ကမ္ဘာကြီးရဲ့ အပြင်ဖက်မှ satellite ပုံရိပ်က မြင်တွေ့ရတဲ့ မြောက်များစွာသော Tesla ကားများ

Tesla ကားက လျှပ်စစ်ကားတွေထဲမှာ အကောင်းဆုံးကားလို့ လူသိများပြီး စက်ရုံမှလည်း အမြောက်အများထုတ်လုပ်ထားပါတယ်။ ယခုအချိန်မှာတော့ ကားအမြောက်အများကို ထုတ်လုပ်ထားတာကြောင့် ကားတွေအစုလိုက်အပြုံလိုက် ထားမယ့်နေရာပါ နည်းနေတာကိုမြင်တွေ့ရပါတယ်။ ကားတွေအမြောက်အများ ရောင်းရပေမယ့် ထုတ်လုပ်ထားတဲ့အရေအတွက်လည်း များလာတာကြောင့် Model-Y အမျိုးအစားကိုပါ စျေးချပြီးရောင်းနေပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ လအစောပိုင်းမှာ ကားအစီးရေပေါင်း ၄၃၃၃၇၁ စီးပေါင်း ထုတ်လုပ်ခဲ့ပြီး ၃၈၆၈၁၀ ကိုတော့ ရောင်းချပြီးပြီဖြစ်ပါတယ်။ ဆိုလိုတာကတော့ အစီးရေပေါင်း ၄ သောင်းကျော် ကို မရောင်းရသေးဘူးလို့ အဓိပ္ပါယ်ရပါတယ်။ အခုလိုဖြစ်ရခြင်းက EV ကားတွေရောင်းအား ကျဆင်းလာမှုကြောင့်ဖြစ်ပြီး Tesla လည်း ဒီစျေးကွက်မှာ ရောင်းအားအနည်းငယ် ရပ်တန့်သွားခြင်းဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ အပြင်ဖက်မှ satellite ပုံရိပ်က မြင်တွေ့ရတဲ့ မြောက်များစွာသော Tesla ကားများ 1

Satellite ပုံရိပ်ထဲက မြင်တွေ့ရတဲ့ Tesla ကားပေါင်း ထောင်ကျော်က ဘာအမျိုးအစားတွေလဲဆိုတာ မေးခွန်းတွေထုတ်နေကြပါတယ်။ SkyFi လို့ခေါ်တဲ့ satellite ပုံရိပ်တွေအရ Tesla ကားတွေကို ဘယ်နေရာမှာ သိုလှောင်ထားလဲဆိုတာလည်း အဖြေထွက်လာခဲ့ပါတယ်။ Tesla ကားတွေကို ထုတ်လုပ်တဲ့ Texas Gigafactory စက်ရုံက ပုံတွေအရ ၂၀၂၃ ခုနှစ်ကပုံနဲ့ ၂၀၂၄ ခုနှစ်ကပုံတွေ အတော်ကွာနေတာကိုတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်ကပုံမှာ ကားတွေအမြောက်အများ တန်းစီပြီး ရပ်ထားတာကို တွေ့ရပါတယ်။ St.Louis’s Chesterfield Mall ရဲ့ အပြင်ဖက်မှာ Tesla ကားတွေ အမြောက်အများကိုလည်း တွေ့ရှိရပါတယ်။ လေ့လာတွေ့ရှိချက်အရ သုံးသပ်သူတွေကတော့ Tesla ကားတွေက အရင်ကလို ရောင်းအားမရှိတော့တာကြောင့် အစီးရေအတွက် အများကြီးပုံနေတယ်လို့လည်း ဆိုပါတယ်။

Exit mobile version