WhatsApp မှာ ပို့လိုက်တဲ့ Message တွေကို ပြန်ပြင်လို့ရပြီ

WhatsApp မှာ ပို့လိုက်တဲ့ Message တွေကို ပြန်ပြင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း WhatsApp က ထုတ်ပြန်ထားပါတယ်။

WhatsApp အသုံးပြုတွေ အလိုချင်ဆုံး Feature ဖြစ်တဲ့ Message ပြန်ပြင်ခွင့်ကို WhatsApp က ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ကျွန်တော်တို့ ပို့လိုက်တဲ့ စာမှားသွားလို့ဖြစ်စေ၊ စိတ်ပြောင်းသွားလို့ ဖြစ်စေ ပြန်ပြင်ချင်ရင် ပြင်မယ့်စာသားပေါ်မှာ နည်းနည်းကြာကြာဖိထားပေးလိုက်ပါ။ အဲလိုဖိထားလိုက်ရင် ဖျက်မှာလား၊ ပြင်မှာလား အစရှိတာတွေကို ပြုပြင်လို့ရမယ့် Menu လေးကျလာမှာဖြစ်ပါတယ်။ အဲဒီ Menu ထဲမှာ ဘယ်လိုပြုပြင်ချင်လဲ ရွေးချယ်ကာ စာသားကို ပြုပြင်လို့ရမှာ ဖြစ်ပါတယ်။ ပြုပြင်လိုက်တဲ့ History လည်း ကျန်ခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စာသားကို ပို့ပြီး ၁၅ မိနစ်အတွင်းမှာပဲ ပြုပြင်လို့ရမယ်လို့ WhatsApp က ပြောထားပါတယ်။

Message ပြုပြင်တဲ့ Feature ဟာ WhatsApp နဲ့ အပြိုင်ဖြစ်တဲ့ Telegram နဲ့ Signal အစရှိတဲ့ App တွေမှာ ထည့်သွင်းပေးထားတာ ကြာပြီဖြစ်လို့ WhatsApp က ထည့်သွင်းပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ WhatsApp ရဲ့ ပြောထားမှုအရ ဒီ Feature ကို နောက်အပတ်အတွင်းမှာ တစ်ကမ္ဘာလုံးက အသုံးပြုသူတွေအားလုံး အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

Exit mobile version