ကမ္ဘာပေါ်မှာ Satellites အများဆုံးပိုင်ဆိုင်တာ ဘယ်သူလဲ

ကမ္ဘာကြီးရဲ့ အပြင်ဘက် အာကာသထဲမှာ လည်ပတ်နေတဲ့ Satellite ပေါင်း ၇၀၀၀ ကျော်နီးပါးရှိပါတယ်။ Satellites တွေရဲ့တာဝန်တွေက ဆက်သွယ်ရေး၊ လမ်းညွှန်ပြသမှုတွေနှင့် သိပ္ပံနှင့်ပတ်သတ်တဲ့ လမ်းညွှန်ရှာဖွေမှုတွေလုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တစ်ခုတည်းမှာတင် Satellites ပေါင်း ၁၅၀ကျော် လွှတ်တင်ခဲ့ပါတယ်။ နောက်လာမယ့် ဆယ်စုနှစ်အတွင်းမှာတော့ Satellites တွေလွှတ်တင်သွားမှာ ဖြစ်ပါတယ်။ ဒီ Satellites တွေကို ဘယ်သူတွေပိုင်ဆိုင်လဲ၊ အစိုးရက ပိုင်ဆိုင်တာလား တစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်လားဆိုတာတော့ ဒီပုံလေးက ပြောပြပါလိမ့်မယ်။

Satellites အရေအတွက်ကို ပိုင်ဆိုင်ထားတဲ့ Companies နှင့် နိုင်ငံပြ မြေပုံ

SpaceX ရဲ့ အာကသထဲမှာ စိုးမိုးမှုအတိုင်းအတာ

SpaceX က Elon Musk ရဲ့ Company တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ခုလုံးရဲ့ Satellites ၅၀% ကို SpaceX က ပိုင်ဆိုင်ထားပါတယ်။ ဆိုလိုတာက အာကာသထဲမှာတွေ့နေရတဲ့ Satellite တော်တော်များများကို Elon Musk က ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ Satellite Internet ဖြစ်တဲ့ Starlink ရဲ့ Satellites တွေက အခုဆို ကမ္ဘာပြင်ဘက်မှာ လည်ပတ်နေပြီး Starlink Internet အသုံးပြုသူတော်တော်များများက ဒီ Satellites တွေကတစ်ဆင့် အင်တာနက်ကို ရရှိနေတာဖြစ်ပါတယ်။ အခုဖော်ပြပါ ဇယားကွက်က Satellites ကို ရာခိုင်နှုန်းအနေနှင့် ပိုင်ဆိုင်ထားတဲ့ နိုင်ငံနှင့် Company ကိုဖော်ပြတဲ့ ဇယားကွက်ပဲ ဖြစ်ပါတယ်။

Satellite ကို ပိုင်ဆိုင်ထားကြတဲ့ နိုင်ငံနှင့်ရာခိုင်နှုန်းပြ ဇယား

ဒုတိယအများဆုံးကိုတော့ UK မှ OneWeb Satellites Company က ပိုင်ဆိုင်ထားပါတယ်။ OneWeb Company က အင်တာနက်ပေးတဲ့ Company တစ်ခုဖြစ်ပြီး အစိုးရနှင့် အခြား​လုပ်ငန်းတွေကို အင်တာနက်ပေးနေတဲ့ Company တစ်ခုလည်းဖြစ်ပါတယ်။ အခြားအင်တာနက် Company ကဲ့သို့ OneWeb Company ကလည်း SpaceX Satellites တွေအပေါ် မှီခိုအားထားနေရပါတယ်။ SpaceX ရဲ့ အာကာသထဲမှာ Satellites လွှမ်းမိုးမှုကြီးမားသော်လည်း လာမယ့်နှစ်ထဲမှာ Amazon က Satellites ပေါင်း ၃၂၃၆ခု လွှတ်တင်ဖို့ရှိပါတယ်။ ခုနှစ်အားဖြင့် ၂၀၂၉ ခုနှစ်အကုန်ပိုင်းမှာ အပြီးသတ်လွှတ်တင်ဖို့ ရည်ရွယ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ တိုးတက်လာတဲ့ Space Program

အာကာသထဲမှာရှိတဲ့ Satellites အရေအတွက်အများဆုံးက အမေရိကန်နိုင်ငံက ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ချို့က အမေရိကန်အစိုးရက ပိုင်ဆိုင်ထားပြီး တစ်ချို့တစ်ဝက်က အမေရိကန်နိုင်ငံက ပုဂ္ဂလိက Company တွေ ပိုင်ဆိုင်ထားပါတယ်။ တရုတ်နိုင်ငံကတော့ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်အတွင်းမှာ Satellites အရေအတွက်အများဆုံး လွှတ်တင်တဲ့ နိုင်ငံထဲမှာ ပါလာပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးကိုလေ့လာဖို့၊ တိုင်းပြည်ကို ခုခံကာကွယ်ဖို့၊ ဆက်သွယ်ရေး နှင့် နည်းပညာပိုင်းရှာဖွေစမ်းသပ်မှုတွေလုပ်ဖို့ပဲ ဖြစ်ပါတယ်။

အင်တာနက် လိုအပ်တဲ့လူဦးရေ မြင့်တက်နေခြင်းနှင့် အင်တာနက်ချိတ်ဆက်မှု

မြို့ပြတွေမှာ အင်တာနက်ကို ပေါပေါသီသီ သုံးလို့ရပေမယ့် ဒီနေ့အချိန်ထိ အင်တာနက်ကို မသိတဲ့ လူဦးရေအများကြီး ကျန်ပါသေးတယ်။ များသောအားဖြင့် အင်တာနက် Cable တွေကို Fiber Cable တွေကတစ်ဆင့်အသုံးပြုကြပြီး ပင်လယ်ရေမျက်နှာပြင်အောက်က တစ်ဆင့်​ဆက်သွယ်ထားကြပါတယ်။ Data တော်တော်များများကို Cloud မှာ သိမ်းဆည်းကြပေမယ့် Email ပိို့ခြင်းနှင့် အခြားသော အဝင်အထွက် Data လုပ်ဆောင်ခြင်းတွေကို Cable ကတစ်ဆင့် လုပ်ဆောင်ကြတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ၁.၄သန်း ကီလိုမီတာရှိတဲ့ အင်တာနက် ကေဘယ်(လ်)ကြိုးတွေကို ပင်လယ်မျက်နှာပြင်အောက်ကတစ်ဆင့် ဆက်သွယ်ထားကြတာဖြစ်ပါတယ်။ Cable ကြိုးတွေရဲ့အထဲမှာ လူရဲ့ဆံပင်ထက် သေးမျှင်တဲ့ အင်တာနက်ကြိုးတွေရှိပြီး အပြင်ကပလတ်စတစ်ကာဗာတွေနှင့် လွှမ်းခြုံထားတာဖြစ်ပါတယ်။ သက်တမ်းအားဖြင့် အနည်းဆုံး ၂၅နှစ်ထိ ခံနိုင်ပေမယ့် Satellites Internet တွေကတော့ ပျက်ဆီးဆုံးရှုံးဖို့ အခွင့်အလန်းနည်းပါးပါတယ်။

ကမ္ဘာတစ်ဝှမ်း သမုဒ္ဒရာတွေဖြတ်ပြီး ချိတ်ဆက်ထားတဲ့ အင်တာနက် Cables မြေပုံ

ကုန်ကျစရိတ်အားဖြင့် နှိုင်းယှဉ်မယ်ဆိုရင်တော့ Cable Internet တွေရဲ့ ကုန်ကျစရိတ်က Satellite Internet တွေထက် အများကြီးသက်သာနေပါတယ်။ သို့ပေမယ့် နိုင်ငံအသီးသီးက အပြိုင်အဆိုင် Satellite တွေကို လွှတ်တင်ဖို့ တစ်နှစ်ထက်တစ်နှစ် ကြိုးစားလာကြပါတယ်။

Exit mobile version