေကို လေ့လာကြရအောင်။

၁။ သင့်ရဲ့လက်အနေအထား

စကားပြောတဲ့အခါ သင့်ရဲ့လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ ဥပမာ အလုပ်အင်တာဗျူး နှင့် လူအများကြားမှာ စကားပြောတဲ့အခါ သင့်လက်ကို လူတွေမြင်နိုင်တဲ့နေရာမှာထားပြီး စကားပြောပါ။ အကြောင်းအရာတွေကို ရှင်းပြတဲ့အခါ လက်ကို အသုံးပြုပြီးပြောပြနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက သင့်ကို လူတွေယုံကြည်မှုအမြင်တိုးစေပြီး သင်ကိုယ်တိုင်လည်း ယုံကြည်မှု အပြည့်ရရှိစေနိုင်ပါတယ်။

၂။ နားထောင်ပါ

တစ်ဖက်သားပြောဆိုနေတဲ့အခါ သင်နားထောင်နေတာကို သိအောင် ခေါင်းညိမ့်ပြတာမျိုး၊ ဟုတ်တယ်လို့ ပြောတာမျိုးတွေ လုပ်ပါ။ စကားပြောဆိုနေတဲ့လူက သူ့ကို သင် သေချာနားထောင်နေတာမျိုး မှတ်ယူပြီး သင့်ကိုလည်း လေးစားပါမယ်။ လူတော်တော်များများက ဒီအချက်ကို မလုပ်နိုင်ကြပဲ စကားပြောနေတဲ့အခါမှာ ကြားဖြတ်ပြောတာမျိုးလုပ်ကြပါတယ်။ ဒီလိုအပြုအမူက​ ယဉ်ကျေးမှုမရှိပဲ အခင်အမင်လည်း ပျက်စေနိုင်ပါတယ်။

၃။ သင်စိတ်မရှည်တာမျိုးကို မပြမိပါစေနှင့်

လူအများနဲ့ စကားပြောနေတဲ့အခါ မျက်နှာကျက်ကို ကြည့်တာမျိုး၊ ဘေးဘက်ကို ကြည့်တာမျိုးတွေကို မလုပ်မိပါစေနှင့်။ ဒီလိုလုပ်ခြင်းက လူတစ်ဖက်သားကို မလေးစာရာမျိုး သက်ရောက်နိုင်ပါတယ်။ စကားပြောဆိုနေတဲ့လူနဲ့ သင့်မျက်လုံးက တူတူရှိနေဖို့ အရေးကြီးပါတယ်။

၄။ ထိတွေ့ပြီး ဆက်ဆံတာမျိုးလုပ်ပါ

ဒီနည်းလမ်းက လူတိုင်းကို လုပ်လို့လည်း မလွယ်ကူပါဘူး။ ဒါပေမယ့် သင် စကားပြောနေတဲ့လူက သင်နဲ့ ခင်မင်တဲ့လူဆိုရင်တော့ သင် ဒီနည်းလမ်းကို လုပ်နိုင်ပါတယ်။ ကျောပြင်ကို ခဏတစ်ဖြုတ် ညင်ညင်သာသာ ပုတ်တာမျိုးကို လုပ်ကြည့်ပါ။ ဒီအပြုအမူက သင်က တစ်ဖက်သားနဲ့တူတူ ရှိနေပြီး နားထောင်ပေးနေတာမျိုးကို ဆိုလိုပါတယ်။ အချို့လူတွေကတော့ ဒီလိုအပြုအမူမျိုးကို မနှစ်သက်ကြပါဘူး။ အကောင်းဆုံးနည်းလမ်းက လက်သီးချင်းတိုက်တာမျိုး၊ လက်ဝါးချင်းရိုက်တာမျိုးတွေ လုပ်တာက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

၅။ အရမ်းလှုပ်ရှားတာမျိုး မလုပ်မိပါစေနဲ့

စကားပြောနေတဲ့အခါ သင်မငြိမ်ပဲ လှုပ်ရှားမှုလုပ်နေရင် တစ်ဖက်သားပြောတဲ့အကြောင်းအရာက သင့်အတွက် ပျင်းရိစေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ငြိမ်ငြိမ်လေးနေတာမျိုးက သင့်အတွက် အရေးကြီးပါတယ်။

၆။ စကားအဆုံးသတ်နည်း

သင့်မှာ သွားစရာတစ်ခုခုရှိလို့ စကားပြောမပြတ်တဲ့အခါ ပြုံးပြပါ။ နာရီကို ကြည့်ပြီး သွားစရာရှိတာ အခုသွားမှ ဖြစ်တော့မယ်လို့ပြောပြပါ။ တစ်ဖက်သားနဲ့ စကားပြောရတာ နှစ်သက်သဘောကျပြီး ပြန်ဆုံမယ်ဆိုတဲ့ အကြောင်းအရာကို မေ့မကျန်အောင် ဆက်ပြောပါ။

Exit mobile version