Instagram ရဲ့ Twitter ပြိုင်ဘက် Thread App ကို ဇူလိုင်လ (၆) ရက်နေ့မှာ စတင်အသုံးပြုနိုင်မည်

Threads လို့ခေါ်တဲ့ Twitter ရဲ့ ပြိုင်ဘက် Thread App ကို Meta က ဖန်တီးထားတာဖြစ်ပြီး ဇူလိုင်လ (၆) ရက်နေ့မှာ Apple App Store နှင့် Google Play Store တွင် Free Download လုပ်နိုင်မယ်လို့ သိရပါတယ်။

Instagram App ရဲ့ Search Bar မှာ Thread လို့ ရိုက်ရှာလိုက်ရင် Search Bar ရဲ့ ညာဘက်ထောင့်မှာ အနီရောင် ကဒ်ပုံလေးပေါ်လာမှာ ဖြစ်ပြီး ၎င်းကဒ်အနီရောင်ကို နှိပ်လိုက်ရင် လည်နေတဲ့ Ticket တစ်ခုကို မြင်ရမှာ ဖြစ်ပါတယ်။ Ticket ပေါ်မှာ မြင်ရမှာကတော့ Thread ကို ထုတ်လုပ်မယ့်နေ့၊ အချိန်နဲ့ Thread ရဲ့ Link ကို QR Code အနေနဲ့ တွေ့ရမှာဖြစ်ပြီး အပေါ်ဆုံးမှာလည်း Countdown ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း App Store နဲ့ Google Store တို့မှာ Thread ရဲ့ Screenshots တွေကို မြင်တွေ့ရမှာဖြစ်ပြီး ၎င်း Screenshots တွေမှာ Instagram နဲ့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာရယ် Instagram ပေါ်မှာ Follow လုပ်ထားသူများကို Thread မှာ ဘယ်လို ရှာဖွေရမလဲဆိုတာတွေကို ဖော်ပြထားကြောင်း တွေ့ရပါတယ်။ Twitter ကလည်း ဒီလအစပိုင်းမှာ Register မလုပ်ထားသူများကို စတင် Block လာတာဖြစ်လို့ Thread ပေါ်ကို လူတွေရဲ့ စိတ်ဝင်စားမှု ရောက်နေကြပါတယ်။ သို့ပေမယ့် Thread ဟာ ဘယ်လောက်အထိ အသုံးဝင်မလဲ Twitter ထပ်ပိုပြီး အောင်မြင်လာနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version