ဒေါ်လာ တစ်ထောင် စျေးရှိနိုင်မယ့် Humane’s AI Pin

Humane’s AI Pin ဆိုတာကတော့ AI နည်းပညာကိုသုံးထားတဲ့ Device တစ်ခုဖြစ်ပါတယ်။ သူ့မှာ ဖုန်း၊ ကွန်ပျူတာတွေလို မျက်နှာပြင်မရှိပေမယ့် ကင်မရာ၊ မိုက်ကရိုဖုန်းနှင့် လေဆာ ပရောဂျက်တာ အသေးစားလေးပါဝင်ပါတယ်။ အရွယ်အစားက ဖုန်းတစ်လုံးထက်သေးငယ်ပြီး အင်္ကျီအိတ်ကတ်မှာ ချိတ်ထားပြီးအသုံးပြုလို့ ရပါတယ်။ မကြာသေးမီကမှ TED မှာ ပြသသွားခဲ့ပါတယ်။ ဖုန်းအဝင် call တွေကို ဖြေဆိုနိုင်ပြီး screen ကြည့်စရာမလိုပဲ လက်ဝါးကို ကြည့်ပြီး အဓိက function တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ ဖုန်းပြောဆိုခြင်း၊ Notification တွေကို ကြည့်ခြင်း စသဖြင့် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

ဒေါ်လာ တစ်ထောင် စျေးရှိနိုင်မယ့် Humane's AI Pin 1

AI Pin ထဲမှာဆိုရင်တော့ Snapdragon Qualcomm Chip ကို အသုံးပြုထားပြီး smartphone speed ကဲ့သို့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဘာသာစကားမတူတဲ့နိုင်ငံကိုရောက်ရင်လည်း ချက်ခြင်းဘာသာပြန်ပေးနိုင်တဲ့ feature လည်းပါဝင်ပါတယ်။

ဒေါ်လာ တစ်ထောင် စျေးရှိနိုင်မယ့် Humane's AI Pin 2

Open AI ရဲ့ ​ChatGPT ကိုလည်းအသုံးပြုထားတယ်လို့လည်း သိရပါတယ်။ Device ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထွက်လာမှ သိနိုင်မှာဖြစ်ပြီး လူတော်တော်များများတော့ နောက်ဆုံးနည်းပညာနှင့် ထွက်လာမယ့် AI Pin ကိုတော့ စိတ်ဝင်စားနေကြပါတယ်။ စျေးနှုန်းအနေနှင့်တော့ ဒေါ်လာတစ်ထောင်ရှိနိုင်ပြီး လစဉ် Subscription ကြေးတွေလည်းရှိနိုင်တယ်လို့လည်း သိရပါတယ်။

Exit mobile version