ဆေးဝါးကုသမှုနှင့် သက်ဆိုင်တဲ့ မေးခွန်းတွေကို ChatGPT ကိုမေးမြန်းမယ်ဆိုရင်

အရာအားလုံးနီးပါးမေးလို့ရတဲ့ ChatGPT ကို ဆေးဝါးကုသမှုနှင့် သက်ဆိုင်တဲ့အကြောင်းအရာတွေကို မေးမြန်းတဲ့အခါ အကုန်လုံးမမှန်နိုင်ပါဘူး။ ဒီအချက်နှင့် ပတ်သက်ပြီး ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်က စမ်းသပ်ထားပါတယ်။ Long Island University မှ ဆေးဝါးကျွမ်းကျင် ပညာရှင်တစ်ယောက်က ဆေးဝါးကုသမှုနှင့် သက်ဆိုင်တဲ့ မေးခွန်းအခု ၃၉ ခုမေးမြန်းခဲ့ပါတယ်။ ChatGPT က ဖြေကြားတဲ့အဖြေအရ ဆယ်ခုသာ သဘောကျတဲ့အဖြေရခဲ့ပါတယ်။ ကျန်တဲ့ အဖြေတွေက မပြည့်စုံပဲ သတင်းအချက်အလက်တွေ မှားယွင်းနေတာကို တွေ့ခဲ့ရပါတယ်။

ရောဂါတစ်ခုခု ဖြစ်တဲ့အခါ (သို့) သောက်စရာဆေးဝါးနှင့် ပတ်သက်တဲ့အခါ ChatGPT ကို အလုံးစုံမယုံကြည်ဖို့ လိုပါတယ်။ တစ်ကယ့်အပြင်က ဆရာဝန်(သို့) ဆေးဝါးကျွမ်းကျင် ပညာရှင်တွေနှင့် သေချာတိုင်ပင်ပြီး ဝယ်ယူသုံးစွဲဖို့လည်း အကြံပြုပါတယ်။ ChatGPT မှ ပြောရေးဆိုခွင့်ရှိတဲ့လူကလည်း သူတို့ရဲ့ AI bot ကို ဆေးဝါးကုသမှုနင့် ပတ်သက်လာရင် အသုံးပြုသူတွေ မယုံကြည်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။ ဆေးဝါးကုသမှုနှင့် ပတ်သက်ရင် လုံး၀အသုံးမပြုတာ ပိုပြီး အကောင်းဆုံးဖြစ်တယ်လို့လည်း အကြံပြုပြောကြားခဲ့ပါတယ်။

ဆေးဝါးကုသမှုနှင့် သက်ဆိုင်တဲ့ မေးခွန်းတွေကို ChatGPT ကိုမေးမြန်းမယ်ဆိုရင် 1

တစ်နှစ်သက်တမ်းကျော်လာပြီဖြစ်တဲ့ ChatGPT က အသုံးပြုသူတွေရဲ့ ထောက်ခံမှု အများကြီးရလာခဲ့တဲ့အပြင် အခက်အခဲတွေလည်း ကျော်ဖြတ်လာခဲ့ပြီးပါပြီ။ ကျန်းမာရေးနှင့် သက်ဆိုင်တဲ့မေးခွန်းတွေအပြင် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူတယ်ဆိုတဲ့ သတင်းကြောင့်လည်း အသုံးပြုသူတွေကြားမှာ သံသယတွေဝင်နေကြပါတယ်။ ChatGPT ကို လစဉ်ကြေးပေးပြီး ဝယ်ယူအသုံးပြုသူတွေ ပြောကြားချက်အရ Paid Version က Free version ထက် အများကြီးကောင်းမွန်ပြီး တိကျတဲ့အဖြေတွေကို ပေးနိုင်တယ်လို့လည်း ပြောကြားပါတယ်။ အပေါ်က ပြောကြားခဲ့တဲ့ ကျန်းမာရေးနှင့် သက်ဆိုင်တဲ့ သတင်းအချက်အလက်ကိုတော့ Free Version ကို အသုံးပြုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ Paid Version ကိုတော့ စမ်းသပ်ပြီး မမေးကြည့်ရပေမယ့် ကျန်းမာရေးနှင့်ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ ChatGPT ကို မမေးမြန်းတာ အကောင်းဆုံးပဲဖြစ်ပါတယ်။

Exit mobile version