နှစ်ပေါင်း လေးဆယ် တိုင်ခဲ့ပြီဖြစ်တဲ့ Super Mario ဂိမ်း

Super Mario Game လို့ပြောလိုက်တာနဲ့ ကလေးရောလူကြီးပါ မသိတဲ့လူမရှိသလောက် ရှားပါတယ်။ ဒီနှစ်ထဲမှာတွင် ထွက်ထားတဲ့ Mario animated ရုပ်ရှင်ကလည်း ရုံဝင်ငွေ ဘီလီယံနဲ့ချီပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။

Mario Game ရဲ့ သမိုင်းအစ

၁၉၈၀ခုနှစ် အစောပိုင်းက ဂျပန်နိုင်ငံမှ Nintendo Game ကုမ္ပဏီက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က ဂိုဒေါင်သေးလေးတစ်ခုမှာ စတင် အခြေချခဲ့ပါတယ်။ ထိုအချိန်တုန်းက ဂိုဒေါင်ပိုင်ရှင်ဖြစ်တဲ့ Mario Segale က ရက်ကျော်နေတဲ့ အိမ်ငှားခကို Nintendo Game ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ Minoru Arakawa ဆီလာရောက် တောင်းခံပါတယ်။ လူအများရှေ့မှာ တောင်းခံတာကြောင့် Minoru Arakawa က စိတ်တိုသွားပြီး ရှက်လည်းရှက်သွားခဲ့ပါတယ်။ ထိုအချိန်က Donkey Kong game တီထွင်ခဲ့တဲ့လူတွေကလည်း သူတို့ ပေးထားတဲ့ ဂိမ်းအသစ်နာမည်ကို ပြောင်းဖို့ အကြံရသွားခဲ့ပါတယ်။ ဂိမ်းအသစ်ကို ဂိုဒေါင်ပိုင်ရှင်နာမည် “Mario” ဆိုပြီး ပေးလိုက်ပါတယ်။ Mario Game နာမည်မပေးခင်က အရင်တုန်းက Jumpman and Ossan ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ၁၉၈၃ နောက်ပိုင်းမှာတော့ မာရီယိုဂိမ်းက ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့ပါတယ်။

နှစ်ပေါင်း လေးဆယ် တိုင်ခဲ့ပြီဖြစ်တဲ့ Super Mario ဂိမ်း 1

ထိုအချိန်မှစပြီး မာရီယိုဂိမ်း​ franchise မှ ဝင်ငွေတွေလည်း အများကြီးရရှိခဲ့ပါတယ်။ မာရီယိုဂိမ်းကို မွေးဖွားပေးခဲ့တဲ့ Nintendo ကုမ္ပဏီမှ ဝင်ငွေတော်တော်များများက mario game က ရရှိခဲ့တဲ့ ဝင်ငွေတွေပဲ ဖြစ်ပါတယ်။ အခြားနာမည်ကြီး ဂိမ်းကုမ္ပဏီတွေ ထိုအချိန်က ကျရှုံးသွားခဲ့ပေမယ့် Nintendo ကုမ္ပဏီကတော့ မာရီယိုဂိမ်းနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ မာရီယိုဂိမ်းတွေက ပုံစံမျိုးစုံနဲ့ထွက်ရှိလာပြီး လူကြိုက်အများဆုံးဂိမ်းတွေထဲမှာ ထိပ်တန်းနေရာက ရပ်တည်နေဆဲပါပဲ။ ဂျပန်နိုင်ငံအတွက်လည်း ဂုဏ်ယူရတဲ့ သမိုင်းဝင် မှတ်တမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

Exit mobile version