ဒီဂျစ်တယ်ရွှေကဲ့သို့ အရောင်းအဝယ်လုပ်နေသော ​Bitcoin လောက

Bitcoin ရဲ့စျေးနှုန်းက တည်ငြိမ်နေခဲ့တာ နှစ်အတိုင်းအတာတစ်ခု ရှိပါပြီ။ ဒီလိုမျိုးဖြစ်တာကတော့ ဘယ်သူမှ တိုကင်တွေကို အရောင်းအဝယ်မလုပ်တော့တာကြောင့် ဖြစ်ပါတယ်။ Investors တွေကလည်း ၂၀၂၂ခုနှစ်ထဲက စပြီး bitcoin လောကကို စွန့်ခွာနေကြပါတယ်။ အခုဆိုရင်တော့ bitcoin ရဲ့စျေးကလည်း $69,000 အောက်မှာ ရှိနေခဲ့တာတော်တော်လေး ကြာပါပြီ။ Bitcoin က အခုဆို ရွှေလောက လိုမျိုးဖြစ်လာပါပြီ။ အခုနှစ်ပိုင်းတွေမှာလည်း လူတွေကလည်း စိတ်ဝင်စားမှုနည်းလာကြပါပြီ။

Bitcoin ဝယ်ယူနိုင်သော ATM တစ်ခုအားတွေ့ရစဉ်

Bitcoin အရောင်းအဝယ်လုပ်ကြတဲ့ အရေအတွက်က နိုဝင်ဘာ ၂၀၂၀ ကစပြီး တစ်နှစ်ထက်တစ်နှစ် သိသိသာသာနည်းလာပါတယ်။ Bitcoin လောကမှာ whales လို့သုံးနှုန်းကြတဲ့ စျေးကစားနိုင်တဲ့ Big players တွေရှိပါတယ်။ Big player တစ်ခုဖြစ်တဲ့ FTX company က စျေးတွေကို ကစားလိုက်တဲ့အချိန်ကစပြီး လူတော်တော်များများက bitcoin လောကကို ယုံကြည်မှုနည်းပြီး စွန့်ခွာလာကြပါတယ်။ ယခုနှစ်တွေမှာတော့ ရင်းနှီးမြှုပ်နှံမှုသူတွေက Stocks တွေသာ အရောင်းအဝယ်လုပ်ကြပြီး bitcoin ကို အရောင်းအဝယ်လုပ်ကြတဲ့ ပမာဏက ၂၀၂၁ ခုနှစ်ကာလကို မမှီပါဘူး။ Digital coins တွေထုတ်လုပ်တဲ့ companies အချို့နဲ့ သူဌေးတွေလည်း ဒီနှစ်တောအတွင်းမှာ အဖမ်းအဆီးခံရမှု သတင်းတွေကြောင့် လူတွေကလည်း bitcoin အရောင်းအဝယ်လောကက အေးခဲသွားခဲ့ပါတယ်။

Exit mobile version