Yahoo နည်းပညာကုမ္ပဏီကြီးကလည်း ဒီနှစ်အတွင်းမှာ ကြော်ငြာလုပ်ငန်းနဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်မှာဖြစ်လို့ ဝန်ထမ်း၂၀% လျော့မှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၃ ကတော့ တကယ့်ကို ဝန်ထမ်းလျော့တဲ့နှစ်ပါပဲ။
Yahoo ရဲ့ ပြောခွင့်ရသူမှ ပြောပြချက်အရ Yahoo ဟာ ကြော်ငြာနှင့် ဆိုင်သော နည်းပညာဌာနခွဲနှင့် Yahoo for Business နှစ်ခုကို ပေါင်းကာ Yahoo Advertising ဆိုပြီး ပြောင်းလဲတော့မှာ ဖြစ်တာကြောင့် ဒီနှစ်အတွင်းမှာ ၅၀% သော ဌာနခွဲတွေကို လျော့သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒီအပတ်ထဲမှာတော့ ၁၀၀၀ နည်းပါးကို လျော့လိုက်ပြီးဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူခဲ့ပါဘူး၊ ဒါပေမယ့် ဒီအပြောင်းအလဲဟာ ရိုးရှင်းပြီးတော့ ကျွန်တော်တို့ရဲ့ ကြော်ငြာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအတွက် ရေရှည်မှာ ပိုပြီးအားကောင်းလာမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ စားသုံးသူများနဲ့ မိတ်ဖက်များကို ပိုကောင်းတဲ့ အရာတွေ ပေးနိုင်မှာဖြစ်ကြောင်း ပြောခွင့်ရသူက ပြောခဲ့ပါသေးတယ်။
Yahoo ရဲ့ CEO Jim Lanzone ကတော့ ဒီအပြောင်းအလဲဟာ ကုမ္ပဏီအတွက် များစွာအကျိုးရှိကြောင်းနှင့် ကုမ္ပဏီကို ရှေ့ဆက်ဖို့အတွက် အခြားသော အကျိုးအမြတ်ရှိတဲ့ စီးပွားရေးနယ်ပတ်တွေမှာ ရင်းနှီးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Yahoo ဟာ သူတို့ လျော့သွားမယ့် ဝန်ထမ်းအရည်အတွက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် ဒီသတင်းကို သွားရောက် စုံစမ်းခဲ့တဲ့ CNN သတင်းထောက် Axios ပြောပြမှုအရ Yahoo ဟာ ဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ကို လျော့သွားနိုင်တယ်လို့ သိရပါတယ်။
Discussion about this post