လုပ်ငန်းခွင်က လူတိုင်းအတွက် အသုံးတည့်မယ့် PDFGear

PDF Format နဲ့ Email ပို့တည့်အခါ Edit လုပ်ဖို့တစ်ခုတည်းသောနည်းလမ်းက Adobe Acrobat ကို တရားဝင်ဝယ်ယူထားမှ လုပ်လို့ရတာဖြစ်ပါတယ်။ PDF Format နဲ့ ပို့လာတဲ့ Documents မှန်သမျှကို Edit လုပ်နိုင်ပြီး PDF Format အဖြစ် သိမ်းဆည်းနိုင်မယ့် Free Tool တစ်ခုရှိပါတယ်။ လူတော်တော်များများလည်း မသိကြသေးပါဘူး။ AI ရဲ့တိုးတက်လာတဲ့ခေတ်မှာ ခက်ခဲတဲ့အရာ၊ ကန့်သတ်ထားတဲ့အရာတွေအားလုံးကို ကျော်ဖြတ်လာနိုင်ကြပါတယ်။ အခုဆိုရင်တော့ တစ်စုံတစ်ယောက်က ပို့လာတဲ့ PDF Format ကို ပြန်ပြင်ဆင်ချင်တာဖြစ်ဖြစ် Sign ထိုးစရာရှိတာဖြစ်ဖြစ်၊ PDF နဲ့ပို့လာတဲ့ Forms တွေကို ဖြည့်ချင်တာဖြစ်ဖြစ် PDF နဲ့ ပတ်သတ်တဲ့အရာအားလုံးကို လုပ်နိုင်တဲ့ Software ပေါ်လာပြီ ဖြစ်ပါတယ်။ နာမည်ကတော့

PDFGear က ဘယ်လိုအလုပ်လုပ်လဲ?

PDFGear ရဲ့ Webpage ကိုတွေ့ရစဉ်

ဥပမာ သင့်ကို လက်မှတ်ထိုးဖို့ Email ထဲမှာ PDF Format နဲ့ပို့လာတဲ့အခါ ကွန်ပျူတာမှာ Office နဲ့ပတ်သတ်တဲ့ Software တစ်ခုမှမရှိတဲ့အခါ PDFGear ကို အသုံးပြုသင့်ပါတယ်။ PDFGear Website ကတစ်ဆင့် သင် ပြင်ဆင်ချင်တဲ့ PDF ကို Upload တင်လိုက်တာနဲ့ သင့်စိတ်ကြိုက်ပြင်ဆင်နိုင်ပီဖြစ်ပါတယ်။ Sign ထိုးချင်တာဖြစ်ဖြစ်၊ စာသားတွေကို ပြင်ဆင်ချင်တာဖြစ်ဖြစ် သင်အလိုရှိသလို အသုံးပြုနိုင်ပါပြီ။ နောက်ထပ်ကောင်းတဲ့အချက်တစ်ခုက ChatGPT လည်း ပါဝင်တာကြောင့် သင် အလိုရှိသလို ChatGPT အကူအညီနဲ့ အသုံးပြုနိုင်ပါပြီ။ PDF ထဲမှာရေးသားထားတဲ့စာတွေက ရှည်လွန်းနေလို့ အတိုချုပ်ရေးချင်တဲ့အခါ ChatGPT ကို မေးမြန်းနိုင်ပြီး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

လုပ်ငန်းခွင်က လူတိုင်းအတွက် အသုံးတည့်မယ့် PDFGear 1

PDFGear ကို WindowsOS, MacOS နှင့် iOS တို့မှာ Free ရယူနိုင်ပါတယ်။ လက်ရှိမှာ လုံး၀ Free အသုံးပြုနိုင်ပြီး တစ်ချိန်ကျရင်တော့ ဒီထက်ကောင်းတဲ့ Features တွေနဲ့ Subscription Fees ရှိမှာဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ Tool ဖြစ်ပြီး လူတိုင်းအသုံးတည့်နိုင်တာကြောင့် Download လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Exit mobile version