ဓါတ်ဆီဆိုင်နှင့် လျှပ်စစ်ကားတွေအားသွင်းတဲ့ Charging Stations တွေရဲ့ အနာဂတ်

ကမ္ဘာပေါ်က Shell ဓါတ်ဆီဆိုင်တော်တော်များများမှာ လျှပ်စစ်ကားတွေအတွက် အားသွင်းဖို့ EV Station တွေကို တည်ဆောက်ပြီးသားဖြစ်နေပါပြီ။ ဘန်ကောက်အပါအ၀င် ဥရောပနိုင်ငံတော်တော်များများက သတ်မှတ်ထားတဲ့ Shell ဓါတ်ဆီဆိုင်တွေမှာ လျှပ်စစ်ကားတွေကို အားသွင်းနိုင်နေပါပြီ။ သို့ပေမယ့် လျှပ်စစ်ကားတွေအတွက် သီးသန့် Stations တွေထားပေးဖို့က ကုန်ကျစရိတ်တွေ ရှိနေပါသေးတယ်။ အင်ဂျင်ကားစီးတဲ့သူတွေအနေနှင့် လျှပ်စစ်ကားတွေရဲ့ Trend ကို သိထားဖို့လိုပါတယ်။

လျှပ်စစ်ကားတွေမှာ အားသွင်းနိုင်တဲ့ Charging Level သုံးမျိုးရှိပါတယ်။ Level 3 က အမြင့်ဆုံးဖြစ်ပြီး သာမန်လျှပ်စစ်ကားတွေကို အားသွင်းနိုင်တဲ့ ဆေးရုံ၊ အလုပ်ရုံတွေမှာတော့ မရှိတက်ပါဘူး။ Level 3 တွေကို ဆီဆိုင်တော်တော်များများမှာ တည်ဆောက်ဖို့ Companies ကြီးတွေက ပြင်ဆင်နေကြပါတယ်။ ဒီအထဲမှာ Shell အပါအဝင် အခြားနာမည်ကြီး ဓါတ်ဆီ Companies တွေက တည်ဆောက်ဖို့ စတင်နေကြပါပြီ။ ဓါတ်ဆီဆိုင်အချို့ကလည်း ကမ္ဘာတစ်ဝိုက်နဲ့ တိုင်းတာရင်တော့​ လျော့ကျလာတာကို တွေ့ရပါတယ်။ Shell Company အနေနဲ့ ၂၀၃၀ ခုနှစ်မှာ EV Charging Station ပေါင်း နှစ်သိန်းကျော်ကို ကမ္ဘာအနှံ့မှာ အပြီးတည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

ဓါတ်ဆီဆိုင်နှင့် လျှပ်စစ်ကားတွေအားသွင်းတဲ့ Charging Stations တွေရဲ့ အနာဂတ် 1

Level 3 Charging တစ်ခု တည်ဆောက်ဖို့ ကုန်ကျစရိတ်က Softwareနှင့် Hardware ပေါင်းပြီး တစ်ခုကို အမေရိကန်ဒေါ်လာ ငါးသောင်းကုန်ကျနိုင်တယ်လို့ Charging Station တွေတည်ဆောက်နေတဲ့ Company တစ်ခုက ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။ အခုအချိန်မှာတော့ ကုန်ကျစရိတ်တွေများနေပေမယ့် နောက်ဆယ်နှစ်မှာတော့ EV Charging Stations တွေက နေရာအနှံ့မှာ အသုံးဝင်လာနိုင်ပြီး ကုန်ကျစရိတ်သက်သာလာနိုင်မယ်လို့လည်း သုံးသပ်ထားကြပါတယ်။ EV Stations တွေတည်ဆောက်ရင် အဓိကအကျိုးရှိမယ့် လုပ်ငန်းတွေကတော့ ကော်ဖီဆိုင်တွေနှင့် ကုန်စုံဆိုင်တွေပဲ ဖြစ်ပါတယ်။ ကားအားသွင်းနေတဲ့အချိန်မှာ ပစ္စည်းဝယ်ယူနိုင်ပြီး ကော်ဖီထိုင်သောက်နေရုံနှင့် ဆိုင်တွေက အလုပ်ဖြစ်မှာ သေချာနေပါတယ်။ အင်ဂျင်ကားစီးတဲ့သူတွေအနေနှင့် ဆီဆိုင်တွေကတော့ အဆင်ပြေပြီး လျှပ်စစ်ကားအသုံးပြုတဲ့လူတွေအနေနှင့် နောက်ဆယ်နှစ်အတွင်းမှာတော့ ကမ္ဘာက နေရာအနှံ့တော်တော်များများမှာ Charging Station တွေ လမ်းပေါ်ရှိနေတော့မှာ ဖြစ်ပါတယ်။

Exit mobile version