YouTube မှာ Video များကို AI နည်းပညာအသုံးပြုပြီး တစ်ခြားဘာသာစကားများဖြင့် အသံသွင်းနိုင်ပြီ

YouTube မှာ မိမိဖန်တီးထားတဲ့ Video Content များကို Original Audio အပြင် မိမိလိုချင်တဲ့ တစ်ခြားဘာသာစကားများကိုပါ Audio Translate ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Company က Google ရဲ့ Area 120 Incubator မှ AI-Power သုံး Dubbing Service ဖြစ်တဲ့ Aloud နဲ့ ပူးပေါင်းကာ YouTube Video တွေအတွက် Audio Dub လုပ်ငန်းစဉ်များလုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

YouTube ရဲ့ AI-Power သုံး Dubbing Service

အပေါ်မှာပြထားတဲ့ Video က Aloud ရဲ့ YouTube Channel မှာ တင်ထားတဲ့ Video Dubbing အလုပ်လုပ်ပုံကို ရှင်းပြထားတာဖြစ်ပါတယ်။ လောလောဆယ်တော့ Aloud ရဲ့ AI ပါဝါသုံး Dubbing Service မှာ အင်္ဂလိပ်၊ စပိန်နှင့် ပေါ်တူဂီဘာသာစကား ၃ မျိုးကိုသာပြောင်းလဲလို့ ရနိုင်သေးတာဖြစ်ပြီး နောက်ပိုင်းမှတော့ တစ်ခြားဘာသာစကားများကိုပါ ပြောင်းလဲလို့ ရမှာဖြစ်တယ်လို့ သိရှိရပါတယ်။ နောက်ပြီး Youtube က သီချင်းများကို မူရင်းဖန်တီးသူရဲ့ အသံအတိုင်း မိမိနှစ်သက်ရာ ဘာသာစကားဖြင့် နားထောင်နိုင်ရန် Ai Generated Tool များကိုလုပ်ဆောင်လျှက်ရှိပြီး လာမယ့်နှစ်မှာ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်းသိရှိရပါတယ်။ Aloud ရဲ့ result တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုရင်တော့ Amoeba Sisters channel ရဲ့ (Video တစ်ခုမှာ ) Original English Audio အပြင် Spanish dub နဲ့ပါ ကြည့်ရှူလို့ရတာကို တွေရမှာဖြစ်ပါတယ်။

Exit mobile version