Twitter ကဖေဖော်ဝါရီ ၁၇ရက်နေ့တွင် two-factor authentication ကို တစ်လ 8$ ဖြင့် Blue Member များသာ အသုံးပြုလို့ရတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပြီး ဒီနေ့မှာတော့ Non Blue Member များက 2FA စနစ်ကို အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ two-factor authentication မခံထားဘူးဆိုရင် မိမိရဲ့ အကောင့် hack ခံရတဲ့ အခါ ကြိုတင်သတိပေးစာတွေ ရတော့မှာမဟုတ်ပါဘူး။

Non Member များကတော့ Blue Member ဝင်မှသာ Twittert 2FA စနစ်ကို ပြန်လည်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Non Blue Member များအတွက် Authy, Google Authenticator, and Microsoft Authenticator တို့လို one-time passwords (OTP) တွေနဲ့ ခံသုံးလို့ရပါတယ်။ Twitter အကောင့်ကို အသုံးပြုသူများ အတွက်တော့ Blue Member ဝင်ရင်ဝင် မဝင်ရင် တစ်ခြား Authenticator apps တွေအသုံးပြု သင့်ပါတယ်။
Discussion about this post