Virtual Reality (VR) စျေးကွက်နှင့် အနာဂတ် နည်းပညာလောက

VR ရဲ့ အရှည်ခေါက်က Virtual Reality ဖြစ်ပြီး သူ့ကိုအသုံးပြုဖို့ Headset တစ်ခုလိုဝတ်ဆင်ရပြီး သင်လုပ်ချင်တဲ့ အလုပ်(သို့) game တွေကို ဆော့နိုင်တာဖြစ်ပါတယ်။ VR ကို ဝတ်ဆင်လိုက်ရုံနှင့် သင်က ကမ္ဘာတစ်ခုကို ရောက်ရှိသွားသလိုခံစားရမှာဖြစ်ပါတယ်။ လက်ရှိ နည်းပညာ companies ကြီးတွေမှာ VR ကို အရမ်းကြိုးစားနေတဲ့ တစ်ခုတည်းသော company ကတော့ Meta ဖြစ်ပါတယ်။ CEO ဖြစ်တဲ့ Mark Zuckerberg ရဲ့အိမ်မက်က VR စျေးကွက်ကို သိမ်းပိုက်ချင်တာဖြစ်ပြီး အင်တာနက်မှာ အသုံးပြုလို့ရတဲ့အရာမှန်သမျှကို VR Headset ထဲမှာ ထည့်သုံးချင်တာဖြစ်ပါတယ်။ Meta က ထုတ်လုပ်ထားတဲ့ VR Headsets ကိုတော့ Quest လို့အမည်ပေးထားပြီး ယခုဆိုရင်တော့ သုံးခုမြောက် Headsets ထိ ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။

Mark Zuckerberg က Quest project အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံထားပြီး ယနေ့ချိန်ထိတော့ ထိထိရောက်ရောက် အသုံးပြုသူက တိုးတက်လာမှုအရမ်းနည်းပါးနေပါတယ်။ ၂၀၂၂ ခုနှစ်မှာ Company နာမည်ကို Meta လို့ ပြောင်းလဲပြီးတည်းက VR Headset ပရောဂျက်အတွက် ကုန်ကျငွေ ၂၅ ဘီလီယံကျော် အရှုံးပေါ်နေပြီ ဖြစ်ပါတယ်။ Developer Conference ပွဲမှာ တာဝန်ရှိတဲ့ CTO, Andrew Bosworth က Meta ရဲ့ လှမ်းနေတဲ့ ခြေလှမ်းတွေကို ပြောကြားခဲ့ပါတယ်။

Meta ရဲ့ Quest 3 မိတ်ဆက်ပွဲမှာတွေ့ရတဲ့ CTO, Andrew Bosworth

“အနာဂတ်မှာ ဖြစ်ပေါ်လာမယ့်နည်းပညာအသစ်တွေအတွက် လောင်းကြေးထပ်ရတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ အလုပ်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာလည်း မသေချာပါဘူး။ သို့ပေမယ့် အဲ့ဒီအရာကို စွဲစွဲမြဲမြဲကြိုးစားလုပ်နေတာက company တစ်ခုရဲ့တန်ဖိုးလည်း ဖြစ်ပါတယ်။” — Andrew Bosoworth

အခြား company ဖြစ်တဲ့ Sony ကလည်း Playstation အတွက် VR2 headset ကို မိတ်ဆက်ခဲ့ပါတယ်။ စျေးကွက်ထဲမှာတော့ အများဆုံးနေရာကို ယူထားတာတော့ Meta ပဲဖြစ်ပါတယ်။ ထို့နည်းတူ Apple ကလည်း VR Headset ဖြစ်တဲ့ Vision Pro ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ သို့ပေမယ့် VR Headset စျေးကွက်မှာတော့ Meta ကို မမှီကြသေးပါဘူး။ အောက်တိုဘာလက မိတ်ဆက်ခဲ့တဲ့ Meta ရဲ့ Quest 3 VR က ဒေါ်လာ ၄၉၉ နဲ့စတင်ရောင်းချခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်နဲ့နှိုင်းယှဉ်ရင်တော့ ရောင်းအား အနည်းငယ်တိုးလာတာကို တွေ့ရပါတယ်။

လက်တွေ့ VR Headset ရဲ့ အသုံးဝင်မှု

Virtual Reality (VR) စျေးကွက်နှင့် အနာဂတ် နည်းပညာလောက 1

VR Headset ကို လူတွေအများစု အသုံးပြုဖို့အတွက်က လိုအပ်ချက်တစ်ခု ရှိကိုရှိမှ လူတွေစိတ်ဝင်စားလာနိုင်ပါတယ်။ ဂိမ်းဆော့ဖို့နှင့် ဖျောဖြေရေးအတွက် အသုံးပြုဖို့ဆိုရင်တော့ အချိန် ဆယ်နှစ်အတိုင်းအတာတစ်ခုကို စိတ်ရှည်စွာစောင့်ဖို့ လိုပါတယ်။ ထို့အပြင် Developers တော်တော်များများကလည်း VR Headset အတွက် Apps တွေများများ ထုတ်လုပ်ဖို့ လိုပါတယ်။ Apple က ရောင်းချတဲ့ Vision Pro က ဒေါ်လာ ၃၀၀၀ ကျော်လောက် ရှိပါတယ်။ ဖုန်းနှင့် ကွန်ပျူတာတွေက လက်ရှိလူတွေရဲ့ နေ့စဉ်ဘ၀မှာ အသုံးဝင်ပြီး သုံးလို့ရတဲ့အခါ လူတွေက တန်ဖိုးဘယ်လောက်မြင့်မြင့် ဝယ်ယူကြပါတယ်။ VR headset ပေါ်လာတဲ့အချိန်က နှစ်အတိုင်းအတာ တစ်ခုရှိနေပေမယ့် အသုံးပြုတဲ့လူတွေက အများကြီး မတိုးတက်လာပါဘူး။ အဓိကအချက်ဖြစ်တဲ့ လူတွေရဲ့ နေ့စဉ်ဘ၀ကို ကူညီပေးနိုင်မယ့် အရာတွေကို ကူညီပေးလာနိုင်ရင်တော့ VR Headset စျေးကွက်က တွင်ကျယ်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဟုန်ထိုး တိုးတက်လာတဲ့ AI အကူအညီနှင့် ပေါင်းစပ်လိုက်ရင်တော့ VR Headset တွေကို နေရာတိုင်းမှာ လူတွေမြင်တွေ့လာနိုင်ပါတယ်။

Exit mobile version