တရုတ်နိုင်ငံက Tesla ကားပေါင်းတစ်သန်းကျော်အတွက် Autopilot နှင့် Lock ပြသနာတွေကို ဖြေရှင်းပေးမယ်ပြောတဲ့ Tesla

လျှပ်စစ်ကားလောကမှာ Autopilot ကို စတင်ခဲ့တာကတော့ Tesla ပဲ ဖြစ်ပါတယ်။ Autopilot နှင့် ပတ်သက်ပြီး ယနေ့ထိ ကမ္ဘာတစ်လွှားမှာ ပြသနာတွေကြုံတွေ့ရပါတယ်။ အကြောင်းရင်းကတော့ ကားအသုံးပြုတဲ့လူတွေက Autopilot feature ကို လိုအပ်တာထက် ပိုပြီးစမ်းသပ်မောင်းနှင်ကြလို့ ဖြစ်ပါတယ်။ ယာဉ်မတော်တဆထိခိုက်မှုနှင့် ပတ်သက်ပြီး Elon Musk ကလည်း ဖြေရှင်းချက်အကြောင်းအမျိုးမျိုးနှင့် ဖြေကြားတက်ပါတယ်။

တရုတ်နိုင်ငံက Tesla ကားပေါင်းတစ်သန်းကျော်အတွက် Autopilot နှင့် Lock ပြသနာတွေကို ဖြေရှင်းပေးမယ်ပြောတဲ့ Tesla 1

သောကြာနေ့ကတော့ Autopilot နှင့် Lock ပြသနာကို Tesla က ဖြေရှင်းပေးမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ကားအသုံးပြုသူတွေအနေနှင့် ကားကိုနီးစပ်ရာ center ထိ ယူဆောင်သွားစရာမလိုပဲ အင်တာနက်ကတစ်ဆင့် download လုပ်ပြီး autopilot နှင့် lock ပြသနာကို ဖြေရှင်းနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ယာဉ်ကြီးကြပ်ရေးမှုးရဲ့ ဖြေရှင်းချက်အရ ကားအသုံးပြုသူတွေက autopilot feature ကို လိုတာထက် ပိုပြီး အသုံးပြုကြတဲ့အတွက် ယာဉ်မတော်တဆ ဖြစ်ရတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ Software တွေအနေနှင့် လူတွေရဲ့ လိုအပ်ချက်အတိုင်း အတိအကျ လိုက်လုပ်ဖို့ဆိုတာတော့ အဆင်သင့်မဖြစ်သေးပါဘူး။ ဥပမာ လမ်းမပေါ်မှာ ကားကို autopilot ဖွင့်ပြီး ပေါ့ဆစွာ မောင်းနှင်တာမျိုးကြောင့် အခြားမလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်တက်ပါတယ်။

အော်တိုပိုင်းလော့လုပ်နိုင်တဲ့ feature ကိုတော့ Autosteer လို့ နာမည်ပေးထားပါတယ်။ Tesla ကားအသုံးပြုသူတွေအနေနှင့် Autosteer ကိုဖွင့်ပြီးမောင်းနှင်ပါက အလိုအလျောက် ဘရိတ်အုပ်ပေးနိုင်ခြင်း၊ အရှိန်ကို အတိုးအလျှော့အလိုအလျောက် လုပ်ပေးနိုင်ခြင်း စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒီ feature တွေက အလုပ်လုပ်တယ်ဆိုပေမယ့် ကားတစ်စီးလုံးကို ပုံအပ်ပြီး ကားဂွေပေါ် လက်လွတ်ပြီးမောင်းတာကတော့ ရူးသွပ်မှုတစ်ခုပါပဲ။ အနောက်နိုင်ငံတွေမှာတော့ လက်တည့်စမ်းချင်တဲ့လူတွေကြောင့် ယာဉ်မတော်တဆမှုတွေ Highway လမ်းမှာ ဖြစ်လာကြပါတယ်။

https://www.youtube.com/watch?v=4Ox72XdY2Zo

သိပ်မကြာသေးခင်ကမှ Netflix မှာထွက်လာတဲ့ “Leave the World Behind” ရုပ်ရှင်ထဲကလိုမျိုး Server hackတာမျိုး(သို့) နည်းပညာချို့ယွင်းမှု အကြီးကြီးဖြစ်ခဲ့ရင်တော့ Tesla အပါအဝင် အခြားအင်တာနက်အသုံးပြုပြီး ထိန်းချုပ်တဲ့ကားတွေအားလုံး ပျက်စီးသွားနိုင်ပါတယ်။ အထူးသဖြင့် Autopilot feature ပါဝင်တဲ့ ကားတွေဖြစ်နိုင်ပါတယ်။ ဒီရုပ်ရှင်ပေါ်လာပြီးနောက်ပိုင်းမှာတော့ အင်တာနက်အသုံးပြုသူတွေကြားမှာ မေးခွန်းတွေပေါ်ထွက်လာနေပါတယ်။

Exit mobile version