လိုအပ်မှုအများဆုံးဖြစ်နေတဲ့ Freelance Jobs ၃ ခု

သင်က လူငယ်တစ်ယောက် (သို့) လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး ရုံးတွေမှာ အလုပ်လုပ်ရတာ မကြိုက်တဲ့လူတစ်ယောက်ဆိုရင် freelance အလုပ်က သင့်အတွက်အဆင်ပြေဆုံး အလုပ်ဖြစ်ပါတယ်။ Freelance အလုပ်တွေများစွာထဲမှာမှ ယခုချိန်မှာ လိုအပ်မှုအများဆုံးဖြစ်နေတဲ့ အလုပ် ၃ ခု က

၁။ Video Editing

လိုအပ်မှုအများဆုံးဖြစ်နေတဲ့ Freelance Jobs ၃ ခု 1

ဟိုအရင်ကာလက Video Editing လို့ပြောလိုက်တဲ့အခါ ရုပ်ရှင်တွေအတွက် edit လုပ်တာနှင့် ပွဲလမ်းသဘင်အတွက်ပဲ သိခဲ့ကြပါတယ်။ အင်တာနက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့အခါမှာတော့ social media တွေအတွက် video editing skills က တော်တော်ကျယ်ပြန့်လာပါတယ်။ သင့်မှာ အစွမ်းအစရှိရင် ရှိသလောက် video editing ကို စိတ်ကြိုက်လုပ်နိုင်ပြီး ရွေးချယ်စရာလည်း များလာခဲ့ပါတယ်။ ယနေ့ခတ်မှာတော့ AI ရဲ့ အကူအညီနှင့်အတူ video editing skills တွေက လွန်စွာမှ တွင်ကျယ်လာခဲ့ပါတယ်။ သင်က video editing လုပ်ရတာ ဝါသနာပါတဲ့လူတစ်ယောက်ဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက်တွေကို Youtube, Facebook မှ တစ်ဆင့် promotion လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်က အခြားသူတွေကို ဝန်ဆောင်မှု ပေးချင်တယ်ဆိုရင်တော့ freelance platform ဖြစ်တဲ့ Fiverr တို့လိုနေရာမှာ အခကြေးငွေတစ်ခု သတ်မှတ်ပြီး ဝန်ဆောင်မှု ပေးနိုင်ပါတယ်။

၂။ Social Media Management and Content Creation

လိုအပ်မှုအများဆုံးဖြစ်နေတဲ့ Freelance Jobs ၃ ခု 2

လူငယ်တွေအနေနှင့် social media ကို အသုံးပြုမှုနှုန်းထားက တစ်နေ့ထက်တစ်နေ့မြင့်တက်လာပါတယ်။ လူငယ်တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ရောင်းချတဲ့ ကုန်ပစ္စည်းတွေနှင့် ဝန်ဆောင်မှုတွေက social media မှာ သေချာပေါက် ကြော်ငြာဖို့လိုအပ်ပါတယ်။ သင်က content တွေကို create လုပ်ရတာ ဝါသနာပါပြီး ဝန်ဆောင်မှုပေးချင်တယ်ဆိုရင် ဒီအလုပ်ကို သင်စလုပ်လို့ရပါပြီ။ AI တွေရဲ့ တိုးတက်ပြောင်းလဲမှုတွေကိုလည်း မျက်ခြေမပြတ် လေ့လာပြီး သင့်အလုပ်အတွက် အသုံးချဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ရေရှည်မှာ သင်ကိုယ်တိုင် လုပ်ငန်းတစ်ခုကို ဦးဆောင်ပြီး အဖွဲ့သားတွေနှင့် run လို့ရနိုင်ပါပြီ။ Project အပေါ်မူတည်ပြီး သင့်ရဲ့နှုန်းထားတွေကို သတ်မှတ်လို့ရပါတယ်။

၃။ Mobile App Development

လိုအပ်မှုအများဆုံးဖြစ်နေတဲ့ Freelance Jobs ၃ ခု 3

Mobile App တွေဖန်တီးဖို့ဆိုရင်တော့ programming language တွေ တက်ထားဖို့လိုအပ်ပါတယ်။ အနည်းဆုံး Python language ကို ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ထားရပါမယ်။ လူတိုင်းအသုံးပြုနေတဲ့ ဖုန်းတွေအတွက် လိုအပ်တဲ့ App တွေဖန်တီးပေးဖို့အလုပ်က လိုအပ်မှုအများဆုံးဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့ project အပေါ်မူတည်ပြီး နှုန်းထားတွေကို သတ်မှတ်နိုင်ပါတယ်။ ကွန်ပျူတာကောင်းကောင်းတစ်လုံး၊ အင်တာနက်ကောင်းကောင်းနှင့် သင့်ရဲ့ skills တွေကို ပေါင်းစပ်လိုက်ရင် ဒီအလုပ်ကို စလုပ်လို့ရပါပြီ။

အပေါ်က ဖော်ပြခဲ့တဲ့အလုပ်တွေက အိမ်မှာ ကွန်ပျူတာနှင့် အင်တာနက်ရှိရုံနှင့် အလုပ်တွေကို လုပ်နိုင်ပါပြီ။ လိုအပ်တဲ့ skills တွေကို သင့်ဘက်က ပြင်ဆင်ထားဖို့တော့လိုပါတယ်။ နည်းပညာနှင့် ပတ်သက်တဲ့အလုပ်တွေက အသက်အကန့်အသတ်မရှိပဲ သင့်ရဲ့ကျွမ်းကျင်မှုနှင့်ဗဟုသုတတွေအပေါ်မူတည်ပြီး သင့်ရဲ့ ဝင်ငွေကလည်း ကောင်းတာကြောင့် စဉ်းစားသင့်တဲ့အလုပ်တွေထဲမှာ ပါပါတယ်။ ငွေကြေးအများကြီးကုန်ကျဖို့မလိုပဲ သင့်ရဲ့ skills ကျွမ်းကျင်ရုံနှင့် ဝင်ငွေလည်း ဖြောင့်ပါတယ်။

Exit mobile version