ကမ္ဘာကြီးလည်ပတ်နေအောင် ဘယ်စွမ်းအင်အရင်းအမြစ်ကို အသုံးပြုကြလဲ

၂၀၂၂ ခုနှစ်က လျှပ်စစ်စွမ်းအင်အသုံးပြုမှုက တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တွေထက် ၂.၃% တိုးလာတာကို တွေ့ရပါတယ်။ ဖော်ပြပါ Infograhpic မှာဆိုရင်တော့ ကမ္ဘာကြီးရဲ့ စွမ်းအားအရင်းအမြစ်ကို တွေ့ရမှာပါ။

စွမ်းအားအရင်းအမြစ်ပြ Infographic

ကျောက်မီးသွေးက ယခင်ရထားခေတ်တွေထဲက ယခုချိန်ထိအသုံးပြုနေပြီး ယနေ့ထိိတိုင်အောင် ကြီးမားတဲ့လျှပ်စစ်စွမ်းအားအရင်းအမြစ် တစ်ခုဖြစ်နေဆဲပါ။ ရာခိုင်နှုန်းအနေနှင့် ဖော်ပြရမယ်ဆိုရင်တော့ ကမ္ဘာကြီးရဲ့ ၃၅.၄% က ကျောက်မီးသွေးစွမ်းအင်အရင်းအမြစ်ပေါ် မှီခိုနေရပြီး ၂၂.၇% က သဘာ၀ဓါတ်ငွေ့အပေါ် မှီခိုနေရပါတယ်။ ကျန်တဲ့ ၁၄.၉% က ဟိုက်ဒရိုအီလက်ထရစ် စွမ်းအင်အပေါ်မှီခိုအားထားနေရပါတယ်။ ကမ္ဘာကြီးရဲ့ သုံးပုံတစ်ပုံလျှပ်စစ်စွမ်းအင်ကို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က အသုံးပြုနေကြပါတယ်။ အဓိကလျှပ်စစ်စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေးဆီက တစ်ဆင့်လျှပ်စစ်စွမ်းအင်ကို ရယူကြတာဖြစ်ပါတယ်။

နယူကလီးယားက တစ်ဆင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးဖို့အတွက် အဓိကဆိုးကျိုးကတော့ နယူကလီးယားဓါတ်ငွေ့က လူတွေအတွက် အရမ်းအန္တရာယ်များလို့ပါပဲ။ ကျောက်မီးသွေးရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်အများဆုံး ထုတ်လွှတ်နိုင်ပြီး သဘာ၀ပတ်ဝန်းကျင်အတွက်လည်းဆိုးကျိုးများပါတယ်။ သို့ပေမယ့် Renewable Energy ဖြစ်တဲ့ ဆိုလာစွမ်းအင်၊ လေစွမ်းအင်တို့အပေါ်အမြဲတမ်းမှီခိုအားထားနေလို့ မရနိုင်တာကြောင့်ပါ။ အိမ်သုံးလျှပ်စစ်နှင့် အခြားသော လုပ်ငန်းအသေးတွေအတွက် ဆိုလာစွမ်းအင်နှင့် လေစွမ်းအင်က လုံလောက်ပေမယ့် အမြဲတမ်းလည်ပတ်နေရမယ့် စက်ရုံတွေက အမြဲတမ်းအဆင်သင့်ရှိနေမယ့် လျှပ်စစ်စွမ်းအင်အပေါ် မှီခိုအားထားမှ ဖြစ်နိုင်မှာပါ။ တစ်ခုတည်းသော နည်းလမ်းကတော့ ကျောက်မီးသွေးတွေအပေါ် မှီခိုအားထားမှပဲ ဖြစ်နိုင်မှာပါ။

Exit mobile version