ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ အချိန်ငါးနှစ်ကျော်သာကျန်

ကမ္ဘာမြေကြီးကိုဂရုစိုက်ပြီး ထိန်းသိမ်းစောင့်ရှောက်ရမှာက လူသားတိုင်းရဲ့တာဝန်ပါ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့က Union Square မှာ timer တစ်ခုပြသထားပါတယ်။ ထို timer မှာ အချိန်ပေါင်းငါးနှစ်ကျော်သာကျန်တယ်လို့ ပြသနေပါတယ်။ လူပြောများနေကြတဲ့ climate change (ရာသီဥတု ဖောက်ပြန်မှု) က တစ်ကယ်ကို ဖြစ်နေပါတယ်။ တစ်ရက်ထက်တစ်ရက် ကမ္ဘာကြီးရဲ့ အပူချိန်က မြင့်တက်လာရာမှ အဆိုးဆုံးအခြေအနေကိုရောက်ဖို့ ငါးနှစ်ကျော်သာ ကျန်ပါတော့တယ်။ တက်ကြွလှုပ်ရှားသူများက မြို့ပြအနှံ့မှာ လောင်စာဆီတွေလျှော့သုံးဖို့နှင့် ကမ္ဘာကြီးရဲ့ ရာသီဥတုကို ထိန်းသိမ်းကြဖို့ နှိုးဆော်မှုတွေလုပ်နေကြပါတယ်။

ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ အချိန်ငါးနှစ်ကျော်သာကျန် 1

ကျွန်တော်တို့ ငယ်စဉ်အခါက သင်ကြားခဲ့ရတဲ့ Global Warming က လက်ရှိမှာ တစ်ကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံတော်တော်များများမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်အငွေ့တွေ အများဆုံးထွက်စေတဲ့ လုပ်ငန်းတွေကို တင်းကြပ်နေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့အပူချိန် 1 degree တိုးလာတာနဲ့ ရာသီဥတုက တော်တော်ကိုဆိုး​ရွားလာတာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ရေခဲတောင်တွေက အရည်ပျော်လာပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနိုင်ပါတယ်။ ရေကြီးရေလျှံတာအပြင် တောတောင်တွေမီးလောင်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သဘာ၀ဘေးအန္တရာယ်တွေ ဖြစ်လာရတဲ့ အကြောင်းရင်းက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆက်စပ်နေပါတယ်။

၂၀၁၉ ခုနှစ်လောက်မှာ ကမ္ဘာအနှံ့မှာ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်ရုံတွေ ရပ်တန့်ပြီး ကမ္ဘာကြီးရဲ့အပူချိန်က အနည်းငယ်ပြန်ကျသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ကမ္ဘာပေါ်က တိုက်ကြီးငါးတိုက်က နိုင်ငံတွေမှာ ကမ္ဘာကြီးပူနွေးလာမှုကို ကယ်တင်ဖို့ timer တွေ စတင်ပြသလာပါတယ်။ လူတွေက ရာသီဥတုဖောက်ပြန်မှုကို ဂရုမစိုက်ပဲ ဆက်လက်နေထိုင်သွားမယ်ဆိုရင် နောက်ငါးနှစ်မှာ ဒီအခြေအနေကို ကယ်တင်ဖို့အဆိုးရွားဆုံးတွေ ကြုံတွေ့ရပါလိမ့်မယ်။ Timer တွေမှာအခုဆို ငါးနှစ်ကျော်ခန့်သာကျန်ပါတော့တယ်။

ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ အချိန်ငါးနှစ်ကျော်သာကျန် 2

Global Warmingကို တားဆီးနိုင်ဖို့ လူတိုင်းလုပ်နိုင်သောအရာများ

ကမ္ဘာ့အပူချိန်ကို ရုတ်တရက်ကျသွားအောင် ချက်ချင်းမစွမ်းဆောင်နိုင်ပေမယ့် ကမ္ဘာကြီးကိုကယ်တင်ဖို့တော့ လူသားတိုင်းလုပ်နိုင်ပါတယ်။ ကမ္ဘာမြေပေါ်မှာရှိတဲ့ လူသားတိုင်း အတူတကွ လုပ်ဆောင်ထိန်းသိမ်းရင်တော့​ ရာသီဥတုဖောက်ပြန်လာမှုကို အတိုင်းအတာတစ်ခုထိတော့ လျှော့ချလာနိုင်ပါလိမ့်မယ်။ စစ်ပွဲတွေရှိနေသ၍ လက်နက်တွေကို နိုင်ငံနဲ့အမျှထုတ်နေသ၍ ကမ္ဘာမြေကြီးရဲ့ ရာသီဥတုဖောက်ပြန်မှုကို တားဆီးဖို့ ခက်ခဲလာပါလိမ့်မယ်။

သင်နှင့် မျိုးဆက်သစ်တွေအတွက် ကမ္ဘာကြီးရာသီဥတုဖောက်ပြန်လာမှုကို တားဆီးဖို့ ဘယ်လိုပြင်ဆင်ထားပါသလဲ။

Exit mobile version