ကမ္ဘာမှာ အမြန်ဆုံးအင်တာနက် ကွန်ရက်ကို ဆောက်လုပ်နေပြီဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ကမ္ဘာမှာ အမြန်ဆုံးအင်တာနက် အမြန်နှုန်းကိုရရှိအောင် ဖန်တီးပြီတဲ့အကြောင်း တရုတ်က ပြောကြားခဲ့ပါတယ်။ ယခုအသုံးပြုနေကြတဲ့ အင်တာနက်အမြန်နှုန်းထက် အဆပေါင်းများစွာ သာလွန်ပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒီ network ကဆိုရင်တော့ တစ်စက္ကန့်မှာဒေတာပေါင်း (1200 Gigabits) ပေါင်း စီးဆင်းနိုင်ပြီး ရုပ်ရှင်ပေါင်း ၁၅၀ကို တစ်စက္ကန့်အတွင်းမှာ transfer လုပ်နိုင်တယ်လို့လည်း သိရပါတယ်။ ဒီပြောကြားချက်ကို တရုတ်နိုင်ငံရှိ Huawei company မှ တာဝန်ရှိသူတွေက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလိုအရမ်းမြန်တဲ့ speed ကို အိမ်တွင်းအသုံးပြုသူတွေအနေနဲ့ လောလောဆယ်မှာတော့ တွေ့ရမှာ မဟုတ်သေးပါဘူး။ အဓိကကတော့ Stock စျေးကွက်မှာ အရောင်းအဝယ်လုပ်တဲ့သူတွေအနေနဲ့တော့ အကျိုးရှိမှာဖြစ်ပါတယ်။ Huawei Company က တရုတ်နိုင်ငံမှာ အဓိကကျတဲ့ နည်းပညာ company ဖြစ်ပြီး တရုတ်အစိုးရနှင့်လည်း လက်တွဲလုပ်ကိုင်နေတဲ့ company တစ်ခုဖြစ်ပါတယ်။ အခုလို အရမ်းမြန်တဲ့ အင်တာနက် အမြန်နှုန်းကိုတော့ တရုတ်နိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ မတူညီတဲ့နေရာဒေသတွေမှာ ရရှိသွားနိုင်ပြီး Electric Vehicles တွေအတွက်လည်း ဒေတာတွေ transfer လုပ်တဲ့အခါမှာ အကျိုးရှိသွားမှာဖြစ်ပါတယ်။

ကမ္ဘာမှာ အမြန်ဆုံးအင်တာနက် ကွန်ရက်ကို ဆောက်လုပ်နေပြီဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ 1

သတင်းတွေအရတော့ network အသစ်က ဘေဂျင်းမြို့တော်နှင့် တောင်ဘက်တရုတ်နိုင်ငံကို မိုင်ပေါင်း ၁၈၀၀ ရှိတဲ့ Fiber ကြိုးတွေနှင့် run မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီနှစ်နွေရာသီမှာ စတင်စမ်းသပ်မှာဖြစ်ပြီး နောက်နှစ်နှစ်အတွင်းမှာတော့ လူတွေလက်ထဲ သုံးဆွဲလို့အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတ Joe Biden နှင့်တွေ့ဆုံနေတဲ့ တရုတ်နိုင်ငံသမ္မတ Xi Jinping က ဒီမြန်နှုန်းမြင့်အင်တာနက်က နိုင်ငံရဲ့ နည်းပညာ​ power ကို ပြသပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ Tsinghua University ရှိ သိပ္ပံနှင့်နည်းပညာဌာနမှ ပရောဖက်ဆာဖြစ်တဲ့ Wu Jianping က ဒီမြန်နှုန်းမြင့်အင်တာနက်မှာ software ပိုင်းရော hardware ပိုင်းရော တရုတ်ပြည်မှာ လုပ်သွားမှာဖြစ်ပြီး ဘယ်သူမှမှီခိုရမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံနှင့် အမေရိကန်မှ တာဝန်ရှိသူတွေအပြန်အလှန်နိုင်ငံကို သွားရောက်လည်ပတ်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း အမေရိကန်နိုင်ငံမှ တာဝန်ရှိသူတွေက တရုတ်နိုင်ငံကို နည်းပညာတွေတိုးတက်နေမှုအခြေအနေကို စုံစမ်းရန် သွားရောက်လည်ပတ်ခဲ့ပါတယ်။

Exit mobile version