ကားသော့တွေရဲ့ အနာဂတ်ဖြစ်တဲ့ Digital Car Keys

ပထမဦးဆုံး ကားတွေရဲ့သော့ကို လက်နဲ့လှည့်ပြီး ဖွင့်ရတဲ့ ပုံစံမျိုးလာပါတယ်။ ဥပမာပြောရမယ်ဆိုရင် ထော်လာဂျီတွေကို စက်နှိုးဖို့ လက်နှင့်လှည့်ရတဲ့ မောင်းတံမျိုးဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကားသော့တွေပေါလာပြီး ကားတွေကို သော့တံနဲ့ ဖွင့်ပြီမောင်းလို့ရလာပါတယ်။ အခုခေတ်မှာတော့ Smart Key တွေပေါ်လာပြီး အနားမှာရှိရုံနဲ့ ယာဉ်ကို စပြီး မောင်းနှင်လို့ရလာပါတယ်။ Tesla ကားတွေမှာ စတင်ပြီး အသုံးပြုလာတာတော့ Digital Car Keys တွေဖြစ်ပါတယ်။ Digital Car Keys ဆိုတာကတော့ Mobile Phones က တစ်ဆင့်​ ယာဉ်ကို unlock လုပ်နိုင်တဲ့ သော့အမျိုးအစားဖြစ်ပါတယ်။

ကားသော့တွေရဲ့ အနာဂတ်ဖြစ်တဲ့ Digital Car Keys 1

Digital Car Keys တွေကတော့ အခုချိန်ထိ ရှားနေပြီး ကားအချို့မှာသာ ရရှိနိုင်ပါသေးတယ်။ Digital Car Keys တွေကို အသုံးပြုဖို့ မိုဘိုင်းဖုန်းလိုပါတယ်။ ဒါမှမဟုတ် smart watch တစ်လုံးရှိရုံနှင့်လည်း setup လုပ်နိုင်ပါတယ်။ အကယ်၍ မိုဘိုင်ဖုန်းက အားကုန်သွားခဲ့ရင်ဆိုတဲ့ မေးခွန်းရှိပါတယ်။ အဖြေကတော့ ဖုန်းအားကုန်သွားရင်တောင် အသုံးပြုလို့ရပါတယ်။ ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကို ဆက်ကြည့်သွားရအောင်။

Tesla လို နည်းညာမြင့်ကားမှာတောင် Model 3 တစ်မျိုးတည်းသုံးလို့ရပါသေးတယ်။ Digital Key နှင့်ပတ်သတ်ပြီး လုံခြုုံမှုရောရှိနိုင်လားဆိုတဲ့ မေးခွန်းလည်းရှိပါသေးတယ်။ မော်ဒယ်မြင့်ကားအမျိုးအစားတွေမှာ ပါဝင်တဲ့ Car Connectivity Consortium (CCC) က ဖုန်းcompanies ကြီးတွေဖြစ်တဲ့ Apple, Samsaung, Google နှင့်အခြားသော နည်းပညာ companies တွေက support လုပ်ပြီဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကားတွေမှာ မြင်တွေ့နေရတဲ့ car play လိုမျိုး ချိတ်ဆက်မှုတွေကတစ်ဆင့် Digital Car Key နည်းပညာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ CCC ရဲ့ vice president ဖြစ်တဲ့ Daniel Knobloch က​တော့ Digital Keys တွေက ​physical keys တွေကို သိပ်မကြာတဲ့အနာဂတ်မှာ အစားထိုးသွားမယ်လို့တော့ ပြောကြားခဲ့ပါတယ်။

ကားသော့တွေရဲ့ အနာဂတ်ဖြစ်တဲ့ Digital Car Keys 2

Digital Keys တွေမှာ NFC (Near Field Communication) နည်းပညာလည်း ပါဝင်ပါတယ်။ NFC တွေက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တည်းက ဖုန်းတွေမှာ စတင် ပါဝင်လာပြီဖြစ်ပါတယ်။ ဖုန်းနှင့် speaker ကို ထိလိုက်ရုံနှင့် ဖုန်းက သီချင်းကို speaker မှာ play နိုင်အောင်လုပ်နိုင်တဲ့ နည်းပညာမျိုးဖြစ်ပါတယ်။ အပေါ်က မေးတဲ့မေးခွန်းမှာ အကယ်၍ ဖုန်းအားကုန်သွားရင် Digital Key နှင့်ကားကို unlock ဘယ်လိုလုပ်မလဲဆိုတာကတော့ NFC နည်းပညာနှင့် လုပ်မှာဖြစ်ပါတယ်။ ကားတံခါးမှာ ဖုန်းကို သိနိုင်တဲ့ NFC နည်းပညာရှိရုံနှင့် သင့်ဖုန်းကို ထိရုံနှင့် ကားကို unlock လုပ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းအားကုန်နေရင်တောင် ဖုန်းကို ထိရုံနှင့် လုပ်နိုင်မှာဖြစ်ပါတယ်။ Tesla မှာတော့ card ကို ထိလိုက်ရုံနှင့် unlock လုပ်နိုင်အောင် လုပ်ထားပြီးသားဖြစ်ပါတယ်။ Digital Keys တွေကိုအသုံးပြုဖို့ ကန့်သတ်ချက်တွေရှိပါသေးတယ်။ ကားတော်တော်များများမှာတော့ ဒီနည်းပညာကို ထည့်သွင်းဖို့ ကြိုးစားနေပြီး ဖုန်း companies တွေကလည်း NFC နည်းပညာကို ပိုမိုအသုံးပြုနိုင်အောင် ကြိုးစားနေကြပါတယ်။ Users တွေအနေနှင့်က digital keys တွေကိုအသုံးပြုဖို့ အချိန်တစ်ခုပေးရမှာဖြစ်ပြီး မကြာတဲ့အနာဂတ်မှာတော့ Digital Keys တွေကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Exit mobile version