ဒေါ်လာ ၅၀၀ အရင်းပြုပြီး ၁၀၀ မီလီယံ ရောင်းအားရှိတဲ့ လုပ်ငန်းအဖြစ်ပြောင်းလဲခဲ့တဲ့ Nurse မလေး

အမေရိကန်နိုင်ငံက Courtney Adeleye ဆိုသူက သူမရဲ့ ဆံကေသာအတွက် Chemical မပါတဲ့ သဘာ၀ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ Product ကို စျေးကွက်မှာ ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမတွေ့တဲ့အခါမှာတော့ ကိုယ်တိုင်ကိုယ်ကျ သဘာ၀ပစ္စည်းတွေနဲ့ ဖော်စပ်ပြီးပြုလုပ်ထားတဲ့ Product အကြောင်း Videos တွေကိုဖန်တီးခဲ့ပါတယ်။ Youtube မှာ သူမရဲ့ ပရိတ်သတ် အခိုင်အမာရရှိလာခဲ့ပြီးနောက်ပိုင်းမှာတော့ ကိုယ်ပိုင် Product တွေစတင်ရောင်းချခဲ့ပြီး အောင်မြင်မှုရရှိလာခဲ့ပါတယ်။

ဒေါ်လာ ၅၀၀ အရင်းပြုပြီး ၁၀၀ မီလီယံ ရောင်းအားရှိတဲ့ လုပ်ငန်းအဖြစ်ပြောင်းလဲခဲ့တဲ့ Nurse မလေး 1

သူမရဲ့ပရိတ်သတ်တွေက သူမရဲ့ဆံကေသာအလှတရားကို ကျေနပ်ကြပြီး သူမသုံးတဲ့ Product တွေကို တိုက်ရိုက်ဝယ်ယူအားပေးကြပါတယ်။ ဒေါ်လာ ၅၀၀ ပထမဦးဆုံးစတင်ရရှိခဲ့ပြီး ထိုငွေကြေးနဲ့ပဲ သူမရဲ့ လုပ်ငန်းကို အစပျိုးခဲ့ပါတယ်။ Product နာမည်ကတော့ “The Mane Choice” ဆိုပြီးအမည်မှည့်ခဲ့ပါတယ်။ ဆံကေသာမျိုးစုံအတွက် သင့်တော်တဲ့ Product ရှိပြီး အမျိုးသမီးတွေ အကြိုက်တွေ့မယ့် Product လည်းဖြစ်ပါတယ်။ သုံးနှစ်အတွင်း သူမအိမ်ကတစ်ဆင့်ရောင်းရတဲ့ ရောင်းအားက အမေရိကန်ဒေါ်လာ ၁၀မီလီယံရှိပါတယ်။ နောက်ထပ်နှစ်နှစ်အတွင်းမှာတော့ သူမက အမေရိကန်နိုင်ငံမှာရှိတဲ့ အလှကုန်ပစ္စည်းဆိုင်ပေါင်း ၆၀၀၀၀ ကျော်နဲ့ ပါတနာဖွဲ့ပြီး ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ အများပိုင်ရှယ်ယာပိုင် Company အဖြစ် မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း သူမရဲ့အခြား Companies တွေဖြစ်တဲ့ Cool Coffee Clique ၊ Foolproof Body နှင့်အခြား လုပ်ငန်းတွေလည်း မိတ်ဆက်ခဲ့ပါတယ်။

The Mane Choice ရဲ့ Product များ

သူမရဲ့ပြောကြားချက်အရ Nurse ဖြစ်လာရတာက လူအချို့ကို ကျန်းမာတဲ့ဘ၀နေထိုင်အောင် ကူညီချင်တဲ့ စိတ်ကြောင့်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လူတိုင်းကို ကျန်းမာပြီး ပျော်ရွှင်တဲ့ဘ၀ ပိုင်ဆိုင်ချင်တဲ့စိတ်ကြောင့် Nurse ဖြစ်လာရတာလို့ပြောကြားခဲ့ပါတယ်။ ယခု သူမလုပ်တဲ့ လုပ်ငန်း​ရဲ့ရည်ရွယ်ချက်ကလည်း လူတိုင်းကို ကျန်းမာပြီး ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်စေခြင်တာပဲ ဖြစ်ပါတယ်။

သူမက လူမဲတစ်ယောက်ဖြစ်ပြီး အချို့လူတွေက သူမရဲ့ Products တွေက လူမဲတွေအတွက် ထုတ်လုပ်ထားတဲ့ Product လို့ယူဆကြတာမျိုးလည်း ရှိပါတယ်။ သူမကတော့ ဒီအတွေးအခေါ်မျိုးဟာ မမှန်ကြောင်းနှင့် သူမရဲ့​ ပစ္စည်းတွေက လူမျိုးမရွေးဘာသာမရွေး သုံးစွဲလို့ရကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် သူမရဲ့ အကြံပေးချက်တွေက

၁။ အစစ်အမှန်ဖြစ်ပါစေ

၂။ ဖောက်သည်တွေမျှော်လင့်တဲ့အရာကိုပဲ မလုပ်ပါနဲ့။ သူတို့မျှော်လင့်ထားတာထက် ပိုကောင်းအောင် လုပ်ပါ

၃။ သင့်မှာကောင်းမွန်တဲ့ Product မရှိသေးရင် မိတ်မဆက်ပါနဲ့။ ကောင်းအောင် ထပ်ကြိုးစားပါ

၄။ အလွတ်သဘော အကြောင်းအရာတွေက သာမန်မိတ်ဆက်နေကျ အကြောင်းအရာတွေထက် ပိုထိရောက်ပါတယ်။ (မားကတ်တင်း လုပ်တဲ့သဘောကို ဆိုလိုတာဖြစ်ပါတယ်)

၅။ သင့် Product အတွက် သင်ကိုယ်တိုင် လမ်းလျှောက်နေတဲ့ Billboard ဖြစ်လိုက်ပါ

၆။ Customers တွေရှိတဲ့ Platforms အားလုံးမှာ ချိတ်ဆက်ပါ

၇။ Social Media မှာ အမြဲ Active ဖြစ်အောင်နေပါ၊ ဇွဲမလျှော့ပါနဲ့

၈။ သင့် Brand ကို Social Media မှာမဟုတ်ပဲနဲ့ အပြင်မှာလည်း လူတွေနဲ့ ထိတွေ့ချိတ်ဆက်နိုင်အောင် လုပ်ပါ

၉။ ဖောက်သည်တွေအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ပါ

၁၀။ Marketing မလုပ်ခင် သင့် Brand ကို ကောင်းမွန်အောင်တည်ဆောက်ပါ၊ ကောင်းမွန်တဲ့ Brand က ကောင်းမွန်တဲ့ Marketing အလိုအလျောက် လုပ်ပေးနိုင်ပါတယ်

“သင်ကိုယ်တိုင် သင့်လုပ်ငန်းကို အခြားပြိုင်ဖက်တွေထက် သာလွန်တယ်လို့ မမြင်ရင် ဘယ်တော့မှ မသာလွန်နိုင်ပါဘူး။ “ Courtney Adeleye

Exit mobile version