ကိုယ့်အလုပ်ကို ChatGPT က ယူသွားတဲ့အကြောင်း ပြောပြလာတဲ့ လူတစ်ယောက်အကြောင်း

Andrew Neely လို့အမည်ရတဲ့ လူတစ်ယောက်က Freelance writer အနေနဲ့ အလုပ်လုပ်ပါတယ်။ သူ့ရဲ့ clients တွေက AI ကို အသုံးပြုလာတဲ့အခါမှာ သူ့အလုပ်ဆုံးရှုံးသွားပါတယ်။ ဒီအလုပ်ကတစ်ဆင့် သူ့ရဲ့ ဝင်ငွေက တစ်လကို ဒေါ်လာ ၅၀၀ မှ ၂၀၀၀ ကြားလစဉ်ရရှိပါတယ်။ အခုအခါမှာတော့ သူ့ရဲ့ လစဉ်ငွေ ပျောက်ကွယ်သွားခဲ့ပါပြီ။ သို့ပေမယ့် ကျောင်းဆက်တက်နေပြီး Environmental Studies ကို လေ့လာနေပါတယ်။

သူက English Degree နှင့် လွန်ခဲ့တဲ့ခုနှစ်နှစ်အတွင်း ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Company တစ်ခုအတွက် စာတွေရေးသားပြီး အကြောင်းအရာတွေကတော့ သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးအဖြေတွေအကြောင်း ရေးသားတာဖြစ်ပါတယ်။ ဒီနှစ်အချိန်အထိ သူ့ရဲ့ clients တွေက သူ့အပေါ်အားထားပြီး အလုပ်တူတူလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် Marketing အတွက် blogs တွေကိုလည်း လစဉ်ရေးသားခဲ့တာဖြစ်ပါတယ်။

ကိုယ့်အလုပ်ကို ChatGPT က ယူသွားတဲ့အကြောင်း ပြောပြလာတဲ့ လူတစ်ယောက်အကြောင်း 1

မေလလောက်မှာတော့ သူ့ကိုပေးတဲ့ အလုပ်တွေ နည်းလာတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို လစဉ် လစာငွေပေးတာမျိုးမဟုတ်တော့ပဲ အနည်းကျဉ်းသာ အလုပ်တွေကို ပေးလာပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ Client က ChatGPT ကို စတင်အသုံးပြုလာပြီလို့ အသိပေးခဲ့ပါတယ်။ AI-generated text တွေကို edit လုပ်ပေးဖို့ လူခေါ်စာလည်း တွေ့လာရပါတယ်။

Andrew Neely အနေနှင့် Freelance writing အလုပ်က အာမခံချက်မရှိဘူးဆိုတာ သိထားပေမယ့် အခုချိန်မှာတော့ ပုံမှန်လစဉ်ရနေတဲ့ ဒေါ်လာ ၂၀၀၀ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ freelance writer အနေနှင့်ပဲ အလုပ်ဆက်လုပ်နေပါတယ်။ အများစုရေးသားရတဲ့ blog တွေကတော့ social media အတွက်ပဲ ဖြစ်နေပါတယ်။ လက်ရှိမှာ Andrew ကျောင်းဆက်တက်နေပြီး Master Degree အတွက် ကြိုးစားနေပါတယ်။ စာရေးရတဲ့အလုပ်ကို သဘောကျပြီး ကျောင်းပြီးသွားရင်လည်း သဘာ၀ပတ်ဝန်းကျင်အတွက် renewable-energy development နှင့် ပတ်သတ်တဲ့အလုပ်တွေကို ဆက်လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။

Andrew နှင့် အလုပ်တူတူလုပ်ခဲ့တဲ့ Editor ကတော့ အလုပ်ထွက်သွားခဲ့ပါပြီ။ Company မှာ AI တွေအသုံးပြုလာတာများတည်းက​ ထွက်သွားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ စာရေးဆရာအများစုက AI ကိစ္စနှင့်ပတ်သတ်ပြီး တစ်ခုခု လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ Andrew အနေနှင့် စာရေးသားရတဲ့အလုပ်ကို နှစ်သက်ပြီး အလုပ်ကိုလည်း မဆုံးရှုံးချင်ပါဘူး။ ဒါ့အပြင် အခြားစာရေးဆရာတွေလည်း ဝင်ရောက်ဆွေးနွေးမှုတွေ လုပ်သင့်ပြီလို့ ပြောကြားထားပါတယ်။

Exit mobile version