ကျန်းမာရေးစောင့်ရှောက်မှုအတွက် Google ရဲ့ AI models အသစ်များ

ဒီဇင်ဘာ ၁၃ရက်နေ့မှာ ကျင်းပသွားတဲ့ Google ရဲ့ မိတ်ဆက်ပွဲမှာ AI model အသစ်တစ်ခုကို ချပြသွားပါတယ်။ MedLM လို့အမည်ရပြီး ကျန်းမာရေးနှင့် ဆေးဝါးဘက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်လို့ ပြောပါတယ်။ လက်ရှိစျေးကွက်ထဲမှာတော့ ပြိုင်ဖက်ကြီးတွေဖြစ်တဲ့ Amazon နှင့် Microsoft တို့က ကျန်းမာရေးဖက်မှာ အသုံးပြုတဲ့ ပစ္စည်းများရဲ့ စျေးကွက်တစ်ခုကို ရရှိနေပြီဖြစ်ပါတယ်။

MedLM suite မှာ အကြီးနှင့် အလတ်စား AI model နှစ်မျိုးပါဝင်ပါတယ်။ အထူးသဖြင့် Google Cloud customer တွေအတွက် အလွယ်တကူအသုံးပြုလို့ရမှာဖြစ်ပြီး medium sized model က အခြား model ထက် ပိုစျေးသက်သာနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ မကြာသေးမီကမှ မိတ်ဆက်ထားတဲ့ Gemini AI နှင့်လည်းပေါင်းစပ်ပြီး model အသစ်တွေကို မကြာခင်မြင်တွေ့ရမယ်လို့လည်း ဆိုပါတယ်။

Google ရဲ့ CEO ဖြစ်သူ Sundar Pichai

Size ကြီးတဲ့ MedLM model ကတော့ ရှုပ်ထွေးပြီး ဖြေရှင်းရခက်တဲ့အလုပ်တွေကို ကိုင်တွယ်ရာမှာ ပိုပြီးထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ လူဦးရေများလာတဲ့ လူနာရဲ့ အချက်အလက်အပေါ်ကို တွက်ချက်ရာနေရာတွေမှာ Larger size MedLM က အကောင်းဆုံးပဲလို့လည်း ပြောကြားခဲ့ပါတယ်။ MedLM model တွေက ဆရာဝန်တစ်ယောက်လို ရောဂါအချက်အလက်ကို ဖတ်ရှုပြီး ဆောင်ရန်ရှောင်ရန်နှင့် ကျန်းမာရေးအချက်အလက်တွေကို အချိန်တိုအတွင်း တွက်ချက်ပေးနိုင်ပါတယ်။ ဒီအချက်နှင့် ပတ်သက်ပြီး ဆရာဝန်တွေကတော့ သဘောမတွေ့လှပါဘူး။ ဆရာဝန်တွေကတော့ ကိုယ်တိုင်စမ်းသပ်ပြီး ကိုယ့်အားကိုယ်ကိုးပြီး လူနာတွေကို ကုသပေးနိုင်တာကြောင့် AI model တွေက အပိုအလုပ်တစ်ခုလို့ သတ်မှတ်တဲ့ဆရာဝန်တွေကလည်း များနေပါတယ်။

လက်တွေ့မှာ အသုံးပြုကြတဲ့ case တစ်ချို့နှင့် ဆရာဝန်တွေရဲ့ ထင်မြင်ချက်များ

ကျန်းမာရေးစောင့်ရှောက်မှုအတွက် Google ရဲ့ AI models အသစ်များ 1

လက်ရှိမှာ ဆရာဝန်တွေကလည်း MedLM model တွေကို မလိုအပ်နေတာကြောင့် Google ရဲ့ project က အောင်မြင်ဖို့ မအောင်မြင်ဖို့ကို ပြောပြဖို့ ခက်နေပါသေးတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ HCA Healthcare ကတော့ Google’s AI model ကို စတင်ပြီး စမ်းသပ်ကြည့်ပါတယ်။ MedLM model က လူနာရဲ့ ပြောကြားချက်တွေကို ဖတ်ပြီး အလိုအလျောက် ရောဂါလက္ခဏာတွေကို သတ်မှတ်ပေးပါတယ်။ ပြီးရင်တော့ အတိုချုံးပြီး ရောဂါအခြေအနေကို ဆရာဝန်ကို တင်ပြပါတယ်။ ဒီ AI model ကို အသုံးပြုတဲ့ဆရာဝန်နာမည်က Dr. Michael Schlosser ဖြစ်ပါတယ်။ Dr Schlosser ပြောကြားချက်အရ လက်ရှိမှာ ဒီ model ကို ဆေးရုံလေးခုရဲ့ အရေးပေါ်အခန်းတွေမှာ အသုံးပြုနေပြီး နောက်နှစ်ထဲမှာတော့ ဒီထက်ပိုပြီး ကောင်းမွန်လာတဲ့ model ကို မြင်ရဖို့ မျှော်လင့်နေတယ် ဆိုပါတယ်။ MedLM model ကို အသုံးပြုရခြင်းက သူ့အတွက်အလုပ်များစွာကို သက်သာစေတယ်လို့ ဆိုပါတယ်။ AI model က လူနာရဲ့ result ဆေးစစ်ချက်တွေကို ဖတ်ရှု​ပြီး ကုသမှုတွေကိုလည်း အကြံပြုပေးနိုင်ပါတယ်။ Nurse တွေအတွက်လည်း အသုံးဝင်တဲ့ Tool တစ်ခုဖြစ်လာမယ်လို့လည်း Dr က ယုံကြည်နေပါတယ်။ အကြောင်းရင်းကတော့ Nurse တွေက လူနာတွေရဲ့ ဆေးစစ်ချက်များစွာကို ကိုင်တွယ်ရတာကြောင့် အမှားအယွင်း အနည်းနှင့်အများ ရှိနေပါတယ်။ MedLM model ရဲ့ အကူအညီနှင့်ဆိုရင်တော့ အမှားနည်းသွားနိုင်ကြောင်း Dr က ပြောကြားခဲ့ပါတယ်။

Google ရဲ့ Gemini version အသစ်ကလည်း MedLM အတွက် အနာဂတ်မှာ ထွက်လာမယ်လို့လည်း ကြေငြာခဲ့ပါတယ်။ လက်ရှိမှာတော့ နောက်ဆုံး အချောသတ်ထွက်မလာသေးပေမယ့် စမ်းသပ်မှုတွေတော့ များစွာလုပ်ဖို့လိုနေပါသေးတယ်။ Dr Schlosser အသုံးပြုခဲ့တဲ့ model က အချောသတ် နောက်ဆုံးအဆင့်မဟုတ်သေးပေမယ့် လက်တွေ့မှာတော့ တော်တော်လေးအသုံးဝင်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် Google ရဲ့ AI models အသစ်များ 2

ကျန်းမာရေးစောင့်ရှောက်မှုမှာ နောက်ထပ် company တစ်ခုဖြစ်တဲ့ BenchSci လို့အမည်ရပါတယ်။ BenchSci ကတော့ ဇီ၀နှင့်ဆေးဖက်ဆိုင်ရာ​မှာ ဆေးတွေထုတ်လုပ်တဲ့ company တစ်ခုဖြစ်ပါတယ်။ BenchSci မှ CEO ဖြစ်သူ Liran Belenzon ပြောကြားချက်အရ MedLM’s AI နှင့် လက်တွဲလုပ်နေတာ အချိန်တစ်ခုရှိနေပြီဖြစ်ပြီး လက်ရှိမှာ သိပ္ပံပညာရှင်တွေနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေအတွက် များစွာအထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါနှင့် ကုသမယ့်ဆေးဝါးလိုအပ်ချက်တွေကို အရေအတွက်ကအစ အတိအကျတွက်ထုတ်နိုင်တာကြောင့် MedLM model က တော်တော်အသုံးဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့အပြင် လူနာက ဆေးဝါးဆိုင်ရာလိုအပ်ချက်တွေအတွက်လည်း location ကအစ ဆေးဝါးရနိုင်တဲ့ နေရာတွေပါ ပြောပြနိုင်တာကြောင် တော်တော်လေးအသုံးဝင်တယ်လို့ ဆိုပါတယ်။

Google Cloud နှင့် ချိတ်ဆက်ထားသော Tools များ

အချုပ်ကိုပြောရမယ်ဆိုရင်တော့ MedLM model ကို အပြည့်အ၀ယုံကြည်ပြီး ဆရာဝန်မလိုအပ်တော့ဘူးဆိုရင်တော့ လုံး၀မှားသွားနိုင်ပါတယ်။ အခုပြောပြတဲ့ Tools တွေက ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်ထဲက လူတွေအတွက် အလုပ်ကို မြန်မြန်ဆန်ဆန်နှင့် တိကျသေချာတဲ့ အဖြေရဖို့ ကူညီပေးတဲ့ Tool တစ်ခုသာဖြစ်ပါတယ်။ ဆရာဝန်အများစုကတော့ ဒီ Tool နှင့် ပတ်သက်ပြီး ဝေဖန်ချက်တွေများနေသလို Tool ကို ကြိုက်နှစ်သက်တဲ့ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်နယ်ပယ်ထဲက လူတွေလည်း များနေပါတယ်။

Exit mobile version