လစာကောင်းတဲ့ Remote Jobs များ

Remote Jobs တော်တော်များများက ကွန်ပျူတာနဲ့အင်တာနက် ရှိရုံနဲ့ ကြိုက်တဲ့နေရာမှာ လုပ်နိုင်တဲ့အလုပ်တွေဖြစ်ပါတယ်။ သင်က ရုံးသွားရတာ ကြိုက်တဲ့လူမျိုးမဟုတ်ပဲ အိမ်မှာပဲနေပြီး လစာများများလိုချင်တဲ့လူဖြစ်ရင်တော့ အခုပြောပြမယ့်အကြောင်းအရာလေးကို အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။ အခုပြောပြမယ့် အလုပ်တွေက မြန်မာနိုင်ငံမှာတော့ ရှားပါးပြီး အခြားနိုင်ငံတွေမှာတော့ တော်တော်များများလုပ်ကြတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်တွေကို သင်လုပ်မယ်ဆိုရင်တော့ ပထမဆုံးမရှိမဖြစ် အရေးကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ်စာကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုပါတယ်။ Covid-19 ကာလမှာရော၊ ပြီးသွားတဲ့ကာလမှာပါ Remote Jobs တွေက လစာကောင်းပြီး ရပ်တည်နိုင်တာကြောင့် သင့်အနေနဲ့အခြေခံလောက် တတ်မြောက်ထားရင်တောင် အများကြီးအလုပ်ဖြစ်နိုင်ပါတယ်။ Remote Jobs တွေကို လေ့လာသင်ယူဖို့အတွက် coursea.org ဆီက တစ်ဆင့်သင်ယူနိုင်ပါတယ်။ Subscription Fees အနေနှင့် တစ်လကို ဒေါ်လာ ၄၀ ကုန်ကျမှာဖြစ်ပါတယ်။

၁။ Computer Support Specialist (Salary = $51,722)

Computer Support Specialists အလုပ်ကို Computer Technician / IT Support Specialist လို့လည်း ခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့တာဝန်ကတော့ လုပ်ငန်းတွေမှာရှိတဲ့ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ Software နှင့် Network ပိုင်းတွေကို တာဝန်ယူရတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ Software Error နှင့် အခြားသော Security ပိုင်းတွေကို သင့်ကွန်ပျူတာနှင့် ထိန်းချုပ်စောင့်ကြည့်ပေးရမှာ ဖြစ်ပါတယ်။

၂။ Social Media Manager (Salary = $51,470)

Social Media Manager ကတော့ မြန်မာနိုင်ငံမှာလည်း လူငယ်တော်တော်များများလုပ်လာကြတာ တွေ့ရပါတယ်။ အဓိက Facebook နှင့်အခြားသော Social Media apps တွေမှာ လုပ်ငန်းတွေရဲ့ ပစ္စည်းတွေကို ကြော်ငြာပေးရတာဖြစ်ပါတယ်။ ဒီအလုပ်ကို လုပ်ဖို့အတွက်က Digital Marketing Companies တွေမှာ Junior အနေနှင့် ဝင်ရောက်လုပ်ကိုင်နိုင်သလို​ Meta Social Media Marketing ကတစ်ဆင့် သင်တန်းကို တတ်ရောက်နိုင်ပါတယ်။

လစာကောင်းတဲ့ Remote Jobs များ 1

၃။ Data Analyst (Salary =$70,163)

Data Analyst ဆိုတာကတော့ Company တစ်ခုမှာ လုပ်ငန်းတွေရဲ့ Data တွေကို စီမံခန့်ခွဲပေးရတာပဲ ဖြစ်ပါတယ်။ ဒီအလုပ််လုပ်ဖို့ ကွန်ပျူတာနှင့် အင်တာနက်ပဲ လိုအပ်ပါတယ်။ သင်တန်းတက်ရောက်ဖို့အတွက် Coursea ကလည်း သင်ယူနိုင်ပါတယ်။ သင်တန်းပြီးဆုံးသွားတဲ့အခါမှာတော့ Computer programming language တွေကို အခြေခံ သိသွားနိုင်ပါတယ်။

၄။ Information Security Analyst (Salary = $90,413)

ဒီအလုပ်ကတော့ Company မှာရှိတဲ့ Data တွေကို မသမာသူတွေလက်ထဲက ကာကွယ်ရမာ့်အလုပ်ဖြစ်ပါတယ်။ အဓိက Cybersecurity အပိုင်းကို တာဝန်ယူရပြီး Data တွေမပေါက်ကြားအောင် စောင့်ကြည့်ရမယ့် အလုပ်ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်မှာ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းမှာတင် မီလီယံနဲ့ချီတဲ့ Information Security Analyst အလုပ်တွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီ Course ကို Coursea က တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးတဲ့အခါ IBM ကပေးတဲ့ Certificate လည်းရမှာဖြစ်ပါတယ်။

၅။ Data Scientist (Salary = $126,845)

နံပါတ်တွေနဲ့ အလုပ်လုပ်ရတာကြိုက်တဲ့လူတစ်ယောက်ဆိုရင်တော့ ဒီအလုပ်က သင့်အတွက်ပါပဲ။ AI Machine Learning တွေကို အသုံးပြုရပြီး များပြားလှတဲ့ Data တွေကို လုပ်ငန်းတစ်ခုလုံးခြုံငုံပြီး ကြည့်နိုင်တဲ့ Data အဖြစ်ပြောင်းလဲပေးရမှာဖြစ်ပါတယ်။

၆။ Web or Software Developer (Salary = $80,000 to $90,000)

Websites တွေနှင့် Phone Apps Software တွေကို ပြင်ဆင်ပေးရတဲ့အလုပ်ဖြစ်ပြီး Companies တွေနှင့် သဘောတူညီမှုယူထားတဲ့အတိုင်း လုပ်ပေးရမှာဖြစ်ပါတယ်။ Programming Language တွေကို နားလည်သိထားဖို့လည်း လိုအပ်ပါတယ်။

Exit mobile version