မကြာသေးမှီက Twitter ဟာ ယခုနှစ် အစောပိုင်းမှာ Security Incident တစ်ခုဖြစ်ပွားခဲ့ ကြောင်းကို ပြောကြားခဲ့ပါတယ်။ ၎င်း Security ချို့ယွင်းချက်ကို ဧပြီလမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး Twitter’s Circle feature မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။ Company က အဆိုပါ ပြဿနာ လျှင်မြန်စွာ ဖြေရှင်းခဲ့ပြီး ထိခိုက်နစ်နာသူတွေကိုလဲ တောင်းပန်စကားပြောကြားခဲ့ပါတယ်။
The Guardian News ကတော့ Twitter က Private Tweets များကို ဝင်ရောက်စွတ်ဖက်ခြင်းသည် Security ချို့ယွင်းချက်ကို ဖြစ်ပေါ်စေပြီး သုံးစွဲသူများကို ထိခိုက်စေနိုင်တယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။ အဆိုပါ Security ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့ပြီးနောက် Company က ပြဿနာရဲ့အရင်းမြစ်ကို တိတိကျကျဖော်ပြထားခြင်း မရှိပေမယ့် ပြဿနာကို လျင်မြန်စွာ ဖြေရှင်းလိုက်ပြီဖြစ်ကြောင်း သုံးစွဲသူများကို အာမခံချက်ပေးခဲ့ပါတယ်။ အဆိုပါဖြစ်ရပ် အတွက် နောင်တရကြောင်း ပြောကြားခဲ့ပြီး သုံးစွဲသူများရဲ့ Privacy Security ကို ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့လဲ ကတိပေး ပြောကြားခဲ့ပါတယ်။
Elon Musk က Twitter ကို ဝယ်ယူခဲ့တဲ့ အချိန်က စပြီး Company က နည်းပညာပိုင်းဆိုင်ရာ ပြဿနာများ စိန်ခေါ်မှုများကို အခုချိန်ထိရင်ဆိုင်နေရပါသေးတယ်။
Discussion about this post