ကမ္ဘာပေါ်တွင် EVs ကားအများဆုံးအသုံးပြုသော ၅ နိုင်ငံ

EVs Cars တွေကို နိုင်ငံအများစုမှာ တွေ့လာရပေမယ့် အခုပြောပြတဲ့ ငါးနိုင်ငံကတော့ ကမ္ဘာပေါ်မှာ EV ကားတွေအများဆုံးအသုံးပြုတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အစိုးရကိုယ်တိုင်က EV cars တွေအသုံးပြုအောင် ပြည်သူတွေကို တွန်းအားပေးကြလို့ဖြစ်ပါတယ်။

၁။ Finland နိုင်ငံ

ကမ္ဘာပေါ်တွင် EVs ကားအများဆုံးအသုံးပြုသော ၅ နိုင်ငံ 1

အစိုးရက ၂၀၂၅ခုနှစ်ထိ EV cars ဝယ်ယူသူတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး အားသွင်းလို့ရတဲ့ Charging Stations တွေကိုတည်ဆောက်ဖို့ ငွေကြေးရင်းနှီးမြှုပ်နှံထားပါတယ်။ ကမ္ဘာပေါ်က EV Cars တွေဝယ်ယူသူရဲ့ ၃၈% က Finland နိုင်ငံက ဖြစ်ပါတယ်။

၂။ Denmark နိုင်ငံ

ကမ္ဘာပေါ်တွင် EVs ကားအများဆုံးအသုံးပြုသော ၅ နိုင်ငံ 2

၂၀၁၅ ခုနှစ်တည်းက EV Cars ဝယ်ယူသူတွေအတွက် အခွန်ကို ၆၀%ထိ လျှော့ထားပေးပြီး နှစ်စဉ် အခွန်ဝင်ငွေကိုလည်း လျှော့ပေါ့ပေးထားပါတယ်။ လျှပ်စစ်အသုံးပြုမှုအတွက်လည်း အခွန်ကိုလည်း အများကြီးလျှော့ပေးထားပါတယ်။ EV ကားစျေးကွက်ထဲက ၃၉% က Denamark နိုင်ငံက ဖြစ်ပါတယ်။

၃။ Sweeden နိုင်ငံ

ကမ္ဘာပေါ်တွင် EVs ကားအများဆုံးအသုံးပြုသော ၅ နိုင်ငံ 3

ဆွီဒင်နိုင်ငံက EV Cars တွေကို ပြည်သူတွေများများသုံးစွဲနိုင်အောင် နှစ်စဉ်အခွန်ဝင်ငွေနှင့် အခြားအခွန်တွေကို လျှော့ပေးထားပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ၅၀% ထိသက်သာပြီး ကမ္ဘာပေါ်မှာ EV Cars သုံးစွဲမှု အများဆုံးထဲက နိုင်ငံလည်း ဖြစ်ပါတယ်။ EV Cars ဝယ်ယူသူစျေးကွက်ရဲ့ ၅၄% က ဆွီဒင်နိုင်ငံက ဖြစ်ပါတယ်။

၄။ Iceland နိုင်ငံ

ကမ္ဘာပေါ်တွင် EVs ကားအများဆုံးအသုံးပြုသော ၅ နိုင်ငံ 4

Iceland နိုင်ငံက ငါးနှစ်အတွင်းမှာ EV Cars ဝယ်ယူမှုအများဆုံးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်စွမ်းအင်ကိုလည်း သဘာ၀က ရယူပြီး ဆိုလာပြား၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်တွေနှင့် လည်ပတ်တာကြောင့် Green Energy အများဆုံး အသုံးပြုတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အခြားနိုင်ငံတွေနှင့် ယှဉ်ရင် လျှပ်စစ်ကားစျေးနှုန်းတွေကလည်း သက်သာပါတယ်။ Iceland က ကမ္ဘာပေါ်မှာ လျှပ်စစ်ကားအသုံးပြုမှု ဒုတိယအများဆုံးနိုင်ငံအနေနှင့် ရပ်တည်နေပါတယ်။ EV Cars ဝယ်ယူသူရဲ့ ၇၀% က Iceland နိုင်ငံကဖြစ်ပါတယ်။

၅။ Norway

ကမ္ဘာပေါ်တွင် EVs ကားအများဆုံးအသုံးပြုသော ၅ နိုင်ငံ 5

၂၀၂၃ ခုနှစ်မှာ ကမ္ဘာပေါ်မှာ လျှပ်စစ်ကားအသုံးပြုမှုအများဆုံးနိုင်ငံအဖြစ် Norway နိုင်ငံက ရပ်တည်နေပါတယ်။ ၁၉၉၀ ခုနှစ်လောက်ထဲက လျှပ်စစ်ကားတွေကို အသုံးပြုဖို့ အစိုးရကိုယ်တိုင် တိုက်တွန်းပါတယ်။ EV Car ဝယ်ရင် အခွန်ကင်းလွတ်ခွင့်ပါပေးထားပြီး သဘာ၀ပတ်ဝန်းကျင်ကို အရမ်းထိန်းသိမ်းတဲ့နိုင်ငံအဖြစ်လည်း နာမည်ကြီးပါတယ်။ EV Cars ဝယ်ယူသူတွေရဲ့ ၈၈% ကို Norway နိုင်ငံက နေရာယူထားပြီး ကမ္ဘာပေါ်တွင် EV Cars အသုံးပြုမှုအများဆုံး နိုင်ငံအနေနှင့် ရပ်တည်နေပါတယ်။

Exit mobile version