ပွဲဦးထွက်မပြခင်မှာ ပေါက်ကြားသွားတဲ့ Google Pixel 8a မှာပါဝင်လာမယ့် AI Feature များ

Google က လာမယ့် မေလ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တဲ့ Company ရဲ့ I/O 2024 Conference ပွဲမှာ Google Pixel 8a နဲ့ ၎င်းမှာ ထည့်သွင်းထားတဲ့ AI Feature များကို ပွဲဦးထွက်အနေနဲ့ မိတ်ဆက်သွားမှာ ဖြစ်မယ်လို့ သိရပါတယ်။ I/O 2024 Conference ပွဲမတိုင်မှီ Google Pixel 8a မှာပါဝင်တဲ့ AI Feature များက ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

ပွဲဦးထွက်မပြခင်မှာ ပေါက်ကြားသွားတဲ့ Google Pixel 8a မှာပါဝင်လာမယ့် AI Feature များ

Google Pixel 8a မှာပါဝင်တဲ့ AI Feature များထဲကမှ “Best Take” Function က အဖွဲ့လိုက်ဓာတ်ပုံရိုက်တာတဲ့ နေရာမှာ အသုံးဝင်တဲ့ Function ဖြစ်ပါတယ်။ “Best Take” Function က ဓာတ်ပုံရိုက်တဲ့ အခါ သူက အချက်ပေါင်းများစွာရိုက်ထားပေးပြီး တစ်ပုံထည်းမှာ လိုအပ်တဲ့နေရာမှာ ပြင်လို့ရမှာ ဖြစ်ပါတယ်။ အားလုံးသိပြီးသားဖြစ်တဲ့ Google ရဲ့ Circle to Search Feature လဲပါဝင်တာ ဖြစ်ပါတယ်။ Voice Call နဲ့ live Call များကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်မယ့် “Live Translate” Feature လဲ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ခုက Phone Video Camera ကိုရိုက်ကူးပြီးသား Video များထဲက background noise များကို ဖယ်ရှားပေးနိုင်တဲ့ “Audio Magic Eraser” Feature လဲပါဝင်မှာ ဖြစ်ပါတယ်။ 2024, Google I/O Developer Conference ပွဲမှာ AI Feature များအပြင် Android OS Update နဲ့ Security update များပါ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version