လုပ်ငန်းခွင်ထဲက လူတွေအတွက် သိထားသင့်တဲ့ Bridge Job

ဒီနေ့လိုခေတ်မျိုးမှာ အလုပ်မရှိတဲ့လူတွေအတွက်က စားဝတ်နေရေးကို ဖြေရှင်းဖို့တော်တော်ခက်ခဲပါတယ်။ ဥပမာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်နားတဲ့ကာလမှာတင် လူတွေက​ ကိုယ့်ကိုထင်မြင်ချက်အမျိုးမျိုးနှင့် မှတ်ယူတက်ကြပါတယ်။ Covid ကာလအတွင်းမှာ အလုပ်အကိုင်တော်တော်များများ ဆုံးရှုံးခဲ့ပြီး အခွင့်အလန်းတွေလည်းများစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ New Normal ရဲ့ လူနေမှုဘ၀ပုံစံမှာ သင်ကြားရေးပုံစံကအစ ပြောင်းလဲသွားခဲ့ပါတယ်။ အလုပ်လုပ်တဲ့ပုံစံတွေလည်း Work From Home ပုံစံပြောင်းလဲသွားပြီး ဒီနေ့အထိ WFH ပုံစံတွေက ရှိနေဆဲဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲက လူတွေအတွက် သိထားသင့်တဲ့ Bridge Job 1

Bridge Job ဆိုတာက အလုပ်တစ်ခုကို မလုပ်ခင်နှင့် အလုပ်နားတဲ့အချိန်ကာလမှာ လုပ်တဲ့အလုပ်ကို Bridge Job လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် တစ်ခုနှင့်တစ်ခုမတိုင်ခင် ဆက်ကြားကာလကိုပြောခြင်းဖြစ်ပါတယ်။ Bridge Job တွေမှာ Blue collar job နှင့် White Collar job တွေရှိပါတယ်။ ဥပမာ အိမ်သန့်ရှင်းရေး၊ Delivery ပို့ဆောင်ရေးလုပ်ငန်းတွေက Blue Collar Job ဖြစ်ပြီး ကွန်ပျူတာနှင့်လုပ်ရတဲ့အလုပ်တွေကတော့ White Collar Job ဖြစ်နိုင်ပါတယ်။ သင်က White Collar Job သမားတစ်ယောက်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် Bridge Job ကိုလုပ်ရမယ်ဆိုရင် Interview မှာ ဖြေတက်ဖို့လိုပါတယ်။ သင့်ကိုအလုပ်ခန့်တဲ့လူက Overqualified ဖြစ်တဲ့​ candidate တွေကိုမေးခွန်းတွေမေးနိုင်ပါတယ်။ ဒီလိုအချိန်မှာ သင့်အနေနှင့် အဖြေတွေကို ပြင်ဆင်ထားဖို့လိုပါတယ်။

အဖြေကိုဖြေတဲ့အခါမှာ အမှန်အတိုင်းဖြေဖို့လိုပါတယ်။​ ရိုးသားမှုရှိပြီး ဖြေတဲ့အဖြေကိုတော့ အလုပ်ရှင်တော်တော်များများက​ နှစ်ခြိုက်သဘောကျမှာဖြစ်ပါတယ်။ Bridge Job အများစုက ကားမောင်းရတဲ့အလုပ်၊ reception အလုပ်တွေနှင့် အခြားသော Digital နှင့် ပတ်သတ်တဲ့အလုပ်တွေဖြစ်ပါတယ်။ တိုးတက်တဲ့နိုင်ငံတော်တော်များများမှာတော့ Blue Collar Job, White Collar တွေမခွဲခြားပဲ အလုပ်တွေကို အားလုံးနီးပါးလုပ်နေကြတာကို တွေ့နိုင်ပါတယ်။

Exit mobile version