ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ

အင်အားအကြီးဆုံးနိုင်ငံလို့ပြောလိုက်တာနဲ့ အမေရိကန်၊ တရုတ် နှင့် ရုရှားနိုင်ငံတွေက ထိပ်တန်းသုံးနိုင်ငံဆိုတာ လူတိုင်းသိကြပါတယ်။ အခုပြောပြမယ့် နိုင်ငံတွေကတော့ ကမ္ဘာမှာအင်အားအကြီးဆုံးနှင့် ဩဇာအကြီးဆုံးအခြားနိုင်ငံတွေ ဖြစ်ပါတယ်။ သင်က အခြားနိုင်ငံတစ်ခုခုကို ရွှေ့ပြောင်းနေထိုင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အခုပြောပြမယ့် နိုင်ငံတွေကို ကြည့်စေချင်ပါတယ်။

The Netherlands

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 1

Netherlands နိုင်ငံက EU နှင့် NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာပထမဦးဆုံး လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ စီးပွားရေးလည်းကောင်းမွန်ပြီး အိမ်နီးချင်းနိုင်ငံတွေနှင့်လည်း သင့်မြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ International Criminal Court (ICC) နှင့် International Court of Justice (ICJ) ရဲ့ ရုံးချုပ်အခြေစိုက်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

Singapore

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 2

စင်ကာပူနိုင်ငံကတော့ အာရှတိုက်ထဲမှာ အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပညာရေးနှင့် တိုးတက်တဲ့စီးပွားရေးအရှိန်အဟုန်တွေကြောင့် အလုပ်လက်မဲ့အရမ်းနည်းတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ မကြာသေးမီကမှ Passport Power အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာတဲ့ စင်ကာပူနိုင်ငံက GDP မှာလည်း တိုးတက်လာတာကိုတွေ့ရပါတယ်။ သို့ပေမယ့် အနာဂတ်မှာ တိုးတက်လာတာနှင့်အတူ နေထိုင်စားသောက်မှု စရိတ်တွေကလည်း နေ့စဉ်နှင့်အမျှ မြင့်တက်နေတာကြောင့် စိုးရိမ်စရာလည်း ရှိပါတယ်။ ကမ္ဘာမှာ လုံခြုံမှုအရှိဆုံးနိုင်ငံ အဖြစ်လည်း လူသိများကြပါတယ်။

Sweden

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 3

လူ့အခွင့်အရေးကို အလေးပေးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခေါင်းဆောင်တွေကလည်း တော်ကြတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးတွေက နိုင်ငံအတွင်းမှာ Free ဖြစ်ပြီး ကမ္ဘာမှာနေထိုင်လို့အကောင်းဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။ EU အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

Qatar

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 4

Qatar နိုင်ငံက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းမှာ ပါဝင်တဲ့နိုင်ငံဖြစ်ပါတယ်။ ရေနံနှင့် သဘာ၀ဓါတ်ငွေ့ထွက်တဲ့နိုင်ငံဖြစ်တာကြောင့် နိုင်ငံဝင်ငွေကလည်း ကောင်းမွန်ပါတယ်။ လူဦးရေ သုံးသန်းထက်နည်းတဲ့ပမာဏသာရှိပေမယ့် ကောင်းမွန်ပြီးကြွယ်၀ချမ်းသာတဲ့ လူနေမှုအဆင့်အတန်းနဲ့ နေထိုင်နိုင်ကြပါတယ်။

Switzerland

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 5

နိုင်ငံကသေးပေမယ့် ကြွယ်၀အချမ်းသာဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်ပါတယ်။ တိတ်ဆိတ်ပြီး ငြိမ်းချမ်းလှတဲ့ သဘာ၀တောင်တန်းတွေနှင့် ရာသီဥတုတွေက ကမ္ဘာပေါ်ကလူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ပါတယ်။

Spain

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 6

စပိန်နိုင်ငံက EU, NATO နှင့် UN အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် EU က ငွေကြေးအရ ထောက်ပံ့ပေးခဲ့ပါတယ်။ သို့ပေမယ့် လူဦးရေရဲ့ လေးပုံတစ်ပုံက အလုပ်လက်မဲ့ဖြစ်နေကြပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေနှင့် သင့်မြတ်တာကြောင့် အလုပ်အကိုင်အခွင့်အလန်းတွေ ကြွယ်၀တဲ့နိုင်ငံဖြစ်ပါတယ်။

Australia

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 7

Australia နိုင်ငံက စီးပွားရေးရော၊ GDP အရရော ကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ပညာရေးအရလည်း ကောင်းမွန်တဲ့နိုင်ငံဖြစ်ပြီး အာရှတိုက်က လူငယ်တော်တော်များများ သွားရောက်ကြတဲ့နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က နိုင်ငံသားဖြစ်ဖို့အခွင့်အရေး လွယ်ကူပြီး ဒီနေ့ခေတ်မှာတော့ နိုင်ငံသားခံယူဖို့ ခက်ခဲတဲ့နိုင်ငံဖြစ်လာပါတယ်။ အင်အားကြီးနိုင်ငံများနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး နေထိုင်ဖို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

Canada

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 8

ကနေဒါနိုင်ငံက ကမ္ဘာပေါ်မှာစတုတ္ထအကြီးဆုံး လောင်စာဆီထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံက ကြွယ်၀ချမ်းသာတာကြောင့် လူနေမှုအဆင့်အတန်းမြင့်ပြီး အမေရိကန်နိုင်ငံနှင့်လည်း နီးစပ်ပြီး နေထိုင်လို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

India

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 9

India နိုင်ငံက ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နည်းပညာပိုင်းထွန်းကားရာ နိုင်ငံလည်းဖြစ်ပါတယ်။ အင်္ဂလိပ်စကားကို လူတိုင်းနီးပါးပြောဆိုနိုင်ပြီး စီးပွားရေးအရထွန်းကားရာ နိုင်ငံလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက နာမည်ကြီး ကုမ္ပဏီများပါ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Israel

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 10

Israel နိုင်ငံက သေးငယ်ပေမယ့် စစ်ရေးအရမှာ အင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပါလက်စတိုင်းနိုင်ငံနှင့် နယ်နိမိတ်ပြသနာရှိပေမယ့် စီးပွားရေးအရရော နိုင်ငံရဲ့ GDP မှာရော အခြားနိုင်ငံနှင့် ရင်ဘောင်တန်းနိုင်ပါတယ်။

United Arab Emirates

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 11

UAE နိုင်ငံက လောင်စာဆီအများဆုံးထွက်တဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ UAE ရဲ့ GDP က ဥရောပတိုက်က နိုင်ငံတွေရဲ့ GDP တွေနဲ့ယှဉ်လို့ရပါတယ်။ အလားတူ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ Saudi Arabia နိုင်ငံကလည်း UAE နှင့်အပြိိုင် စီးပွားရေးမှာ တူတဲ့နိုင်ငံဖြစ်ပါတယ်။

Japan

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 12

ဂျပန်နိုင်ငံက ကမ္ဘာမှာ စီးပွားရေးအရကောင်းမွန်တဲ့နိုင်ငံတွေထဲမှာ တတိယနိုင်ငံအဖြစ်ရပ်တည်ပါတယ်။ ကောင်းမွန်တဲ့အရည်အသွေးတွေနှင့် ကုန်ပစ္စည်းတွေကြောင့် နာမည်ကြီးတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာရဲ့အင်အားအကြီးဆုံးစာရင်းထဲမှာ နေရာမပြောင်းပဲ ရပ်တည်နေတဲ့နိုင်ငံဖြစ်ပါတယ်။ တိုးတက်လာတဲ့ စီးပွားရေးနှင့်အတူ ဂျပန်လူမျိုးတွေက လူဦးရေမွေးဖွားမှုနှုန်းကျဆင်းလာပြီး သက်ကြီးရွယ်အိုတွေသာ တိုးပွားလာနေပါတယ်။ ဒါကြောင့် အနာဂတ်မှာ လူဦးရေမွေးဖွားမှုနှုန်းတိုးဖို့ အရေးကြီးတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာလူမျိုးများ အများစုသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံကလည်း အလားတူ ဂျပန်နိုင်ငံနှင့် ဆင်တူတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

Germany

ကမ္ဘာပေါ်က အင်အားအကြီးဆုံးနိုင်ငံများ 13

Germany နိုင်ငံက အိမ်နီးချင်းကိုးနိုင်ငံနှင့် ထိစပ်နေပြီး စီးပွားရေးကောင်းမွန်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ UN, EU နှင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး လူမှုရေးအရ အကောင်းမွန်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ အထူးသဖြင့် ကမ္ဘာပေါ်က ဒုက္ခသည်အများစုကို ကယ်တင်တဲ့နေရာမှာ နာမည်ကြီးပါတယ်။

ဖော်ပြပါနိုင်ငံတွေထဲမှာ အားသာချက်နှင့် အားနည်းချက်တွေ ရှိကြပါတယ်။ နိုင်ငံတစ်နိုင်ငံ ကောင်းမွန်သာလွန်ခြင်းကို ကြွယ်၀ချမ်းသာမှုရှိရုံသက်သက်နှင့် တိုင်းတာလို့မရပါဘူး။ ဥပမာ အချို့နိုင်ငံတွေက ကြွယ်၀ချမ်းသာကြပေမယ့် ကုန်ကျစရိတ်တွေ မြင့်လွန်းတာကြောင့် အိမ်ခြေရာမဲ့အများကြီးကိုလည်း တွေ့ရတတ်ပါတယ်။ အချို့နိုင်ငံတွေက ငွေကြေးအရ ကြွယ်၀မချမ်းသာပေမယ့် လုံခြုံမှုရှိပြီး နေထိုင်စရာကောင်းတာကို တွေ့ရတတ်ပါတယ်။

Exit mobile version