ဆိုလာမုန်တိုင်းရဲ့ နှောင့်ယှက်မှု ခံလိုက်ရတဲ့ Starlink satellites များ

ကမ္ဘာမြေပြင်ပတ်လမ်းပေါ်မှာရှိတဲ့ Elon Musk ရဲ့ satellites တွေက ဆိုလာမုန်တိုင်းဒဏ်အနည်းငယ် ခံလိုက်ရပါတယ်။ ဆိုလာမုန်တိုင်းဆိုတာက​ နေထုကြီးက ထုတ်လွှတ်လိုက်တဲ့ အီလက်ထရွန်နှင့် ပရိုတွန်အမှုန်အမွှားတွေကို ခေါ်တာဖြစ်ပါတယ်။ နေလုံးကြီးက အရမ်းပူလာတဲ့အခါ ဆိုလာလေ တိုက်ခတ်ပါတယ်။ ၎င်းဆိုလာလေထဲမှာ အီလက်ထရွန်နှင့် ပရိုတွန်အမှုန်မွှားများစွာပါဝင်ပါတယ်။ ထိုလေက ကမ္ဘာပတ်လမ်းကြောင်းထဲမှာ တိုက်ခတ်တဲ့အခါ ဆက်သွယ်ရေးပစ္စည်းမျိုးတွေဖြစ်တဲ့ ရေဒီယိုလှိုင်း၊ satellites တွေအားလုံး ထိခိုက်ပါတယ်။

ဆိုလာမုန်တိုင်းရဲ့ နှောင့်ယှက်မှု ခံလိုက်ရတဲ့ Starlink satellites များ 1

ဆိုလာမုန်တိုင်း မတိုက်ခတ်တာ အောက်တိုဘာ ၂၀၀၃ ခုနှစ်ထဲကဖြစ်ပြီး ယခုအချိန်မှ ပြန်လည်တိုက်ခတ်တာမျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ satellites ပေါင်း ၇၅၀၀ ကျော်ရှိပြီး Elon Musk ရဲ့ Starlink satellite company က ၆၀% ပိုင်ဆိုင်ထားပါတယ်။ Starlink satellite က အင်တာနက် အော်ပရေတာ company တစ်ခုဖြစ်ပြီး ကမ္ဘာမြေပြင်ရဲ့ မည်သည့်နေရာကမဆို အင်တာနက်ကို ဖမ်းယူလို့ရအာင် ဖန်တီးထားတဲ့ Elon Musk ရဲ့ company တစ်ခုဖြစ်ပါတယ်။ ယခု ဆိုလာမုန်တိုင်းကြောင့် company က ဖိအားတွေရင်ဆိုင်နေရပြီး system ပုံမှန်အတိုင်းလည်ပတ်အောင် အကောင်းဆုံးကြိုးစားနေတယ်လို့ ဆိုပါတယ်။ အသုံးပြုသူတွေအနေနှင့် အင်တာနက်နှေးတာမျိုး၊ ပြတ်တောက်တာမျိုးတွေ ရှိမယ်လို့လည်း အသိပေးထားပါတယ်။

Exit mobile version