လာမည့် ၂၅ နှစ်မှာ ခေတ်တစ်ခေတ်ကို ပုံဖော်ပေးမယ့် နည်းပညာ ၃ မျိုး

၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ ကွန်ပျူတာလောကက ခေတ်တစ်ခေတ်ကို စတင်ပုံဖော်ခဲ့ပါတယ်။ လူတွေရဲ့ နေထိုင်မှုပုံစံ၊ ဆက်သွယ်ရေးနှင့် အလုပ်အကိုင်တွေရဲ့ အခန်းတွေမှာ ပုံဖော်လာခဲ့ပါတယ်။ သာမန် လုပ်နေကျ အလုပ်ကတစ်ဆင့် ကွန်ပျူတာသုံးပြီး လုပ်ရတဲ့ အလုပ်တွေက ပိုမြန်ဆန် တိကျပြီး အလုပ်ပိုတွင်တာကြောင့် လူတွေက ကွန်ပျူတာကို အသုံးများလာကြပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ကွန်ပျူတာရဲ့ အရေးကြီးပုံက လူတွေရဲ့ နေစဉ်ဘ၀မှာ မရှိမဖြစ်လိုအပ်လာပါတယ်။ လမ်းပန်းဆက်သွယ်ရေးအပါအဝင် သာမန်လုပ်တဲ့ အလုပ်တွေကအစ ကွန်ပျူတာက မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်လာခဲ့ပါတယ်။ ယနေ့မှာတော့ ကွန်ပျူတာ လောကက အရှိန်အဟုန်မြင့်စွာ ပြောင်းလဲတိုးတက်လာပြီ ဖြစ်ပါတယ်။ နောင်လာမည့် ၂၅ နှစ်အတွင်းမှာတော့ အရေးကြီးဆုံး နည်းပညာ ၃ မျိုးက ခေတ်တစ်ခေတ်ကို ပုံဖော်ပေးလာနိုင်ပါတယ်။

၁။ Artificial Intelligence

လာမည့် ၂၅ နှစ်မှာ ခေတ်တစ်ခေတ်ကို ပုံဖော်ပေးမယ့် နည်းပညာ ၃ မျိုး 1

AI ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ AI တွေရဲ့ တွက်ချက်တဲ့ စွမ်းရည်မြင့်မားလာတာနှင့်အမျှ သူ့ကို ကိုင်တွယ်နိုင်ဖို့ အကောင်းစား Processor chipsets တွေ လိုအပ်လာပါတယ်။ အစမှာတော့ စမ်းသပ်ကာလဖြစ်ပေမယ့် နောင် ၂၅ နှစ်အတွင်းမှာတော့ ယနေ့ အကောင်းဆုံးဆိုတဲ့ Chipset က AI ကို အသုံးပြုဖို့အတွက်ဆိုရင်တော့ နောက်ကျသွား နိုင်ပါတယ်။

၂။ Quantum Computing

လာမည့် ၂၅ နှစ်မှာ ခေတ်တစ်ခေတ်ကို ပုံဖော်ပေးမယ့် နည်းပညာ ၃ မျိုး 2

ကွန်ပျူတာတွေထဲမှာ အမြန်ဆုံးဖြစ်တဲ့ Quantum Computer တွေကို အသုံးပြုမှုနည်းနေကြပေမယ့် နောင် ၂၅ နှစ်အတွင်းမှာတော့ Quantum Computer တွေက လူတွေရဲ့ နေ့စဉ်ဘ၀မှာ လိုအပ်တဲ့အရာဖြစ်လာပါမယ်။ ကျန်းမာရေးနှင့် ပတ်သက်တဲ့ ခွဲစိတ်မှု၊ လမ်းပန်းဆက်သွယ်ရေးမှာ တွက်ချက်ပေးတဲ့နေရာ၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ လိုအပ်လာမှာ ဖြစ်ပါတယ်။ ထို့အပြင် AI power ကို ကိုင်တွယ်နိုင်ဖို့ မရှိမဖြစ်လိုအပ်လာတဲ့ အရာဖြစ်လာနိုင်ပါတယ်။

၃။ 2D World မှ 3D World သို့

လာမည့် ၂၅ နှစ်မှာ ခေတ်တစ်ခေတ်ကို ပုံဖော်ပေးမယ့် နည်းပညာ ၃ မျိုး 3

လက်ရှိလုပ်နေကြတဲ့ အလုပ်တွေမှာ 2D (2 Dimensions) သာ လိုအပ်နေပေမယ့် နောင် ၂၅ နှစ်အတွင်းမှာတော့ အလုပ်လုပ်တဲ့အခါ 3D တွေလိုအပ်လာမှာဖြစ်ပါတယ်။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့နေရာမှာ 3D နည်းပညာကို အသုံးပြုဖို့အတွက် Headset ဝတ်ဆင်လိုက်ရုံနှင့် ကိုယ်လိုချင်တဲ့ Design ကို အတိအကျ မြင်တွေ့လာရနိုင်ပါတယ်။ လက်ရှိ ပူပူနွေးနွေးထွက်ထားတဲ့ Apple Vision Pro လို Headset တွေ အများကြီးတွေ့ရနိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းတွေမှာ 2D ထက် 3D နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပါတယ်။ Online မှာ စျေးဝယ်တာအစ Headset ဝတ်ဆင်ထားရုံနှင့် ကိုယ်လိုချင်တဲ့ အရာကို မြင်တွေ့ရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Exit mobile version