ဒီနှစ်ထဲမှာ ပြောင်းလဲတော့မယ့် iPad

Apple Fans တွေမျှော်လင့်နေကြတဲ့ iPad ရဲ့ ပြောင်းလဲမှုက မကြာခင်ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။​ သာမန် iPad တစ်လုံးက စျေးတူတဲ့ Window laptop တစ်လုံးထက် စွမ်းဆောင်ရည်ပိုင်းတွေမှာ သာလွန်နေတာကြောင့် လူကြိုက်များတဲ့ device တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ထွက်ရှိထားတဲ့ M1 iPad Pro တွေရဲ့ စွမ်းဆောင်ချက်က ထူးခြားကောင်းမွန်နေပြီး Apple ကိုယ်တိုင် “What’s a computer?” ဆိုပြီး iPad တစ်လုံးရှိရုံနဲ့ ကွန်ပျူတာတစ်လုံးကို​တောင် မလိုအပ်တော့တဲ့အကြောင်း ကြော်ငြာခဲ့ပါတယ်။ တစ်ကယ့်လက်တွေ့မှာတော့ iPad ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်နေပေမယ့် iPad အတွက် computer apps တွေလိုမျိုးက မထွက်ရှိလာသေးပါဘူး။ OLED display, Big Screen တွေကြောင့် iPad က အသုံးပြုရတာကောင်းမွန်လာပြီး ကင်မရာလည်း ပါဝင်တာကြောင့် အင်မတန်အသုံးဝင်တဲ့ device တစ်ခုလို့ပြောနိုင်ပါတယ်။ ကျောင်းသားတွေအတွက်လည်း အထူးသင့်တော်တဲ့ device တစ်ခုလို့လည်း ပြောနိုင်ပါတယ်။

ဒီနှစ်ထဲမှာ ပြောင်းလဲတော့မယ့် iPad 1

ဒီနှစ်မှာတော့ Apple က Pro series ရော Air series တွေမှာပါ Apple Silicon chipset တွေဖြစ်တဲ့ M2, M3 တွေနဲ့ထွက်ရှိလာမယ်လို့ အားလုံးက ယုံကြည်ထားကြပါတယ်။ မျက်နှာပြင်အနေနှင့်လည်း ရွေးချယ်စရာတွေ များလာမယ်လို့ သတ်မှတ်ထားကြပါတယ်။ သာမန် laptop size အပြင် Tablet size တွေနှင့်လည်း ထွက်ရှိလာနိုင်တာကြောင့် လူကြိုက်များနိုင်မယ့် iPad series တွေဖြစ်လာနိုင်ပါတယ်။ Apple silicon chipset တွေဖြစ်တဲ့ M2, M3 တွေကို ထည့်သွင်းလာရတဲ့ ရည်ရွယ်ချက်ကတော့ AI ကို ကိုင်တွယ်နိုင်ဖို့ အဓိက ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ပြောင်းလဲတော့မယ့် iPad 2

iPad ရဲ့ accessories တွေဖြစ်တဲ့ Keyboard နှင့် apple Pen တွေလည်း design အသစ်နှင့် ထွက်ရှိလာနိုင်တာကြောင့် iPad fans တွေအတွက် ကွန်ပျူတာတစ်လုံးကို အသုံးပြုနေရသလိုမျိုး ခံစားချက် ရလာနိုင်ပါတယ်။ ထို့အပြင် Europeans region အတွက်လည်း Third-party apps တွေကို ခွင့်ပြုထားတာကြောင့် ကွန်ပျူတာမှာ အသုံးပြုတဲ့ software တွေကို အသုံးပြုလာနိုင်မယ်လို့ ယူဆရပါတယ်။ iPad series အသစ်တွေထွက်ရှိလာရင်တော့ အရင်က iPad စျေးနှုန်းတွေ ကျသွားနိုင်ပါတယ်။ မေလ ၇ ရက်မှာ မိတ်ဆက်မယ့် Apple WWDC မှာ ရင်ခုန်စွာနှင့် စောင့်ကြည့် ခံစားနိုင်ပါတယ်။

Exit mobile version