တရုတ်နိုင်ငံရဲ့ App Store မှ ထုတ်ပယ်လိုက်ရတဲ့ Meta ရဲ့ WhatsApp နှင့် Threads

တရုတ်နိုင်ငံရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ယနေ့အချိန်ထိ တရုတ်နိုင်ငံမှာ Meta Apps တွေကို အသုံးပြုလို့မရပါဘူး။ Meta ရဲ့ WhatsApp နှင့် Threads က အသုံးပြုသူတွေရဲ့ data တွေကို ရယူနေတယ်လို့ တရုတ်အစိုးရက ယူဆထားတာကြောင့် Apple က ၎င်းရဲ့ App Store ပေါ်မှ WhatsApp နှင့် Threads နှစ်ခုကို China App Store မှ ထုတ်ပယ်လိုက်ပါတယ်။ ကမ္ဘာအနှံ့မှာတော့ WhatsApp အသုံးပြုသူအရေအတွက်က ၂၀၂၃ ခုနှစ်ထက် ၂ ဘီလီယံကျော် တိုးတက်လာတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ App Store မှ ထုတ်ပယ်လိုက်ရတဲ့ Meta ရဲ့ WhatsApp နှင့် Threads 1

Apple ကလည်း AI အနာဂတ်မှာ နေရာတစ်ခုကို ယူနိုင်ဖို့အတွက် ကြီးမားတဲ့ AI company တွေနှင့် ပူးပေါင်းမှုတွေ လုပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အင်တာနက် company တစ်ခုဖြစ်တဲ့ Baidu နှင့် ပူးပေါင်းဖို့ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကြေငြာခဲ့ပါတယ်။ Baidu နှင့် ပူးပေါင်းလိုက်ပါက တရုတ်နိုင်ငံအတွက် များစွာအကျိုးရှိပြီး Apple အတွက်လည်း တရုတ်နိုင်ငံက သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တစ်သားတည်း လိုက်နာပြီးသားဖြစ်သွားတာကြောင့် နှစ်ဖက်လုံးအကျိုးရှိလာနိုင်ပါတယ်။

Exit mobile version