ပထမဦးဆုံး Nuralink ရဲ့ patient က စိတ်ထဲကစဉ်းစားလိုက်ရုံနှင့် ကွန်ပျူတာ mouse ကို ရွေ့နိုင်မယ်လို့ ပြောလိုက်တဲ့ Elon Musk

Elon Musk ရဲ့ Nuralink ကို စမ်းသပ်မှုလုပ်နေတဲ့ကာလတစ်လျှောက် တိုးတက်မှုတွေရှိလာခဲ့ပါတယ်။ ပထမဦးဆုံးစတင် မိတ်ဆက်တုန်းက မျောက်တစ်ကောင်နှင့်စမ်းသပ်ပြပြီး ယခုမှာတော့ လူတွေနှင့် စမ်းသပ်တာ အောင်မြင်နေပြီဖြစ်ပါတယ်။ ပထမဦးဆုံးစမ်းသပ်တဲ့လူနာက အခုချိန်မှာ ကျန်းမာရေးကောင်းမွန်နေပြီး စိတ်ထဲကစဉ်းစားလိုက်ရုံနှင့် computer mouse ကို ရွေ့နိုင်နေပြီလို့ X မှာ ပြောကြားခဲ့ပါတယ်။ Nuralink ရဲ့ ရည်ရွယ်ချက်က မျက်စိမမြင်တဲ့လူတွေ၊ ဆွံအနေတဲ့လူတွေနှင့် ကိုယ်လက်မသန်စွမ်းသူတွေအတွက် နဂိုအတိုင်းပြန်လည်ကောင်းမွန်အောင် လုပ်ပေးဖို့ ဆန္ဒပဲဖြစ်ပါတယ်။

ပထမဦးဆုံး Nuralink ရဲ့ patient က စိတ်ထဲကစဉ်းစားလိုက်ရုံနှင့် ကွန်ပျူတာ mouse ကို ရွေ့နိုင်မယ်လို့ ပြောလိုက်တဲ့ Elon Musk 1

ဇန်နဝါရီလမှာ ပထမဦးဆုံး​ Nuralink က လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ Chipset ကို ထည့်သွင်းပြီး စမ်းသပ်ခဲ့တာ အောင်မြင်ခဲ့ပါတယ်။ ယခုချိန်မှာ ထိုလူနာက ကျန်းမာရေးကောင်းမွန်နေပြီး လူကောင်းပကတိတစ်ယောက် ဖြစ်နေပါတယ်။ Nuralink ရဲ့ CEO ဖြစ်တဲ့ Elon Musk က လူတစ်ယောက်က စဉ်းစားလိုက်ရုံနှင့် ခလုတ်တွေကိုများစွာ နှိပ်သလိုမျိုးလုပ်ဆောင်နိုင်အောင် ကြိုးစားထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုအချက်တွေထဲမှာ ကွန်ပျူတာ mouse ကို လက်နှင့်ကိုင်စရာမလိုပဲ ဦးနှောက်ထဲက စဉ်းစားရုံနှင့် mouse ရွေ့သွားတာမျိုး ပါဝင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ U.S Food and Drug Administration က ခွင့်ပြုချက်ရပြီး Nuralink က ပထမဦးဆုံးလူသားနှင့် စမ်းသပ်တာဖြစ်ပါတယ်။ အခြားဆေးဖက်ဆိုင်ရာ သုတေသနလုပ်တဲ့ companies တွေကတော့ Nuralink လိုမျိုး approve ရဖို့က အဆင့်တွေအများကြီးကျော်ဖြတ်ရပေမယ့် Nuralink ကတော့ ထူးခြားစွာပဲ FDA က ​approve ကို အချိန်တိုအတွင်းမှာပဲ ရရှိခဲ့ပြီး စမ်းသပ်မှုလည်း အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Exit mobile version