Tesla ရဲ့ Model 3 ကို White Hat Hacker အဖွဲ့မှ Hack ပြ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ Zero Day က ဦးစီးကျင်းပခဲ့တဲ့ Hacker ပြိုင်ပွဲ Pwn2Own 2023 မှာ Cybersecurity ကုမ္ပဏီ Synacktiv ရဲ့ White Hat Hacker လို့ နာမည်ပေးထားတဲ့ သုတေသီအဖွဲ့က Tesla ရဲ့ Model 3 ကို အသုံးပြုပြီး Tesla ကားရဲ့ စနစ်ကို Hack ပြခဲ့ပါတယ်။

အဆိုပါပွဲအပြီး White Hat Hacker အဖွဲ့ဟာ Tesla ကားရဲ့ စနစ်ကို ပထမဦးဆုံး ချိုးဖောက်နိုင်ခဲ့တဲ့ Hacker အဖွဲ့တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို ဆုကြေး ဒေါ်လာ ၃သိန်းခွဲကို ရရှိခဲ့ပါတယ်။ White Hat Hacker အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ကလည်း Tesla လိုမျိုး လျှပ်စစ်ကား(၂၅)မျိုးရဲ့ စနစ်ကို Hack ပြခဲ့သေးတယ်လို့ သိရပါတယ်။

Tesla has been hacked by white hat hackers

White Hat Hacker အဖွဲ့ဟာ Model 3 ရှိ Tesla ကားနှင့် Tesla Powerwalls စနစ်ကို ချိတ်ဆက်ပေးထားတဲ့ Tesla Gateway စနစ်ကို ချိုးဖောက်ကာ ကားတစ်စီးလုံးကို ထိန်းချုပ်ပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Tesla ကလည်း သူတို့ရဲ့ အားနည်းချက်ကို ချပြခဲ့တဲ့ White Hat Hacker အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ထိုအားနည်းချက်ကို အကောင်းဆုံးပြင်ဆင်မှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

Exit mobile version